ရှင်ကချစ်သလောက် ရှင့်ကိုပြန်မချစ်နိုင်တဲ့သူတွေနဲ့ဆုံရတဲ့အခါ…. ရှင့်ကိုအရမ်းချစ်ခဲ့တဲ့ကျွန်မကိုသတိရပေးပါ။

“သတိရပေးပါ”


ရှင်ကချစ်သလောက် ရှင့်ကိုပြန်မချစ်နိုင်တဲ့သူတွေနဲ့ဆုံရတဲ့အခါ….ရှင့်ကိုအရမ်းချစ်ခဲ့တဲ့ကျွန်မကိုသတိရပေးပါ။

ရှင်ကဂရုစိုက်သလောက် ရှင့်ကိုပြန်အရေးမစိုက်တဲ့သူတွေနဲ့ကြုံရတဲ့အခါ…ရှင့်အတွက်ဆို အမြဲပူပန်ပေးတတ်တဲ့ကျွန်မကိုသတိရပေးပါ။ရှင်ကတန်ဖိုးထားသလောက် ရှင့်ကိုပြန်အလေးမထားတဲ့သူတွေနဲ့ဆက်ဆံရတဲ့အခါ…ရှင်နဲ့ပတ်သက်သမျှအသေးစိတ်လေးကအစမြတ်နိုးတတ်တဲ့ကျွန်မကိုသတိရပေးပါ။

ရှင်ကပေးဆပ်သလောက် ရှင့်ကိုပြန်မသိတတ်တဲ့သူတွေနဲ့ရင်ဆိုင်ရတဲ့အခါ…ရှင့်ဘက်ကိုအမြဲဦးစားပေးခဲ့တဲ့ကျွန်မကိုသတိရပေးပါ။ရှင်ကကောင်းသလောက် ရှင့်ကိုပြန်မကောင်းနိုင်တဲ့သူတွေနဲ့တွေ့ရတဲ့အခါ….ရှင်လုပ်သမျှဘယ်တုန်းကမှအပြစ်မမြင်ခဲ့ဖူးတဲ့ကျွန်မကို သတိရပေးပါ။

မနောဖြူ

သတိရေပးပါ”




မနောဖြူ