ရေစည်လှည်းကပေးတဲ့ ဘဝသင်ခန်းစာ

ရေစည်လှည်းကပေးတဲ့ ဘဝသင်ခန်းစာ


ဒီနေ့အိမ်က သုံးနေကျရေတွင်းက ရေမထွက်တော့ပဲ ရေခမ်းသွားတယ် ။ ရေတွင်းအသစ်တူးဖို့စီစဉ်ရတယ် ။ ရေတွင်းမတူးရသေးခင် လတ်တလောအိမ်မှာသုံးဖို့ ရေစည်လှည်းမှာရတယ် ။ တစ်စီးကို ၂၀၀၀ ပေးရတယ် ။ တစ်နေ့စာ ၅ စီးမှာရတယ် ။ ရေအတွက် တစ်နေ့စာ ၁၀၀၀၀ ကုန်သွားတယ် ။ အခုမှပဲ စဉ်းစားမိတော့တယ် ။ တစ်နေ့ကို ရေတန်ဖိုး ၁၀၀၀၀ ရှိတယ်ဆိုပြီး ။ တစ်လ ၃ သိန်းလောက်ထိ တန်ကြေးရှိတယ် ။ အရင်က ရေတွင်းထဲကနေ ခလုတ်လေးနှိပ်ပြီး သုံးနေရတော့ လွယ်လွယ်ရ အလကားရတယ်ဆိုပြီး တန်ဖိုးမထားခဲ့ဘူး။ တစ်ခါတစ်လေဆို ရေလျှံလည်း ချက်ချင်းမပိတ်ဘူး ။ အလကားရတာကိုး . . .ဘယ်တန်ဖိုးထားပါ့မလဲ . . .ဒီနေ့မှ ဝယ်သုံးရတော့မှ ရေရဲ့တန်ဖိုးကို နားလည်ခဲ့တယ် ။

အဲ့လိုပဲ ဘဝမှာ တခြားအဖိုးတန်အရာတွေ အခမဲ့ရနေတာတွေ အများကြီးရှိတယ် ။ မရှိတော့မှ တန်ဖိုးကို နားလည်ပြီး နောင်တမရပါစေနဲ့ ။ ပေါပေါရတယ် အလကားရတယ်ဆိုပြီး ဘယ်အရာကိုမှ တန်ဖိုးမထားပဲ မနေပါနဲ့ ။ အရာအားလုံးမှာ သူ့တန်ဖိုးနဲ့သူရှိတယ် ။ အချိန်လွန်မှ နောင်တရတာမျိုးမဖြစ်ပါစေနဲ့

နေလင်း(သမီးလေး)

ေရစည္လွည္းကေပးတဲ့ ဘ၀သင္ခန္းစာ

ဒီေန႔အိမ္က သံုးေနက်ေရတြင္းက ေရမထြက္ေတာ့ပဲ ေရခမ္းသြားတယ္ ။ ေရတြင္းအသစ္တူးဖို႔စီစဥ္ရတယ္ ။ ေရတြင္းမတူးရေသးခင္ လတ္တေလာအိမ္မွာသံုးဖို႔ ေရစည္လွည္းမွာရတယ္ ။ တစ္စီးကို ၂၀၀၀ ေပးရတယ္ ။ တစ္ေန႔စာ ၅ စီးမွာရတယ္ ။ ေရအတြက္ တစ္ေန႔စာ ၁၀၀၀၀ ကုန္သြားတယ္ ။ အခုမွပဲ စဥ္းစားမိေတာ့တယ္ ။ တစ္ေန႔ကို ေရတန္ဖိုး ၁၀၀၀၀ ရွိတယ္ဆိုျပီး ။ တစ္လ ၃ သိန္းေလာက္ထိ တန္ေၾကးရွိတယ္ ။ အရင္က ေရတြင္းထဲကေန ခလုတ္ေလးႏွိပ္ျပီး သံုးေနရေတာ့ လြယ္လြယ္ရ အလကားရတယ္ဆိုျပီး တန္ဖိုးမထားခဲ့ဘူး။ တစ္ခါတစ္ေလဆို ေရလွ်ံလည္း ခ်က္ခ်င္းမပိတ္ဘူး ။ အလကားရတာကိုး . . .ဘယ္တန္ဖိုးထားပါ့မလဲ . . .ဒီေန႔မွ ၀ယ္သံုးရေတာ့မွ ေရရဲ႕တန္ဖိုးကို နားလည္ခဲ့တယ္ ။

အဲ့လိုပဲ ဘ၀မွာ တျခားအဖိုးတန္အရာေတြ အခမဲ့ရေနတာေတြ အမ်ားၾကီးရွိတယ္ ။ မရွိေတာ့မွ တန္ဖိုးကို နားလည္ျပီး ေနာင္တမရပါေစနဲ့ ။ ေပါေပါရတယ္ အလကားရတယ္ဆိုျပီး ဘယ္အရာကိုမွ တန္ဖိုးမထားပဲ မေနပါနဲ့ ။ အရာအားလံုးမွာ သူ႔တန္ဖိုးနဲ႔သူရွိတယ္ ။ အခ်ိန္လြန္မွ ေနာင္တရတာမ်ိဳးမျဖစ္ပါေစနဲ့

ေနလင္း(သမီးေလး)