
အားလုံးဟာ ကွယ်ပျောက်မှုဆီကိုဦးတည်ပြီးတော့ သွားနေကြတယ် ။
အဆင်ပြေ အောင်မြင်တာပဲဖြစ်ဖြစ်ကျရှုံးလဲကျတာပဲဖြစ်ဖြစ် ခဏလေးပါ ။
နောက်ဆုံးတော့လည်းလက်မြှောက်သွားကြရတာချည်းပါပဲ ။
မသိမှုမောဟတွေနဲ့အချိန်ကုန်သွားရင်သံသရာရေလျင်ကြောကြီးမှာမျှောပြန်အုံးမယ်ဆိုတာသေချာတယ် ။
ဘဝဆိုတာရိုးရိုးလေးဘာသာပြန်ကြည့်လိုက်ရင်အိုနာသေက ငြင်းမရတဲ့အဖြေပါ ။
မိမိတို့ရဲ့ဘဝဟာအနီးကပ်ကြည့်ရင် ပူဆွေးစရာအဝေးကကြည့်ပြန်တော့ ဟာသပါပဲ ။
အနှစ်သာရမရှိ ဘဝခန္ဓာတွေမှာအစစ်သာရဖြစ်တဲ့ တရားဘာဝနာကိုမှန်စွာအားထုတ်မှ အမြတ်ကျန်မယ်နော် ။
(သာရ ဂ ဝေ သီ)
ဦးကိတ္တိသာရ (ကျော်ဟိန်း)ဦးဇင်းကြီး မြင့်မြတ်သောဘုံဘဝသို့ ရောက်ပါစေ။
11.7.2020
(သာရ ဂ ဝေ သီ)
11.7.2020