ကိုယ့်စိတ်ကိုယ်စစ် စိတ်မညစ်ပါစေနဲ့။

ကိုယ့်စိတ်ကိုယ်စစ် စိတ်မညစ်ပါစေနဲ့။

စိတ်ဆိုးတာက ဒေါသအသေးစား၊စိတ်ကောက်တာက ဒေါသအလတ်စား၊စိတ်နာတာက ဒေါသအကြီးစား။ဘယ်ဒေါသမှ မကောင်းဘူး။

အဆိုးဆုံးက စိတ်နာတာပဲ။စိတ်ဆိုးတာက ခဏလေးပြေတယ်။စိတ်ကောက်တာက ချော့ရင်ပြေတယ်။

စိတ်နာတာကျတော့ ပြေဖို့မလွယ်သလိုသံသရာနဲ့ချီပြီးတော့ကို ဒီအနာကမပျောက်ဘဲ ဖြစ်တတ်တယ်။

ကိုယ်ကသူများကို ..စိတ်နာရရင်လည်း မကောင်းဘူး၊သူများက ကိုယ့်ကို …စိတ်နာသွားရင်လည်း မကောင်းဘူး။

ဘယ်သူက ဘယ်သူကြောင့်ပဲ နာနာစိတ်အနာဟာ ပူလောင်မှုနဲ့နာကျင်မှုကိုပဲ ဖြစ်စေတယ်။စိတ်နာပစ်လိုက်လို့ငြိမ်းချမ်းသွားမှာတော့ မဟုတ်ဘူး။သံသရာရှည်ဖို့ပဲ ရှိတယ်။

ဒါကြောင့်လောကအနာတွေထဲမှာစိတ်နာတာက အဆိုးဆုံးပဲ ဖြစ်တဲ့အတွက်စိတ်နာအောင်လည်း မလုပ်နဲ့၊စိတ်လည်း မနာမိစေနဲ့။ကိုယ့်စိတ်ကိုယ်စစ် စိတ်မညစ်ပါစေနဲ့။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ(ခတ်တေ ကိုရီးယား)

ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း (၇၀)

ဘာကြောင့် စိတ်ညစ်ရသလဲ?

“ဘုန်းဘုန်းဘုရား တပည့်တော် စိတ်အရမ်းညစ်နေလို့၊ အဲဒါတရားစကားလေး မိန့်ပေးပါဘုရား”ဆိုပြီး တပည့်မလေးတစ်ယောက်က လျှောက်ပါတယ်။

“ဘာကြောင့် စိတ်ညစ်တာလဲ”ဆိုတော့ “တပည့်တော်အထက် အရာရှိကြောင့်ပါဘုရား”လို့ အဖြေပေးရင်း ဒကာမလေးက သူနဲ့အဆင်မပြေတဲ့သူအကြောင်းကို ပြောပါတော့တယ်။

သူပြောတာတွေ နားထောင်ပြီတော့မှ “သမီးရေ အမှန်တော့ သမီးစိတ်ညစ်တာ အဲဒီသူကြောင့် မဟုတ်ဘူး၊ ကိလေသာတွေကြောင့်ညစ်တာ၊ သမီးကို စိတ်ညစ်အောင်လုပ်တာ သူကလုပ်တာမဟုတ်ဘူး၊ သမီးမှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာတရားတွေက လုပ်တာပါ”လို့ ပြန်ပြောရင်း သတ္တဝါတွေ စိတ်ညစ်ရခြင်းရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံလေး ရှင်းပြပေးဖြစ်ပါတယ်။

ဟုတ်တယ်။ တကယ်တော့ လူတွေကို စိတ်ညစ်စေတာ ဘယ်သူကြောင့်၊ ဘာကြောင့်မှ မဟုတ်ဘူး။ ကိလေသာတွေကြောင့်ဖြစ်တာ။ ကိလေသာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုက “စိတ်ကိုပူလောင်စေတတ်၊ ညစ်နွမ်းစေတတ်တဲ့ တရား”လို့ အဓိပ္ပါယ်ရတယ်။

စိတ်ကလေးက သူဟာသူဖြူစင်နေတာပါ။ အဲဒါကို လောဘတွေက ညစ်အောင်လုပ်တာ၊ ဒေါသက ညစ်အောင်လုပ်တာ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ စတဲ့ ကိလေသာ တရားတွေက ညစ်အောင်လုပ်တာပါ။ တပ်မက်မှုများတော့ ပူလောင်ရတယ်။ ဒေါသအာဃာတတွေကြောင့် ပူလောင်ရတယ်။ ဘာမှမမြင်နိုင်လောက်အောင် ဖြစ်နေတဲ့ မောဟတွေကြောင့် ပူလောင်ရတယ်၊ မာန်တက်နေလို့ ခံစားရတယ်။ စသဖြင့် ဒီကိလေသာ တရားတွေကပဲ ကိုယ့်စိတ်ကို ညစ်နွမ်းစေတာ၊ ပူလောင်စေတာ၊ လောင်မြိုက်စေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ညစ်တာတွေ လျော့ချင်ရင် လောဘတွေကို လျှော့ရမယ်၊ ဒေါသတွေကို လျှော့ရမယ်၊ မောဟမာနစတာတွေကို လျှော့ရမယ်။ ပုထုဇဉ်မို့ အကုန်မဖယ်ရှားနိုင်သေးလည်း ကိလေသာ တရားတွေ ကိုယ်သန္တာမှာ အကြာကြီး၊ အကြီးကြီး မဖြစ်အောင်တော့ သတိတရားလေးနဲ့ လျှော့ပေးရမှာပေါ့။ သတိရှိနေရင် ကိလေသာ မဝင်ဘူး၊ ဝင်လည်းအကြာကြီး မရှိဘူး၊ ကိလေသာရှိနေတာကို သိလိုက်တာနဲ့ သူကမရှိတော့ဘူး။ ကိလေသာက ကိုယ့်ကိုလောင်နေတာကို မသိလို့သာ သူကဆက်ပြီး လောင်မြိုက်နေတာဖြစ်တယ်။ သတိကပ်ပြီး သိလိုက်တော့ ကိလေသာက ပျောက်သွားပြီး သိတဲ့စိတ်ကလေးက နေရာယူသွားတော့တာပါပဲ။ ကိလေသာမဝင်တော့ ညစ်နေတဲ့စိတ်အစဉ်လည်း ဖြူစင်သွားတာပေါ့။ ဒါဆိုရင် စိတ်ညစ်တာတွေလည်း မရှိတော့ဘူးပေါ့။

သတိတရားလက်ကိုင်ထား ချမ်းသာသုခ များပါစေ။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ

ကိုယ့္စိတ္ကိုယ္စစ္ စိတ္မညစ္ပါေစနဲ႔။

စိတ္ဆိုးတာက ေဒါသအေသးစား၊စိတ္ေကာက္တာက ေဒါသအလတ္စား၊စိတ္နာတာက ေဒါသအႀကီးစား။ဘယ္ေဒါသမွ မေကာင္းဘူး။

အဆိုးဆုံးက စိတ္နာတာပဲ။စိတ္ဆိုးတာက ခဏေလးေျပတယ္။စိတ္ေကာက္တာက ေခ်ာ့ရင္ေျပတယ္။

စိတ္နာတာက်ေတာ့ ေျပဖို႔မလြယ္သလိုသံသရာနဲ႔ခ်ီၿပီးေတာ့ကို ဒီအနာကမေပ်ာက္ဘဲ ျဖစ္တတ္တယ္။

ကိုယ္ကသူမ်ားကို ..စိတ္နာရရင္လည္း မေကာင္းဘူး၊သူမ်ားက ကိုယ့္ကို …စိတ္နာသြားရင္လည္း မေကာင္းဘူး။

ဘယ္သူက ဘယ္သူေၾကာင့္ပဲ နာနာစိတ္အနာဟာ ပူေလာင္မႈနဲ႔နာက်င္မႈကိုပဲ ျဖစ္ေစတယ္။စိတ္နာပစ္လိုက္လို႔ၿငိမ္းခ်မ္းသြားမွာေတာ့ မဟုတ္ဘူး။သံသရာရွည္ဖို႔ပဲ ရွိတယ္။

ဒါေၾကာင့္ေလာကအနာေတြထဲမွာစိတ္နာတာက အဆိုးဆုံးပဲ ျဖစ္တဲ့အတြက္စိတ္နာေအာင္လည္း မလုပ္နဲ႔၊စိတ္လည္း မနာမိေစနဲ႔။ကိုယ့္စိတ္ကိုယ္စစ္ စိတ္မညစ္ပါေစနဲ႔။

ေမတၱာျဖင့္

မနာပဒါယီ အရွင္ဝိစိတၱ(ခတ္ေတ ကိုရီးယား)

ကိုယ့္ကိုယ္ကိုယ္ ဆုံးမျခင္း (၇၀)

ဘာေၾကာင့္ စိတ္ညစ္ရသလဲ?

“ဘုန္းဘုန္းဘုရား တပည့္ေတာ္ စိတ္အရမ္းညစ္ေနလို႔၊ အဲဒါတရားစကားေလး မိန္႔ေပးပါဘုရား”ဆိုၿပီး တပည့္မေလးတစ္ေယာက္က ေလွ်ာက္ပါတယ္။

“ဘာေၾကာင့္ စိတ္ညစ္တာလဲ”ဆိုေတာ့ “တပည့္ေတာ္အထက္ အရာရွိေၾကာင့္ပါဘုရား”လို႔ အေျဖေပးရင္း ဒကာမေလးက သူနဲ႔အဆင္မေျပတဲ့သူအေၾကာင္းကို ေျပာပါေတာ့တယ္။

သူေျပာတာေတြ နားေထာင္ၿပီေတာ့မွ “သမီးေရ အမွန္ေတာ့ သမီးစိတ္ညစ္တာ အဲဒီသူေၾကာင့္ မဟုတ္ဘူး၊ ကိေလသာေတြေၾကာင့္ညစ္တာ၊ သမီးကို စိတ္ညစ္ေအာင္လုပ္တာ သူကလုပ္တာမဟုတ္ဘူး၊ သမီးမွာ ရွိေနတဲ့ ေလာဘ၊ ေဒါသ၊ ေမာဟ၊ မာန စတဲ့ ကိေလသာတရားေတြက လုပ္တာပါ”လို႔ ျပန္ေျပာရင္း သတၱဝါေတြ စိတ္ညစ္ရျခင္းရဲ႕ အေၾကာင္းကို ျပည့္ျပည့္စုံစုံေလး ရွင္းျပေပးျဖစ္ပါတယ္။

ဟုတ္တယ္။ တကယ္ေတာ့ လူေတြကို စိတ္ညစ္ေစတာ ဘယ္သူေၾကာင့္၊ ဘာေၾကာင့္မွ မဟုတ္ဘူး။ ကိေလသာေတြေၾကာင့္ျဖစ္တာ။ ကိေလသာဆိုတဲ့ စကားလုံးရဲ႕ အဓိပၸါယ္ကိုက “စိတ္ကိုပူေလာင္ေစတတ္၊ ညစ္ႏြမ္းေစတတ္တဲ့ တရား”လို႔ အဓိပၸါယ္ရတယ္။

စိတ္ကေလးက သူဟာသူျဖဴစင္ေနတာပါ။ အဲဒါကို ေလာဘေတြက ညစ္ေအာင္လုပ္တာ၊ ေဒါသက ညစ္ေအာင္လုပ္တာ၊ ေမာဟ၊ မာန၊ ဒိ႒ိ၊ ဝိစိကိစာၦ၊ ထိန၊ ဥဒၶစၥ၊ အဟိရိက၊ အေနာတၱပၸ စတဲ့ ကိေလသာ တရားေတြက ညစ္ေအာင္လုပ္တာပါ။ တပ္မက္မႈမ်ားေတာ့ ပူေလာင္ရတယ္။ ေဒါသအာဃာတေတြေၾကာင့္ ပူေလာင္ရတယ္။ ဘာမွမျမင္ႏိုင္ေလာက္ေအာင္ ျဖစ္ေနတဲ့ ေမာဟေတြေၾကာင့္ ပူေလာင္ရတယ္၊ မာန္တက္ေနလို႔ ခံစားရတယ္။ စသျဖင့္ ဒီကိေလသာ တရားေတြကပဲ ကိုယ့္စိတ္ကို ညစ္ႏြမ္းေစတာ၊ ပူေလာင္ေစတာ၊ ေလာင္ၿမိဳက္ေစတာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ စိတ္ညစ္တာေတြ ေလ်ာ့ခ်င္ရင္ ေလာဘေတြကို ေလွ်ာ့ရမယ္၊ ေဒါသေတြကို ေလွ်ာ့ရမယ္၊ ေမာဟမာနစတာေတြကို ေလွ်ာ့ရမယ္။ ပုထုဇဥ္မို႔ အကုန္မဖယ္ရွားႏိုင္ေသးလည္း ကိေလသာ တရားေတြ ကိုယ္သႏၲာမွာ အၾကာႀကီး၊ အႀကီးႀကီး မျဖစ္ေအာင္ေတာ့ သတိတရားေလးနဲ႔ ေလွ်ာ့ေပးရမွာေပါ့။ သတိရွိေနရင္ ကိေလသာ မဝင္ဘူး၊ ဝင္လည္းအၾကာႀကီး မရွိဘူး၊ ကိေလသာရွိေနတာကို သိလိုက္တာနဲ႔ သူကမရွိေတာ့ဘူး။ ကိေလသာက ကိုယ့္ကိုေလာင္ေနတာကို မသိလို႔သာ သူကဆက္ၿပီး ေလာင္ၿမိဳက္ေနတာျဖစ္တယ္။ သတိကပ္ၿပီး သိလိုက္ေတာ့ ကိေလသာက ေပ်ာက္သြားၿပီး သိတဲ့စိတ္ကေလးက ေနရာယူသြားေတာ့တာပါပဲ။ ကိေလသာမဝင္ေတာ့ ညစ္ေနတဲ့စိတ္အစဥ္လည္း ျဖဴစင္သြားတာေပါ့။ ဒါဆိုရင္ စိတ္ညစ္တာေတြလည္း မရွိေတာ့ဘူးေပါ့။

သတိတရားလက္ကိုင္ထား ခ်မ္းသာသုခ မ်ားပါေစ။

ေမတၱာျဖင့္

မနာပဒါယီ အရွင္ဝိစိတၱ