ဝေးပါစေလို့ ဆုမတောင်းခဲ့ပေမယ့် ရေစက်ကုန်တော့လဲ ဝေးသွားကြတာပဲ…
ဆုံပါစေလို့ ဆုမတောင်းခဲ့ပေမယ့်လဲရေစက်ရှိတော့လဲ ဆုံလာကြတာပဲလေ….
ဒါဆို လွမ်းစရာကို နာစရာနဲ့လဲ ဖြေစရာမလိုပါဘူးဥပေက္ခာနဲ့သာ နေရာယူပါ…
အဆင်ပြေနေတုန်းတော့ အချစ်ဆုံးလို့ ပြောကြတာပဲ အလိုဆန္ဒတွေ မပြည့်ဝတော့မှ အမုန်းဆုံးဖြစ်သွားတတ်ကြတယ်
ဒါကိုပဲ သင်ခန်းစာယူပါ အရမ်းလဲ ချစ်မပြနဲ့ အရမ်းလဲ မလွမ်းပြနဲ့
အချစ်ကြီးလို့ ရှုံးတာ မဟုတ်ဘူး ရိုးသားခြင်းကို ဟန်မဆောင်တတ်လို့ရှုံးတာ
ဘာပဲဖြစ်ဖြစ်ပေါ့ ပြုံးပြုံးလေးနဲ့ ရှေ့ဆက်ပါ လမ်းခွဲခြင်းမှာ ဝမ်းနည်းမနေပါနဲ့
ပန်းတိုင်းက ရနံ့မရှိပေမယ့်ပန်းတိုင်းက တန်ဖိုးရှိပါတယ်
တန်ဖိုးဘယ်လောက်ရှိရှိ တန်ဖိုးမဲ့တဲ့သူက တန်ဖိုးမထားတတ်ဘူးဆိုတာကိုလဲ နားလည်ပါ
တန်ဖိုး နားလည်ပြီး တန်ဖိုးထားတတ်သူနဲ့တွေ့ဆုံနိုင်ကြ၍ ဘဝတွေလဲ အေးချမ်းပါစေနှလုံးသားတွေလဲ လှပနိုင်ကြပါစေ
သုအလင်္ကာ(ရွှေသင်း)
ေဝးပါေစလို႔ ဆုမေတာင္းခဲ့ေပမယ့္ ေရစက္ကုန္ေတာ့လဲ ေဝးသြားၾကတာပဲ…
ဆုံပါေစလုိ႔ ဆုမေတာင္းခဲ့ေပမယ့္လဲေရစက္႐ွိေတာ့လဲ ဆုံလာၾကတာပဲေလ….
ဒါဆုိ လြမ္းစရာကုိ နာစရာနဲ႔လဲ ေျဖစရာမလုိပါဘူးဥေပကၡာနဲ႔သာ ေနရာယူပါ…
အဆင္ေျပေနတုန္းေတာ့ အခ်စ္ဆုံးလုိ႔ ေျပာၾကတာပဲ အလုိဆႏၵေတြ မျပည့္ဝေတာ့မွ အမုန္းဆုံးျဖစ္သြားတတ္ၾကတယ္
ဒါကုိပဲ သင္ခန္းစာယူပါ အရမ္းလဲ ခ်စ္မျပနဲ႔ အရမ္းလဲ မလြမ္းျပနဲ႔
အခ်စ္ႀကီးလုိ႔ ႐ႈံးတာ မဟုတ္ဘူး ႐ုိးသားျခင္းကုိ ဟန္မေဆာင္တတ္လုိ႔႐ႈံးတာ
ဘာပဲျဖစ္ျဖစ္ေပါ့ ျပဳံးျပဳံးေလးနဲ႔ ေ႐ွ႕ဆက္ပါ လမ္းခြဲျခင္းမွာ ဝမ္းနည္းမေနပါနဲ႔
ပန္းတုိင္းက ရနံ႔မ႐ွိေပမယ့္ပန္းတုိင္းက တန္ဖုိး႐ွိပါတယ္
တန္ဖုိးဘယ္ေလာက္႐ွိ႐ွိ တန္ဖုိးမဲ့တဲ့သူက တန္ဖုိးမထားတတ္ဘူးဆုိတာကုိလဲ နားလည္ပါ
တန္ဖုိး နားလည္ၿပီး တန္ဖုိးထားတတ္သူနဲ႔ေတြ႔ဆုံႏုိင္ၾက၍ ဘဝေတြလဲ ေအးခ်မ္းပါေစႏွလုံးသားေတြလဲ လွပႏုိုင္ၾကပါေစ
သုအလကၤာ(ေရႊသင္း)