“ဒီနေ့က စပြီး ကိုယ့်အကြောင်းပဲတွေးပြီး ကိုယ်ကောင်းအောင်နေ”

“ဒီနေ့က စပြီး ကိုယ့်အကြောင်းပဲတွေးပြီး ကိုယ်ကောင်းအောင်နေ”

ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းနှစ်ခုကြားမှာမရှုမလှကျဆုံးသွားရတာဟာလည်းသူ့အကြောင်းတွေကိုပဲ ဦးစားပေးခဲ့လို့ပါ..ဒါကြောင့်သူများ ကိုယ့်အပေါ် အလိုမကျလို့ပြောတဲ့စကားတွေကိုမကျေမနပ်စိတ်ဝယ်မှတ်၍မပြတ်ခါခါ အောက်မေ့ဆင်ခြင်၍ မနေပါနဲ့..

သူများ ဘာတွေလုပ်တယ် ဘာတွေမလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုသဖွယ် အချိန်ကုန်ခံပြီး စဉ်းစား၍မနေပါနဲ့..တန်ဖိုးရှိတဲ့ လူ့ဘဝကိုရခိုက်မှာမြင့်မြတ်တဲ့အလုပ်တွေကို ငါဘယ်လောက်ထိလုပ်ပြီးပြီလဲငါဘယ်လောက်လုပ်ရသေးတယ်ဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်…

သင့်ဘဝမှာသူတစ်ပါးအကြောင်းတွေးတာတွေနဲ့ အချိန်မကုန်ပါစေနဲ့..ကိုယ့်ရဲ့အကြောင်းကိုပဲတွေးပြီးကိုယ်ကောင်းအောင်နေကြဖို့ပါပဲ..ကိုယ့်အကြောင်းကို မတွေးဘဲသူတစ်ပါးအကြောင်းတွေနဲ့ပဲ အချိန်ကုန်ကြလို့ကိုယ်လုပ်ရမယ့်အလုပ်တွေ မလုပ်ရင်တော့လူဖြစ်ရှုံးပါပြီ…။

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ




