“ဂုဏ်ယူစရာ ဘဝလေး”

“ဂုဏ်ယူစရာ ဘဝလေး”

ပီတိကိုစား အားရှိပါသည် ဆိုတဲ့စကား ငယ်ငယ်ကကြားဖူးခဲ့တယ်ကလေးဘဝ ကလေးအသိနဲ့ ကျွန်မအဲ့ဒီစကားကို အယုံအကြည်မရှိခဲ့ဘူး

ခုအဲ့ဒီစကားလေးဟာ ကျွန်မအတွက်သိပ်အဓိပ္ပာယ်ရှိသလို ကျွန်မ ပီတိတွေနဲ့ ခွန်အားဖြည့်ရင်း ရှေ့ဆက်တတ်နေပါပြီ ဘာလို့လဲဆိုတော့ အရွယ်နဲ့မလိုက်တဲ့ လောကဓံခါးခါးတွေကြားမှာ ကျွန်မယိုင်လဲမသွားအောင် ကိုယ့်ကိုယ်ကို အားပေးရင်း ဖတ်ခဲ့ဖူးတဲ့စာပေတွေရဲ့အသိတွေနဲ့ ရဲရင့်ခဲ့ရသူပါ ကျရှုံးချိန်မှာ အားပေးဖော်ဆိုတာလက်ငါးချောင်း မပြည့်ခဲ့ပါဘူး

ကျွန်မအရမ်းစိတ်ဓာတ်တွေကျခဲ့ဖူးတာပေါ့ Suicide လုပ်မိတော့မယ့်အထိ စိတ်ဓာတ်တွေကျခဲ့ဖူးပါတယ်”ငါ့ဘဝကြီး ဘာမှအဓိပ္ပာယ် မရှိတော့ဘူး” ဆိုပြီး ငိုလိုက် သမီးလေးအတွက်စိတ်မကောင်းတွေဖြစ်လိုက် ထမင်းမစားနိုင်ဘူး အဲ့ဒီအချိန်မှာ သမီးလေးက အမေနို့ တစ်မျိုးတည်းတိုက်နေရတဲ့ လသားလေး ကျွန်မ အစာမစားတော့ နို့အထွက်နည်းလာတယ်

အဲ့ဒီအချိန်မှာ ကျွန်မလေ ထမင်းတစ်ပန်းကန်ကုန်ဖို့ ဘာဟင်းပဲဖြစ်နေပါစေဘာအရသာမှ မရှိတော့တဲ့ ထမင်းဟင်းတွေကို ပါးစပ်ထဲထည့် ဝါးရင်းရေနဲ့မျောချခဲ့ရတယ်

ခုပြန်တွေးရင် ကျွန်မကိုကျွန်မ အရမ်းသနားတယ် အဲ့ဒီအခက်အခဲတွေကိုအားတင်းကျော်ဖြတ်ခဲ့ရတဲ့အချိန်မှာကျွန်မကို အားပေးသူဆိုတာ အရမ်းနည်းခဲ့ပါတယ် ကျွန်မကိုယ်ကျွန်မဘယ်အရာတွေနဲ့ အားပေးခဲ့ရလဲဆိုတော့ ကျွန်မကသီချင်းကြိုက်တယ်လေ သီချင်းလေးတွေနဲ့အားယူခဲ့ရတယ်

ကျွန်မနားထောင်ခဲ့တဲ့ ကျွန်မကို ခွန်အားတွေပေးခဲ့တဲ့ သီချင်းလေးတွေက မိစန္ဒီရဲ့ “ပစ်တိုင်းထောင်”ဦးခင်မောင်တိုးရဲ့ “ခွန်အားဖြည့်မိငယ်” ပိုပိုရဲ့ “ရွှေရောင် အနာဂတ်”အဲ့ဒီသီချင်းလေးတွေနဲ့ခွန်အားပြည့်ခဲ့ရသူပါ

ဒါကြောင့် ကျွန်မနဲ့ဘဝတူSM တွေကို ကျွန်မနှလုံးသားထဲကအရမ်းကိုစာနာမိတာပါ ဒါကြောင့်Motivate ဖြစ်စေမယ့် စာတွေရေးနေခဲ့တာပေါ့

ကျွန်မနေမကောင်းတဲ့အချိန်ကလွဲရင်မအားလွန်းခဲ့တဲ့နေ့တွေမှာတောင် ညဘက် အိပ်ချိန်တွေထဲက အချိန်လေးတွေဖဲ့ပြီးကျွန်မစာရေးနေခဲ့တာ

ကျွန်မရဲ့ ညီအစ်မတွေကို စိတ်ဓာတ်မကျစေချင်လို့ပါ စိတ်ဓာတ်ကျတဲ့ဝေဒနာ ကိုယ်တိုင်ခံစားဖူးသူမို့ ရင်နဲ့ရင်းပြီးစာနာတတ်ပါတယ် ကျွန်မရေးလိုက်တဲ့စာလေးတွေဟာ တစ်ဦးတစ်ယောက် အတွက် ခွန်အားရှိစေမယ်ဆိုရင် ကျွန်မအတွက် ပီတိစစ်စစ်လေးတွေပါ comment မှာ “အားရှိလိုက် တာ ခွန်အားဖြစ်စေတယ်”ဆိုတဲ့Comment လေးတွေဖတ်ရတိုင်းကျွန်မရင်မှာ အတိုင်းမသိတဲ့ ပီတိလေးတွေ ဖြစ်ရပါတယ် အဲ့ဒီပီတိတွေနဲ့အတူ ကြည်နူးခြင်းတွေနဲ့ပိုပြီးနေရတာပျော်လာတယ်

အဲ့ဒါကြောင့်အမြဲစာတွေရေးနေပါမယ်နော် ညီအစ်မ အပေါင်း Fighting ပါ ကျွန်မတို့တွေဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်တဲ့ပုခက်လည်းလွှဲ စီးပွားလည်းရှာ အရာရာကို ကိုယ်တိုင်ဆုံးဖြတ် ရဲရင့်တဲ့သူတွေဖြစ်နေကြပြီလေ

ဘာများအားငယ်စရာရှိလို့လဲ တခြားအိမ်ထောင်ရှင်မိန်းမတွေက ကဲ့ရဲတယ်တဲ့လား သူတို့ကျွန်မတို့လို တစ်ရက်ပဲရုန်းကြည့်ရူးတောင်သွားဦးမယ် ကျွန်မတို့ရောက်နေတဲ့နေရာက တော်ရုံမိန်းမသား ဖျားသွားလောက်တဲ့အခက်အခဲတွေကို ရုန်းကန်ရင်ဆိုင် ကျော်ဖြတ်နေကြရတာမို့ SM ဆိုတာ အားငယ်စရာသိမ်ငယ်စရာ ဘဝမဟုတ်ပါဘူးနော်

တကယ်တော့ ဂုဏ်ယူစရာတွေပြည့်နှက်နေတဲ့ ဘဝလေးပါ အားလုံး fighting

Myint Mo Thi Har

“ဂုဏ္ယူစရာ ဘဝေလး”

ပီတိကိုစား အားရွိပါသည္ ဆိုတဲ့စကား ငယ္ငယ္ကၾကားဖူးခဲ့တယ္ကေလးဘဝ ကေလးအသိနဲ႔ ကြၽန္မအဲ့ဒီစကားကို အယုံအၾကည္မရွိခဲ့ဘူး

ခုအဲ့ဒီစကားေလးဟာ ကြၽန္မအတြက္သိပ္အဓိပၸာယ္ရွိသလို ကြၽန္မ ပီတိေတြနဲ႔ ခြန္အားျဖည့္ရင္း ေရွ႕ဆက္တတ္ေနပါၿပီ ဘာလို႔လဲဆိုေတာ့ အ႐ြယ္နဲ႔မလိုက္တဲ့ ေလာကဓံခါးခါးေတြၾကားမွာ ကြၽန္မယိုင္လဲမသြားေအာင္ ကိုယ့္ကိုယ္ကို အားေပးရင္း ဖတ္ခဲ့ဖူးတဲ့စာေပေတြရဲ႕အသိေတြနဲ႔ ရဲရင့္ခဲ့ရသူပါ က်ရႈံးခ်ိန္မွာ အားေပးေဖာ္ဆိုတာလက္ငါးေခ်ာင္း မျပည့္ခဲ့ပါဘူး

ကြၽန္မအရမ္းစိတ္ဓာတ္ေတြက်ခဲ့ဖူးတာေပါ့ Suicide လုပ္မိေတာ့မယ့္အထိ စိတ္ဓာတ္ေတြက်ခဲ့ဖူးပါတယ္”ငါ့ဘဝႀကီး ဘာမွအဓိပၸာယ္ မရွိေတာ့ဘူး” ဆိုၿပီး ငိုလိုက္ သမီးေလးအတြက္စိတ္မေကာင္းေတြျဖစ္လိုက္ ထမင္းမစားႏိုင္ဘူး အဲ့ဒီအခ်ိန္မွာ သမီးေလးက အေမႏို႔ တစ္မ်ိဳးတည္းတိုက္ေနရတဲ့ လသားေလး ကြၽန္မ အစာမစားေတာ့ ႏို႔အထြက္နည္းလာတယ္

အဲ့ဒီအခ်ိန္မွာ ကြၽန္မေလ ထမင္းတစ္ပန္းကန္ကုန္ဖို႔ ဘာဟင္းပဲျဖစ္ေနပါေစဘာအရသာမွ မရွိေတာ့တဲ့ ထမင္းဟင္းေတြကို ပါးစပ္ထဲထည့္ ဝါးရင္းေရနဲ႔ေမ်ာခ်ခဲ့ရတယ္

ခုျပန္ေတြးရင္ ကြၽန္မကိုကြၽန္မ အရမ္းသနားတယ္ အဲ့ဒီအခက္အခဲေတြကိုအားတင္းေက်ာ္ျဖတ္ခဲ့ရတဲ့အခ်ိန္မွာကြၽန္မကို အားေပးသူဆိုတာ အရမ္းနည္းခဲ့ပါတယ္ ကြၽန္မကိုယ္ကြၽန္မဘယ္အရာေတြနဲ႔ အားေပးခဲ့ရလဲဆိုေတာ့ ကြၽန္မကသီခ်င္းႀကိဳက္တယ္ေလ သီခ်င္းေလးေတြနဲ႔အားယူခဲ့ရတယ္

ကြၽန္မနားေထာင္ခဲ့တဲ့ ကြၽန္မကို ခြန္အားေတြေပးခဲ့တဲ့ သီခ်င္းေလးေတြက မိစႏၵီရဲ႕ “ပစ္တိုင္းေထာင္”ဦးခင္ေမာင္တိုးရဲ႕ “ခြန္အားျဖည့္မိငယ္” ပိုပိုရဲ႕ “ေ႐ႊေရာင္ အနာဂတ္”အဲ့ဒီသီခ်င္းေလးေတြနဲ႔ခြန္အားျပည့္ခဲ့ရသူပါ

ဒါေၾကာင့္ ကြၽန္မနဲ႔ဘဝတူSM ေတြကို ကြၽန္မႏွလုံးသားထဲကအရမ္းကိုစာနာမိတာပါ ဒါေၾကာင့္Motivate ျဖစ္ေစမယ့္ စာေတြေရးေနခဲ့တာေပါ့

ကြၽန္မေနမေကာင္းတဲ့အခ်ိန္ကလြဲရင္မအားလြန္းခဲ့တဲ့ေန႔ေတြမွာေတာင္ ညဘက္ အိပ္ခ်ိန္ေတြထဲက အခ်ိန္ေလးေတြဖဲ့ၿပီးကြၽန္မစာေရးေနခဲ့တာ

ကြၽန္မရဲ႕ ညီအစ္မေတြကို စိတ္ဓာတ္မက်ေစခ်င္လို႔ပါ စိတ္ဓာတ္က်တဲ့ေဝဒနာ ကိုယ္တိုင္ခံစားဖူးသူမို႔ ရင္နဲ႔ရင္းၿပီးစာနာတတ္ပါတယ္ ကြၽန္မေရးလိုက္တဲ့စာေလးေတြဟာ တစ္ဦးတစ္ေယာက္ အတြက္ ခြန္အားရွိေစမယ္ဆိုရင္ ကြၽန္မအတြက္ ပီတိစစ္စစ္ေလးေတြပါ comment မွာ “အားရွိလိုက္ တာ ခြန္အားျဖစ္ေစတယ္”ဆိုတဲ့Comment ေလးေတြဖတ္ရတိုင္းကြၽန္မရင္မွာ အတိုင္းမသိတဲ့ ပီတိေလးေတြ ျဖစ္ရပါတယ္ အဲ့ဒီပီတိေတြနဲ႔အတူ ၾကည္ႏူးျခင္းေတြနဲ႔ပိုၿပီးေနရတာေပ်ာ္လာတယ္

အဲ့ဒါေၾကာင့္အၿမဲစာေတြေရးေနပါမယ္ေနာ္ ညီအစ္မ အေပါင္း Fighting ပါ ကြၽန္မတို႔ေတြဟာ ကမာၻကိုကိုင္လႈပ္ႏိုင္တဲ့ပုခက္လည္းလႊဲ စီးပြားလည္းရွာ အရာရာကို ကိုယ္တိုင္ဆုံးျဖတ္ ရဲရင့္တဲ့သူေတြျဖစ္ေနၾကၿပီေလ

ဘာမ်ားအားငယ္စရာရွိလို႔လဲ တျခားအိမ္ေထာင္ရွင္မိန္းမေတြက ကဲ့ရဲတယ္တဲ့လား သူတို႔ကြၽန္မတို႔လို တစ္ရက္ပဲ႐ုန္းၾကည့္႐ူးေတာင္သြားဦးမယ္ ကြၽန္မတို႔ေရာက္ေနတဲ့ေနရာက ေတာ္႐ုံမိန္းမသား ဖ်ားသြားေလာက္တဲ့အခက္အခဲေတြကို ႐ုန္းကန္ရင္ဆိုင္ ေက်ာ္ျဖတ္ေနၾကရတာမို႔ SM ဆိုတာ အားငယ္စရာသိမ္ငယ္စရာ ဘဝမဟုတ္ပါဘူးေနာ္

တကယ္ေတာ့ ဂုဏ္ယူစရာေတြျပည့္ႏွက္ေနတဲ့ ဘဝေလးပါ အားလုံး fighting

Myint Mo Thi Har