ဒေါသ လောဘ ၊ မောဟ နဲ့ သေရင်အပါယ်ရောက်မရောက် (အမေး အဖြေ) အရေးကြီးလို့ မသိသေးသူများဖတ်ကြည့်ပါ။

ဒေါသ လောဘ ၊ မောဟ နဲ့ သေရင်အပါယ်ရောက်မရောက် (အမေး အဖြေ)

အရေးကြီးလို့ မသိသေးသူများဖတ်ကြည့်ပါ။

ဘာသားခြားဓမ္မဆရာတစ်ယောက်ကအဘိဓမ္မာမှာ လောဘ နဲ့သေရင် ပြိတ္တာ၊ဒေါသနဲ့ သေရင် ငရဲ၊မောဟနဲ့သေရင် တိရစ္ဆာန် ဖြစ်မယ်လို့ဟောထားတယ်။

ပုထုဇဉ်မှန်သမျှ လောဘ၊ ဒေါသ၊မောဟကလည်း ရှိတယ်။ ဒီတော့ ဗုဒ္ဓဘာသာပုထုဇဉ်တွေ သေတိုင်း အပါယ်ချည်းကျရတော့မယ်။ ကျွန်တော်တို့ဘာသာကထာဝရဘုရား ကတော့ သူကို့ယုံကြည်သူဆိုရင်အပါယ်မကျအောင် ကယ်တင်တယ်။ဒါကြောင့် အပါယ်မကျချင်ရင်ကျွန်တော်တို့ ဘာသာထဲ ကိုဝင်ပါတဲ့။

အဲဒါနားထောက်ပြီး သူတို့ဘာသာထဲပြောင်းသွားသူတွေ တော်တော်များတယ်ဘုရား။

အဲဒီ ဓမ္မဆရာ ပြောသလိုလောဘ၊ဒေါသ၊မောဟရှိသူတိုင်းအပါယ်ကျနိုင်တယ်ဆိုတဲ့ စကား မမှန်ပုံကိုသေသေချာချာ ရှင်းရှင်းလင်းလင်းရှင်းပြပေးပါဘုရား

သောတာပန် အရိယာသေပြီးတဲ့နောက်အပါယ်မကျသလို သရဏဂုံနဲ့ ငါးပါးသီလမြဲတဲ့သူလည်း အပါယ်မကျ ပါဘူး။သောတာပန် အစစ် မဖြစ်သေးသော်လည်းသောတာပန်ရဲ့ ဂုဏ်အရည်အချင်း ရှိနေပြီလို့ဆိုလိုတာပါ။မြန်မာတွေဟာ စကားပြောတဲ့အခါအတိုချုပ်ပြီး ပြောလေ့ ပြောထရှိတယ်။

အခုလည်း ဒုစရိုက် ဆယ်ပါး တစ်ပါးပါးကျူးလွန်ထားသူဟာ လောဘနဲ့ သေရင်ပြိတ္တာဘုံရောက်တယ်။ဒုစရိုက်ဆယ်ပါး တစ်ပါးပါးကျူးလွန်ထားသူဟာ ဒေါသနဲ့ သေရင်ငရဲဘုံရောက်တယ်။ဒုစရိုက်ဆယ်ပါး တစ်ပါးပါးကျူးလွန်ထားသူဟာ မောဟနဲ့ သေရင်တိရစ္ဆာန် ဘုံရောက်တယ်လို့ ပြောမှအဓိပ္ပါယ် ပြည့်စုံပါတယ်။ဥပဒေ ပုဒ်မနဲ့ ဥပမာပေးရင် ပိုတောင်ရှင်းပါတယ်။

လက်သီးနဲ့ ထိုးရင် ဥပဒေ ပုဒ်မ ၃၂၃အရထောင်ဒဏ် ၁နှစ် ကျပါတယ်။လက်သီးနဲ့ ထိုးတာက ဒုစရိုက်ဆယ်ပါးတစ်ပါးပါးကို ကျူးလွန်တာနဲ့ တူပါတယ်။ဥပဒေ ပုဒ်မကလောဘ၊ ဒေါသ၊ မောဟနဲ့ တူပါတယ်။ဥပဒေ ပုဒ်မကသတ်မှတ်ချက်ပါ။တကယ်ထောင်တစ်နှစ် ကျရတဲ့ အဓိကအကြောင်းက လက်သီးနဲ့ ထိုးတာပါ။ထို့အတူ လောဘ၊ ဒေါသ၊ မောဟကအပါယ်လေးဘုံထဲက ဘယ်ဘုံကျစေ ဆိုတဲ့သတ်မှတ်ချက်ပါ။တကယ့်တကယ်အပါယ်ကျရတဲ့ အဓိက အကြောင်းကဒုစရိုက်ဆယ်ပါးကိုကျူးလွန်တာပါ။

ဒုစရိုက်ဆယ်ပါးဆိုတာက-

သူ့အသက်သက်ခြင်း၊ သူ့ဥစ္စာ လိမ်ညာခိုးယူခြင်း သူ့သားမယားပြစ်မှားခြင်း (ကာယဒုစရိုက် ၃ပါး)

လိမ်ညာပြောဆိုခြင်း၊ ကုန်းတိုက်စကားပြောဆိုခြင်း၊ယုတ်ရင်းကြမ်းတမ်း(ဆဲဆို)စကားပြောခြင်း၊အကျိူးမရှိ ပြိန်ဖျင်းသော စကားပြောခြင်း၊ (ဝစီဒုစရိုက်၄ပါး)

သူတစ်ပါးဥစ္စာ မတရားလိုချင်တက်မက်ခြင်း သူတစ်ပါးကို ပျက်စီးစေလိုခြင်း၊ ကုသိုလ် အကုသိုလ် ကောင်းကျိုး ဆိုးကျိူးမရှိဟု အယူမှားခြင်း၊(မနောဒုစရိုက်၃ပါး) တို့ပါပဲ။

ဒုစရိုက်ဆယ်ပါး မပြုလုပ်ဘဲအပါယ်ကျတာကအလွန် နည်းပါး ပါတယ်။ဗုဒ္ဓလက်ထက်က ဆိုရင် တိဿအမည်ရှိတဲ့ ရဟန်းတစ်ပါးဟာ ဒုစရိုက်မှုတွေမရှိသော်လည်း သင်္ကန်းကိုစွဲတဲ့ လောဘစိတ်နဲ့ပျံတော်မူခဲ့လို့ သန်းပြိတ္တာဘဝရောက်ခဲ့ရပါတယ်။ဒုစရိုက်အကုသိုလ် မရှိတဲ့အတွက်ခုနှစ်ရက်နဲ့ ပြီတ္တာဘဝ ကပြန်လွတ်ပြီးနတ်ပြည်ရောက်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေအရေးတကြီးသိထားရမှာက လောဘ၊ ဒေါသ၊ မောဟ ကြောင့်အပါယ်ကျရတယ်ဆိုတာဗုဒ္ဓဘာသာဝင်နဲ့တင် ဆိုင်တာ မဟုတ်ဘဲဘာသာအားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ အချက်ပါပဲ။ဗုဒ္ဓဘာသာ ဟာသဘာဝတရား ကိုအခြေခံထားတဲ့ အတွက် ဘာသာရှိ၊ဘာသာမဲ့ လူသားအားလုံးနဲ့ ဆိုင်ပါတယ်။

သကြားဟာ ဘယ်ဘာသာဝင် စားစားချိုပါတယ်။ ဘာသာပြောင်းတဲ့ အတွက်ချို့တဲ့ သဘာဝက ပြောင်းမသွားပါဘူး။

ဒီအတိုင်းပဲအလောဘစိတ်နဲ့ လှူတန်းနေရင်၊အဒေါသစိတ်နဲ့ သီလ စောင့်ထိန်းနေရင်၊အမောဟ စိတ်နဲ့ ဘာဝနာပွားနေရင်ဘယ် ဘယ်ဘာသာဝင်မဆို ကုသိုလ်ရပြီးကောင်းတဲ့ဘုံကို ရောက်မှာပါ။ကြက်ဟင်းခါးသီးဟာဘယ်ဘာသာဝင်စားစား ခါးမှာပါ။ဘာသာပြောင်း တဲ့အတွက် ခါးတဲ့သဘာဝဟာ ဘယ်တော့မှ ပြောင်းမသွားပါဘူး။

အဲဒီ အတိုင်းပဲလောဘစိတ်နဲ့ သူတစ်ပါးပစ္စည်း တွေမတရား ယူနေရင်၊ ဒေါသစိတ်နဲ့သူတစ်ပါးကိုအနိုင်ကျင့် သတ်ဖြတ်နေရင်၊မောဟစိတ်နဲ့ ကလိမ်ကကျစ်တွေလျှောက်လုပ်နေရင် ဘယ်ဘာသာဝင်မဆိုအကုသိုလ် ဖြစ်ပြီး မကောင်းတဲ့ အပါယ်ဘုံကျမှာပါပဲ။

ဟောပြောတဲ့ ဓမ္မဆရာဟာစာပေဒေါက်တာဘွဲ့ရ တစ်ယောက်ဖြစ်တဲ့အတွက် ဦးဇင်း ပြောသလောက် တော့သူသိမှာပါ။သိရက်နဲ့ လောဘ၊ ဒေါသ၊ မောဟ၊ ဆိုတဲ့သဘာဝတရားဟာ ဗုဒ္ဓဘာသာနဲ့ပဲဆိုင်သယောင်။ ဟောပြောတာကဘာသာရေး ရာဇဝတ်မှု တစ်ခုကိုကျူးလွန်တာပါပဲ။

တရားဥပဒေက အရေးယူလို့မရပေမယ့် သဘာဝဥပဒေကတော့သူသေခါနီးကျရင် အရေးယူပါလိမ့်မယ်။

မေတ္တာရှင်ရွှေပြည်သာ၏ဖိအားဆောင်းပါးမှ ထုတ်နှုတ်ရေးသားသည်။ PhyoeMayOo ကူးယူရေးသားသည်။ (3.9.18) တဆင့်….ဥတ္တရအလင်း

ေဒါသ ေလာဘ ၊ ေမာဟ နဲ႔ ေသရင္အပါယ္ေရာက္မေရာက္ (အေမး အေျဖ)

အေရးႀကီးလို႔ မသိေသးသူမ်ားဖတ္ၾကည့္ပါ။

ဘာသားျခားဓမၼဆရာတစ္ေယာက္ကအဘိဓမၼာမွာ ေလာဘ နဲ႔ေသရင္ ၿပိတၱာ၊ေဒါသနဲ႔ ေသရင္ ငရဲ၊ေမာဟနဲ႔ေသရင္ တိရစာၦန္ ျဖစ္မယ္လို႔ေဟာထားတယ္။

ပုထုဇဥ္မွန္သမွ် ေလာဘ၊ ေဒါသ၊ေမာဟကလည္း ရွိတယ္။ ဒီေတာ့ ဗုဒၶဘာသာပုထုဇဥ္ေတြ ေသတိုင္း အပါယ္ခ်ည္းက်ရေတာ့မယ္။ ကြၽန္ေတာ္တို႔ဘာသာကထာဝရဘုရား ကေတာ့ သူကို႔ယုံၾကည္သူဆိုရင္အပါယ္မက်ေအာင္ ကယ္တင္တယ္။ဒါေၾကာင့္ အပါယ္မက်ခ်င္ရင္ကြၽန္ေတာ္တို႔ ဘာသာထဲ ကိုဝင္ပါတဲ့။

အဲဒါနားေထာက္ၿပီး သူတို႔ဘာသာထဲေျပာင္းသြားသူေတြ ေတာ္ေတာ္မ်ားတယ္ဘုရား။

အဲဒီ ဓမၼဆရာ ေျပာသလိုေလာဘ၊ေဒါသ၊ေမာဟရွိသူတိုင္းအပါယ္က်ႏိုင္တယ္ဆိုတဲ့ စကား မမွန္ပုံကိုေသေသခ်ာခ်ာ ရွင္းရွင္းလင္းလင္းရွင္းျပေပးပါဘုရား

ေသာတာပန္ အရိယာေသၿပီးတဲ့ေနာက္အပါယ္မက်သလို သရဏဂုံနဲ႔ ငါးပါးသီလၿမဲတဲ့သူလည္း အပါယ္မက် ပါဘူး။ေသာတာပန္ အစစ္ မျဖစ္ေသးေသာ္လည္းေသာတာပန္ရဲ႕ ဂုဏ္အရည္အခ်င္း ရွိေနၿပီလို႔ဆိုလိုတာပါ။ျမန္မာေတြဟာ စကားေျပာတဲ့အခါအတိုခ်ဳပ္ၿပီး ေျပာေလ့ ေျပာထရွိတယ္။

အခုလည္း ဒုစ႐ိုက္ ဆယ္ပါး တစ္ပါးပါးက်ဴးလြန္ထားသူဟာ ေလာဘနဲ႔ ေသရင္ၿပိတၱာဘုံေရာက္တယ္။ဒုစ႐ိုက္ဆယ္ပါး တစ္ပါးပါးက်ဴးလြန္ထားသူဟာ ေဒါသနဲ႔ ေသရင္ငရဲဘုံေရာက္တယ္။ဒုစ႐ိုက္ဆယ္ပါး တစ္ပါးပါးက်ဴးလြန္ထားသူဟာ ေမာဟနဲ႔ ေသရင္တိရစာၦန္ ဘုံေရာက္တယ္လို႔ ေျပာမွအဓိပၸါယ္ ျပည့္စုံပါတယ္။ဥပေဒ ပုဒ္မနဲ႔ ဥပမာေပးရင္ ပိုေတာင္ရွင္းပါတယ္။

လက္သီးနဲ႔ ထိုးရင္ ဥပေဒ ပုဒ္မ ၃၂၃အရေထာင္ဒဏ္ ၁ႏွစ္ က်ပါတယ္။လက္သီးနဲ႔ ထိုးတာက ဒုစ႐ိုက္ဆယ္ပါးတစ္ပါးပါးကို က်ဴးလြန္တာနဲ႔ တူပါတယ္။ဥပေဒ ပုဒ္မကေလာဘ၊ ေဒါသ၊ ေမာဟနဲ႔ တူပါတယ္။ဥပေဒ ပုဒ္မကသတ္မွတ္ခ်က္ပါ။တကယ္ေထာင္တစ္ႏွစ္ က်ရတဲ့ အဓိကအေၾကာင္းက လက္သီးနဲ႔ ထိုးတာပါ။ထို႔အတူ ေလာဘ၊ ေဒါသ၊ ေမာဟကအပါယ္ေလးဘုံထဲက ဘယ္ဘုံက်ေစ ဆိုတဲ့သတ္မွတ္ခ်က္ပါ။တကယ့္တကယ္အပါယ္က်ရတဲ့ အဓိက အေၾကာင္းကဒုစ႐ိုက္ဆယ္ပါးကိုက်ဴးလြန္တာပါ။

ဒုစ႐ိုက္ဆယ္ပါးဆိုတာက-

သူ႔အသက္သက္ျခင္း၊ သူ႔ဥစၥာ လိမ္ညာခိုးယူျခင္း သူ႔သားမယားျပစ္မွားျခင္း (ကာယဒုစ႐ိုက္ ၃ပါး)

လိမ္ညာေျပာဆိုျခင္း၊ ကုန္းတိုက္စကားေျပာဆိုျခင္း၊ယုတ္ရင္းၾကမ္းတမ္း(ဆဲဆို)စကားေျပာျခင္း၊အက်ိဴးမရွိ ၿပိန္ဖ်င္းေသာ စကားေျပာျခင္း၊ (ဝစီဒုစ႐ိုက္၄ပါး)

သူတစ္ပါးဥစၥာ မတရားလိုခ်င္တက္မက္ျခင္း သူတစ္ပါးကို ပ်က္စီးေစလိုျခင္း၊ ကုသိုလ္ အကုသိုလ္ ေကာင္းက်ိဳး ဆိုးက်ိဴးမရွိဟု အယူမွားျခင္း၊(မေနာဒုစ႐ိုက္၃ပါး) တို႔ပါပဲ။

ဒုစ႐ိုက္ဆယ္ပါး မျပဳလုပ္ဘဲအပါယ္က်တာကအလြန္ နည္းပါး ပါတယ္။ဗုဒၶလက္ထက္က ဆိုရင္ တိႆအမည္ရွိတဲ့ ရဟန္းတစ္ပါးဟာ ဒုစ႐ိုက္မႈေတြမရွိေသာ္လည္း သကၤန္းကိုစြဲတဲ့ ေလာဘစိတ္နဲ႔ပ်ံေတာ္မူခဲ့လို႔ သန္းၿပိတၱာဘဝေရာက္ခဲ့ရပါတယ္။ဒုစ႐ိုက္အကုသိုလ္ မရွိတဲ့အတြက္ခုႏွစ္ရက္နဲ႔ ၿပီတၱာဘဝ ကျပန္လြတ္ၿပီးနတ္ျပည္ေရာက္ပါတယ္။

ဒီေနရာမွာ ဗုဒၶဘာသာဝင္ေတြအေရးတႀကီးသိထားရမွာက ေလာဘ၊ ေဒါသ၊ ေမာဟ ေၾကာင့္အပါယ္က်ရတယ္ဆိုတာဗုဒၶဘာသာဝင္နဲ႔တင္ ဆိုင္တာ မဟုတ္ဘဲဘာသာအားလုံးနဲ႔ ဆိုင္တယ္ ဆိုတဲ့ အခ်က္ပါပဲ။ဗုဒၶဘာသာ ဟာသဘာဝတရား ကိုအေျခခံထားတဲ့ အတြက္ ဘာသာရွိ၊ဘာသာမဲ့ လူသားအားလုံးနဲ႔ ဆိုင္ပါတယ္။

သၾကားဟာ ဘယ္ဘာသာဝင္ စားစားခ်ိဳပါတယ္။ ဘာသာေျပာင္းတဲ့ အတြက္ခ်ိဳ႕တဲ့ သဘာဝက ေျပာင္းမသြားပါဘူး။

ဒီအတိုင္းပဲအေလာဘစိတ္နဲ႔ လႉတန္းေနရင္၊အေဒါသစိတ္နဲ႔ သီလ ေစာင့္ထိန္းေနရင္၊အေမာဟ စိတ္နဲ႔ ဘာဝနာပြားေနရင္ဘယ္ ဘယ္ဘာသာဝင္မဆို ကုသိုလ္ရၿပီးေကာင္းတဲ့ဘုံကို ေရာက္မွာပါ။ၾကက္ဟင္းခါးသီးဟာဘယ္ဘာသာဝင္စားစား ခါးမွာပါ။ဘာသာေျပာင္း တဲ့အတြက္ ခါးတဲ့သဘာဝဟာ ဘယ္ေတာ့မွ ေျပာင္းမသြားပါဘူး။

အဲဒီ အတိုင္းပဲေလာဘစိတ္နဲ႔ သူတစ္ပါးပစၥည္း ေတြမတရား ယူေနရင္၊ ေဒါသစိတ္နဲ႔သူတစ္ပါးကိုအႏိုင္က်င့္ သတ္ျဖတ္ေနရင္၊ေမာဟစိတ္နဲ႔ ကလိမ္ကက်စ္ေတြေလွ်ာက္လုပ္ေနရင္ ဘယ္ဘာသာဝင္မဆိုအကုသိုလ္ ျဖစ္ၿပီး မေကာင္းတဲ့ အပါယ္ဘုံက်မွာပါပဲ။

ေဟာေျပာတဲ့ ဓမၼဆရာဟာစာေပေဒါက္တာဘြဲ႕ရ တစ္ေယာက္ျဖစ္တဲ့အတြက္ ဦးဇင္း ေျပာသေလာက္ ေတာ့သူသိမွာပါ။သိရက္နဲ႔ ေလာဘ၊ ေဒါသ၊ ေမာဟ၊ ဆိုတဲ့သဘာဝတရားဟာ ဗုဒၶဘာသာနဲ႔ပဲဆိုင္သေယာင္။ ေဟာေျပာတာကဘာသာေရး ရာဇဝတ္မႈ တစ္ခုကိုက်ဴးလြန္တာပါပဲ။

တရားဥပေဒက အေရးယူလို႔မရေပမယ့္ သဘာဝဥပေဒကေတာ့သူေသခါနီးက်ရင္ အေရးယူပါလိမ့္မယ္။

ေမတၱာရွင္ေ႐ႊျပည္သာ၏ဖိအားေဆာင္းပါးမွ ထုတ္ႏႈတ္ေရးသားသည္။ PhyoeMayOo ကူးယူေရးသားသည္။ (3.9.18) တဆင့္….ဥတၱရအလင္း