“ဖါးကန့်၊ ဝှေခါရွာသို့ ကြွရောက်သော သီတဂူဆရာတော်ကြီး ခရီးစဉ်သတင်း”

“ဖါးကန့်၊ ဝှေခါရွာသို့ ကြွရောက်သော သီတဂူဆရာတော်ကြီး ခရီးစဉ်သတင်း”

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၂-၇-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သို့ရောက်ရှိပါသည်။ မြစ်ကြီးနားမြို့၊ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူအထောက်အကူပြုအဖွဲ့က ဆပ်ကပ်သော နေ့ဆွမ်းဘုဉ်းပေးပြီးနောက် ၁၁:၃၀ နာရီ အချိန် ဖါးကန့်သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပင့်ဆောင်ကြရာ ၁၂:၀၀ နာရီအချိန် ချမ်းသာချောမောစွာဖြင့် ရောက်ရှိပါသည်။

ဖါးကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတော်တွင် ခေတ္တနေ့သန့်စင်ပြီးနောက် ၁:၃၀ နာရီအချိန်တွင် မော်တော်ယာဉ်ဖြင့် မိုင်-၃၀ ခန့်ဝေးကွာသော ဝှေခါရွာသို့ ကြွရောက်ပါသည်။

ဝှေခါမှော် မြေစာပုံပြိုကျသည့် အခင်းဖြစ်ပွါးရာနေရာသို့ ကြွရောက်ပြီး ကွယ်လွန်သွားကြသူများအတွက် မေတ္တာပို့သပေးပြီးနောက် ၁၃ ရက်နေ့၊ နေ့လည်ခင်း၊ အခင်းဖြစ်ပွါးရာနေရာအနီးတွင် ကွယ်လွန်သူများအား ရည်စူး၍ ဖါးကန့်မြို့နယ်အတွင်းမှ သံဃာတော်-၂၀၀ ပါးအတွက် သင်္ကန်းတစ်စုံနှင့် နဝကမ္မ-၁သိန်းကျပ်စီကို သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းပေးကာ အမျှအတန်း ပေးဝေမည်ဖြစ်သည့်အတွက် ကုသိုလ်ဝေစုကို သာဓုခေါ်ဆိုနိုင်ရန် ကြွရောက်ပေးကြဖို့ အမည်ခေါ်ဖိတ်ကြားပေးခဲ့သည်။

ထို့နောက် ဖါးကန့်မြို့ သီတဂူစက္ခုဒါနဆေးရုံရှိ စံကျောင်းသို့ ပြန်ကြွပါသည်။

ကချင်ပြည်နယ်တွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်ထားသော သီတဂူစက္ခုဒါနဆေးရုံတော်များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ဖါးကန့်တို့တွင်ရှိပါသည်။

ဖါးကန့်ဆေးရုံသည် ၂၀၁၇ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စမ်းသပ်စစ်ဆေး ပေးနိုင်ခဲ့သည့် လူနာပေါင်းမှာ ၆၉၄၉ဦး၊ ခွဲစိတ်ကုသ ပေးခဲ့သည့် လူနာပေါင်းမှာ ၆၈၇ဦး စက္ခုဒါနအလင်းပေးနိုင်ခဲ့ပါသည်။

ယခုကဲ့သို့ ဖါးကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝှေခါရွာ ကျောက်စိမ်းမြေတွင် မြေစာတောင်ကြီး ပြိုကျခဲ့ပြီး အသက်ခန္ဓာပျက်စီးရသူများနှင့် ကျန်ရစ်သူမိသားစုဝင်များအတွက် သီတဂူသာသနာပြုအဖွဲ့က အလွန်ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။သီတဂူသာသနာပြုအဖွဲ့

သီတဂူသတင်း

“ဖါးကန္႔၊ ေဝွခါ႐ြာသို႔ ႂကြေရာက္ေသာ သီတဂူဆရာေတာ္ႀကီး ခရီးစဥ္သတင္း”

ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးသည္ ၁၂-၇-၂၀၂၀ ရက္ေန႔၊ နံနက္ ၁၀:၃၀ နာရီအခ်ိန္တြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ သို႔ေရာက္ရွိပါသည္။ ျမစ္ႀကီးနားၿမိဳ႕၊ သီတဂူစကၡဳဒါနေဆး႐ုံတြင္ သီတဂူအေထာက္အကူျပဳအဖြဲ႕က ဆပ္ကပ္ေသာ ေန႔ဆြမ္းဘုဥ္းေပးၿပီးေနာက္ ၁၁:၃၀ နာရီ အခ်ိန္ ဖါးကန္႔သို႔ တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ ပင့္ေဆာင္ၾကရာ ၁၂:၀၀ နာရီအခ်ိန္ ခ်မ္းသာေခ်ာေမာစြာျဖင့္ ေရာက္ရွိပါသည္။

ဖါးကန္႔ၿမိဳ႕ရွိ သီတဂူစကၡဳဒါနေဆး႐ုံေတာ္တြင္ ေခတၱေန႔သန္႔စင္ၿပီးေနာက္ ၁:၃၀ နာရီအခ်ိန္တြင္ ေမာ္ေတာ္ယာဥ္ျဖင့္ မိုင္-၃၀ ခန္႔ေဝးကြာေသာ ေဝွခါ႐ြာသို႔ ႂကြေရာက္ပါသည္။

ေဝွခါေမွာ္ ေျမစာပုံၿပိဳက်သည့္ အခင္းျဖစ္ပြါးရာေနရာသို႔ ႂကြေရာက္ၿပီး ကြယ္လြန္သြားၾကသူမ်ားအတြက္ ေမတၱာပို႔သေပးၿပီးေနာက္ ၁၃ ရက္ေန႔၊ ေန႔လည္ခင္း၊ အခင္းျဖစ္ပြါးရာေနရာအနီးတြင္ ကြယ္လြန္သူမ်ားအား ရည္စူး၍ ဖါးကန္႔ၿမိဳ႕နယ္အတြင္းမွ သံဃာေတာ္-၂၀၀ ပါးအတြက္ သကၤန္းတစ္စုံႏွင့္ နဝကမၼ-၁သိန္းက်ပ္စီကို သီတဂူသာသနာျပဳအဖြဲ႕က လႉဒါန္းေပးကာ အမွ်အတန္း ေပးေဝမည္ျဖစ္သည့္အတြက္ ကုသိုလ္ေဝစုကို သာဓုေခၚဆိုႏိုင္ရန္ ႂကြေရာက္ေပးၾကဖို႔ အမည္ေခၚဖိတ္ၾကားေပးခဲ့သည္။

ထို႔ေနာက္ ဖါးကန္႔ၿမိဳ႕ သီတဂူစကၡဳဒါနေဆး႐ုံရွိ စံေက်ာင္းသို႔ ျပန္ႂကြပါသည္။

ကခ်င္ျပည္နယ္တြင္ သီတဂူဆရာေတာ္ႀကီး၏ ဦးေဆာင္လမ္းၫႊန္မႈျဖင့္ တည္ေဆာက္ထားေသာ သီတဂူစကၡဳဒါနေဆး႐ုံေတာ္မ်ားမွာ ျမစ္ႀကီးနား၊ ဗန္းေမာ္၊ ဖါးကန႔္တို႔တြင္ရွိပါသည္။

ဖါးကန္႔ေဆး႐ုံသည္ ၂၀၁၇ ဇန္နဝါရီလတြင္ ဖြင့္လွစ္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္အထိ စမ္းသပ္စစ္ေဆး ေပးႏိုင္ခဲ့သည့္ လူနာေပါင္းမွာ ၆၉၄၉ဦး၊ ခြဲစိတ္ကုသ ေပးခဲ့သည့္ လူနာေပါင္းမွာ ၆၈၇ဦး စကၡဳဒါနအလင္းေပးႏိုင္ခဲ့ပါသည္။

ယခုကဲ့သို႔ ဖါးကန္႔ၿမိဳ႕နယ္၊ ဆိတ္မူေက်း႐ြာအုပ္စု၊ ေဝွခါ႐ြာ ေက်ာက္စိမ္းေျမတြင္ ေျမစာေတာင္ႀကီး ၿပိဳက်ခဲ့ၿပီး အသက္ခႏၶာပ်က္စီးရသူမ်ားႏွင့္ က်န္ရစ္သူမိသားစုဝင္မ်ားအတြက္ သီတဂူသာသနာျပဳအဖြဲ႕က အလြန္ဝမ္းနည္းေၾကကြဲရပါေၾကာင္း မွတ္တမ္းတင္အပ္ပါသည္။

သီတဂူစန္းလပမာ ခ်မ္းျမသာယာ ရွိၾကပါေစ။သီတဂူသာသနာျပဳအဖြဲ႕

သီတဂူသတင္း