ကိုယ့်ဘဝကိုယ် ရပ်တည်နေနိုင်တဲ့မိန်းကလေးတစ်ယောက် ပစ္စည်းဥစ္စာပြည့်စုံတဲ့ယောင်္ကျားကို စဉ်းစားတာထက် စိတ်ဓါတ်ပြည့်ဝတဲ့ယောင်္ကျားကို ရွေးချယ်တာသူမှန်တယ်။
ထက်မြတ်သွက်လက်တဲ့ မိန်းကလေးတစ်ယောက်သူ့ထက်ညံ့ဖျင်းတဲ့ယောင်္ကျားကို ရွေးချယ်တာထက် သူ့ထက်အရည်အချင်းသာတဲ့ ယောင်္ကျားကိုရွေးချယ်တာသူမှန်တယ်။
ဝမ်းနည်းအားငယ်တတ်တဲ့မိန်းကလေးတစ်ယောက် သူ့ကိုဥပေက္ခာပြုတဲ့ယောင်္ကျားကို ရွေးချယ်တာထက် သူ့ကိုတန်ဖိုးထားမူနဲ့ မြတ်နိုးတတ်တဲ့ယောင်္ကျားကိုရွေးချယ်တာသူမှန်တယ်။
ချို့တဲ့ဆင်းရဲတဲ့မိန်းကလေးတစ်ယောက် နွမ်းပါးပြီးလက်ကြောမတင်းတဲ့ယောင်္ကျားကိုရွေးချယ်တာထက် ကြိုးစားမှုနဲ့ တင့်တောင်းတင့်တယ်ထားနိုင်တဲ့ ယောင်္ကျားကိုရွေးချယ်တာသူမှန်တယ်။
ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက် ရက်စက်ကြမ်းကြုတ်တဲ့ယောင်္ကျားကို ရွေးချယ်တာထက်မေတ္တာတရားကြီးမားတဲ့ယောင်္ကျားကိုရွေးချယ်တာသူမှန်တယ်။
မိန်းမသားတွေရဲ့ဘဝမှာ အချစ်ဆိုတာဘဝရဲ့တစ်စိတ်တစ်ပိုင်းမှာပါဝင်ပေမယ့်ဘဝတစ်ခုကိုနှစ်ယောက်အတူထူထာင်ကြပြီဆိုရင် ရာထူးဂုဏ်ရှိန်စည်းစိမ်ဥစ္စာတွေထက်ကိုယ့်အပေါ်မြတ်နိုးယုယကြင်နာပြီးကိုယ့်ဘဝကို လုံခြုံမူအပြည့်အဝပေးနိုင်တဲ့သူမျိုးကိုသာ ဦးစားပေးရွေးချယ်ရမှာပါ။
မိန်းကလေးတိုင်း အလိမ္မာနဲ့အသိဉာဏ်ယှဉ်တွဲလို့ဆင်ခြင်တွတ်ချက်သုံးသပ်ပြီးမှ ဘဝအတွတ်ဆုံးဖြတ်ချက်ချသင့်ပါတယ်။
Nan Khin May Win
ကိုယ့္ဘဝကိုယ္ ရပ္တည္ေနနိုင္တဲ႕မိန္းကေလးတစ္ေယာက္ ပစၥည္းဥစၥာျပည့္စံုတဲ့ေယာက်ၤားကို စဥ္းစားတာထက္ စိတ္ဓါတ္ျပည့္ဝတဲ့ေယာက်ၤားကို ေရြးခ်ယ္တာသူမွန္တယ္။
ထက္ျမတ္သြက္လက္တဲ႕ မိန္းကေလးတစ္ေယာက္သူ႕ထက္ညံ႕ဖ်င္းတဲ့ေယာက်ၤားကို ေရြးခ်ယ္တာထက္ သူ႕ထက္အရည္အခ်င္းသာတဲ႕ ေယာက်ၤားကိုေရြးခ်ယ္တာသူမွန္တယ္။
ဝမ္းနည္းအားငယ္တတ္တဲ႕မိန္းကေလးတစ္ေယာက္ သူ႕ကိုဥေပကၡာျပဳတဲ့ေယာက်ၤားကို ေရြးခ်ယ္တာထက္ သူ႕ကိုတန္ဖိုးထားမူနဲ႔ ျမတ္နိုးတတ္တဲ႔ေယာက်ၤားကိုေရြးခ်ယ္တာသူမွန္တယ္။
ခ်ိဳ႕တဲ့ဆင္းရဲတဲ႕မိန္းကေလးတစ္ေယာက္ ႏြမ္းပါးျပီးလက္ေၾကာမတင္းတဲ႕ေယာက်ၤားကိုေရြးခ်ယ္တာထက္ ၾကိဳးစားမႈနဲ႕ တင့္ေတာင္းတင့္တယ္ထားနိုင္တဲ႕ ေယာက်ၤားကိုေရြးခ်ယ္တာသူမွန္တယ္။
ယဥ္ေက်းသိမ္ေမြ႕တဲ႕ မိန္းကေလးတစ္ေယာက္ ရက္စက္ၾကမ္းၾကဳတ္တဲ့ေယာက်ၤားကို ေရြးခ်ယ္တာထက္ေမတၱာတရားၾကီးမားတဲ႕ေယာက်ၤားကိုေရြးခ်ယ္တာသူမွန္တယ္။
မိန္းမသားေတြရဲ႕ဘဝမွာ အခ်စ္ဆိုတာဘဝရဲ႕တစ္စိတ္တစ္ပိုင္းမွာပါဝင္ေပမယ့္ဘဝတစ္ခုကိုႏွစ္ေယာက္အတူထူထာင္ၾကၿပီဆိုရင္ ရာထူးဂုဏ္႐ွိန္စည္းစိမ္ဥစၥာေတြထက္ကိုယ့္အေပၚျမတ္ႏိုးယုယၾကင္နာၿပီးကိုယ့္ဘဝကို လံုျခံဳမူအျပည့္အဝေပးႏိုင္တဲ့သူမ်ိဳးကိုသာ ဦးစားေပးေရြးခ်ယ္ရမွာပါ။
မိန္းကေလးတိုင္း အလိမၼာနဲ႕အသိဥာဏ္ယွဥ္တြဲလို႕ဆင္ျခင္တြတ္ခ်က္သံုးသပ္ျပီးမွ ဘဝအတြတ္ဆံုးျဖတ္ခ်က္ခ်သင့္ပါတယ္။
Nan Khin May Win