ဆရာလေးခေမာရံသီ၏ June-July တွင်ဟောကြားထားသော တရားများမှ အနှစ်ချုပ်များ

ဆရာလေးခေမာရံသီ၏ June-July တွင်ဟောကြားထားသော တရားများမှ အနှစ်ချုပ်များ

ဖြစ်တာကိုသိတာ သမာဓိ။ ဖြစ်တဲ့သဘောရဲ့ မရှိတော့မှု/ချုပ်ပျောက်မှု ကိုသိမှ ဝိပဿနာ။

ဖြစ်တဲ့သဘောရဲ့ မရှိတော့မှု/ချုပ်ပျောက်မှုကို သိမှသာ- မရှိတော့တဲ့ ရုပ်နဲ့စိတ် သဘောတွေကို အချိန်တိုင်းမှာ အရှိပြန်ယူနေတဲ့ အနုသယအစွဲမှန်သမျှ ပယ်စွန့်နိုင်တဲ့ဉာဏ် ဖြစ်စေမယ်။

ဖြစ်တဲ့သဘောက အခိုက်အတန့်ပဲဖြစ်သလို၊ ပျက်သွားတာလည်းခဏပဲ။ နောက်ထပ်စိတ်အသစ် ထပ်ဖြစ်နေပြီ။ ဖြစ်တဲ့သက်တမ်းနဲ့ ပျက်တဲ့သက်တမ်းက အတူတူပဲ။

ရုပ်နာမ်ပရမတ်သဘောကို စောင့်ကြည့်တဲ့အခါ ခုပေါ်ခုပျောက်၊ အခိုက်အတန့်အမြင်နဲ့ ကြည့်တတ်ဖို့အတွက်- ပညတ်အာရုံပုံသဏ္ဍန်တွေကို မကြည့်ဖို့လိုတယ်။

ပညတ်အာရုံတွေကို သတိမထားတော့မှ တကယ်ဖြစ်ပြီးပျက်နေတဲ့ ရုပ်နာမ်ပရမတ်သဘောတွေကို သတိထားမိလာမယ်။

အမျိုးမျိုးသော သိနေကျ ဘာပဲညာပဲအသိတွေကို လုံးဝလက်မခံတော့မှပဲ ဖြစ်ဆဲသဘောရဲ့ ချုပ်ပျောက်မှု အမှန်ကိုသာ တရစပ်ထပ်ဆင့်ပြီး သိနိုင်တဲ့- ကိလေသာကြားမခိုတဲ့ဉာဏ် ဖြစ်မယ်။ပဋိစ္စသမုပ္ပါဒ်ကို အစက တရစပ်ဖြတ်နိုင်မယ်။

ပညတ်အာရုံတွေကိုသာ သတိထားနေလို့ တကယ်ဖြစ်ပြီးပျက်နေတဲ့ ပရမတ်သဘောအစစ်ကို သတိမထားမိတော့တာ။

သိနေရတဲ့အာရုံတွေကိုသာသတိထားနေလို့ အာရုံကိုသိတတ်တဲ့သဘောကို သတိမထားမိတော့တာ။

မရှိတော့တဲ့ ရှေ့စိတ် (အာရုံ) ကိုသာသတိထားနေလို့ သိတဲ့နောက်စိတ် ပေါ်နေတာကို သတိမထားမိတော့တာ။

ရုပ်နာမ်သဘောကို ခုပေါ်ခုပျောက်သဘောအနေနဲ့`အခိုက်အတန့်´ အမြင်နဲ့ကြည့်တတ်ရမယ်။

– အကြည်ဓာတ်/အခံဓာတ်သဘောသာ အသစ်အစားမထိုးရင်အာရုံအသစ်နဲ့ မတွေ့နိုင်သလို၊ စိတ်အသစ်လည်းဖြစ်မှာမဟုတ်ဘူး ဆိုတဲ့အမြင်နဲ့ကြည့်တတ်ရင် သိမ်မွေ့တဲ့စိတ်တွေကို တွေ့ဖို့ လွယ်လာတယ်။

ဒွါရခြောက်ပေါက်မှာ မှီပြီးပေါ်တဲ့စိတ်မှန်သမျှကို ခြုံငုံတဲ့ဉာဏ်နဲ့ ဖြန့်ကြည့်နိုင်မှသာ ဖြစ်သမျှ စိတ်တိုင်းရဲ့အပျက်ကို ကိလေသာကြားမခိုတဲ့အထိ သိလာနိုင်မယ်။

ဒီအမြင်ကို တချို့ယောဂီတွေက ပျံလွင့်တယ်လို့အထင်မှားပြီး အာရုံတစ်ခု၊ စိတ်တစ်ခုမှာ ပြန်ပြီးစူးစိုက်တတ်ကြတယ်။

ဖြစ်ဆဲစိတ်နှင့်တကွ ဖြစ်ခဲ့သမျှစိတ်တိုင်းကို မရှိတော့မှန်း/ပျက်မှန်းသိခြင်းအားဖြင့် ငါ့စိတ်အနေနဲ့ အရှိပြန်ယူပြီးသိမ်းဆည်းထားတဲ့ အနုသယစွဲတွေအားလုံးကို စွန့်နိုင်တဲ့ဉာဏ်ဖြစ်စေရမယ်။

ဘယ်ပဲညာပဲလို့ သိတဲ့အသိတွေက သူ့အလိုလိုသိတာမဟုတ်ဘူး။နှလုံးသွင်းမှားမှုကြောင့်သိတာ။

အမှန်သိတဲ့ ဉာဏ်သိလည်း သူ့အလိုလိုသိတာမဟုတ်ဘူး။နှလုံးသွင်းမှန်မှုကြောင့် ဖြစ်တာ။

ဘယ်အသိကမှ နဂိုသိမဟုတ်ဘဲ နှလုံးသွင်းမှုအပေါ်မှာ မူတည်ပြီး အမှား-အမှန် ကွဲရတယ်။

ပြုလုပ်နေကျအတိုင်း ပြုလုပ်တတ်တဲ့- ဖြစ်နေကျစိတ်အလေ့အကျင့်တွေဆိုတာ အစွဲမကင်းလို့ဖြစ်ရတာ။

ချုပ်ပျောက်ပြီးသား ရုပ်နာမ် ပြန်ဖြစ်ရိုးထုံးစံမရှိဘဲ၊ အခုမှအသစ်ဖြစ်ပြီး အပြီးပျက်တဲ့ အမှန်ကိုသိခြင်းအားဖြင့်ပြုလုပ်နေကျအတိုင်း ပြုလုပ်တတ်တဲ့ – ဖြစ်နေကျစိတ်အလေ့အကျင့်တွေကို ဖျက်နိုင်/စွန့်နိုင်ရမယ်။

ရုပ်နာမ်သဘောရဲ့ မရှိမှု/ချုပ်ပျောက်မှုဘက် ဇောင်းပေးကြည့်ခြင်းအားဖြင့် ရုပ်နာမ်သဘောကို စွန့်ခွာနိုင်တဲ့ နိဗ္ဗာန်ဘက်ကို လှည့်တဲ့ဉာဏ် ဖြစ်တဲ့အထိ ဦးတည်နိုင်ရမယ်။

ဖြစ်ပြီးပျက်တတ်တဲ့ ရုပ်နာမ်သဘောကို ဖက်တွယ်နေရင် မဖြစ်မပျက်တဲ့နိဗ္ဗာန်ဘက်ကို လှည့်တဲ့ဉာဏ် မဖြစ်နိုင်သေးဘူး။

ရှေ့စိတ်ရဲ့ချုပ်ပျောက်မှုကို သိတဲ့နောက်စိတ်ကိုယ်၌ကလည်း ချုပ်ပျောက်တတ်တဲ့သဘောပဲမို့လို့ အသိ-အသိချင်း/ ဉာဏ်-ဉာဏ်ချင်းကိုတောင် တရစပ်ထပ်ဆင့်ပြီး မရှိမှန်း/ပျက်မှန်းသိခြင်းအားဖြင့် အသိကိုတောင် စွန့်နိုင်တဲ့အသိပဲ ဖြစ်စေရမယ်။

ပစ္စုပ္ပန်စွဲပြုတ်ဖို့ ဦးတည်ရင်းနဲ့ ကာလသုံးပါးလုံးအစွဲ ပြုတ်စေမှ ကာလသုံးပါးကလွန်မြောက်တဲ့ အသင်္ခတဘက် လှည့်တဲ့ဉာဏ် ဖြစ်မယ်။

ဖြစ်တဲ့စိတ်ကိုမတွေ့တော့ဘူးဆိုရင် အားစိုက်မှုကို နဂိုထက် ပိုလျော့ရပါတယ်။အားစိုက်မှုကိုလျော့လေ ပိုသိမ်မွေ့တဲ့စိတ်သဘောကိုတွေ့လေပဲ။

– ရုပ်နာမ်သဘောကိုကြည့်တဲ့နေရာမှာ ခုပေါ် ခုပျောက် သဘောအမြင်နဲ့ကြည့်တတ်ရင် ဖြစ်ကြောရှည်တဲ့အသိစွဲတွေကို စွန့်နိုင်တယ်။

#ပညတ်အယူတွေ ဆိတ်သုဉ်းတဲ့ ပရမတ်သဘောဆိုက်အောင်ကြည့်တတ်ဖို့ဆိုတာ
ပရမတ်သဘောကိုသာ အမျိုးမျိုးသောပညတ်တွေတင်ထားမှန်း သိတဲ့ဉာဏ် နဲ့ ကြည့်တတ်ရင် မခက်ဘူး။

မြင်ခြင်းနဲ့ မမြင်ခြင်း ၊ ကြားခြင်းနဲ့ မကြားခြင်း စသည်တွေမှာ စိတ်ကတုန်လှုပ်မှုကင်းပြီး တန်းတူသဘောထားနိုင်ဖို့ ဦးတည်ရင်းပေါ်သမျှစိတ်တိုင်းကို ဥပေက္ခာသဘောစိုက်အောင် ကြည့်တတ်ရမယ်။

ဒီလိုတန်းတူမထားနိုင်ဘဲ စိတ်က တုန်လှုပ်နေတယ်ဆိုရင် အာရုံတွေအပေါ်မှာ အယူမစင်ကြယ်သလို၊ ဖြစ်တဲ့စိတ်ကို ငြိတွယ်နေလို့ပဲ။

ရုပ်နဲ့ စိတ်ကို လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေအတွက် အသုံးမပြုရဘူး။ ကုသိုလ်ဖြစ်ဖို့၊ ဉာဏ်ဖြစ်ဖို့ပဲ အသုံးပြုနိုင်ရမယ်။

ကိလေသာရဲ့အလိုကိုလိုက်တိုင်း ကိလေသာကိုအားဖြည့်နေတာပဲ။

ကိလေသာအားကြီးလေ ဉာဏ်အားနည်းလေ။

သုညတဓမ္မ ရံသီတရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

ဆရာေလးေခမာရံသီ၏ June-July တြင္ေဟာၾကားထားေသာ တရားမ်ားမွ အနွစ္ခ်ဳပ္မ်ား

ျဖစ္တာကိုသိတာ သမာဓိ။ ျဖစ္တဲ့သေဘာရဲ့ မရွိေတာ့မႈ/ခ်ဳပ္ေပ်ာက္မႈ ကိုသိမွ ဝိပႆနာ။

ျဖစ္တဲ့သေဘာရဲ့ မရွိေတာ့မႈ/ခ်ဳပ္ေပ်ာက္မႈကို သိမွသာ- မရွိေတာ့တဲ့ ႐ုပ္နဲ႔စိတ္ သေဘာေတြကို အခ်ိန္တိုင္းမွာ အရွိျပန္ယူေနတဲ့ အႏုသယအစြဲမွန္သမ်ွ ပယ္စြန္႔နိုင္တဲ့ဉာဏ္ ျဖစ္ေစမယ္။

ျဖစ္တဲ့သေဘာက အခိုက္အတန္႔ပဲျဖစ္သလို၊ ပ်က္သြားတာလည္းခဏပဲ။ ေနာက္ထပ္စိတ္အသစ္ ထပ္ျဖစ္ေနၿပီ။ ျဖစ္တဲ့သက္တမ္းနဲ႔ ပ်က္တဲ့သက္တမ္းက အတူတူပဲ။

႐ုပ္နာမ္ပရမတ္သေဘာကို ေစာင့္ၾကည့္တဲ့အခါ ခုေပၚခုေပ်ာက္၊ အခိုက္အတန္႔အျမင္နဲ႔ ၾကည့္တတ္ဖို႔အတြက္- ပညတ္အာ႐ုံပုံသ႑န္ေတြကို မၾကည့္ဖို႔လိုတယ္။

ပညတ္အာ႐ုံေတြကို သတိမထားေတာ့မွ တကယ္ျဖစ္ၿပီးပ်က္ေနတဲ့ ႐ုပ္နာမ္ပရမတ္သေဘာ​​ေတြကို သတိထားမိလာမယ္။

အမ်ိဳးမ်ိဳးေသာ သိေနက် ဘာပဲညာပဲအသိေတြကို လုံးဝလက္မခံေတာ့မွပဲ ျဖစ္ဆဲသေဘာရဲ့ ခ်ဳပ္ေပ်ာက္မႈ အမွန္ကိုသာ တရစပ္ထပ္ဆင့္ၿပီး သိနိုင္တဲ့- ကိေလသာၾကားမခိုတဲ့ဉာဏ္ ျဖစ္မယ္။ပဋိစၥသမုပၸါဒ္ကို အစက တရစပ္ျဖတ္နိုင္မယ္။

ပညတ္အာ႐ုံေတြကိုသာ သတိထားေနလို႔ တကယ္ျဖစ္ၿပီးပ်က္ေနတ့ဲ ပရမတ္သေဘာအစစ္ကို သတိမထားမိေတာ့တာ။

သိေနရတ့ဲအာ႐ုံေတြကိုသာသတိထားေနလို႔ အာ႐ုံကိုသိတတ္တဲ့သေဘာကို သတိမထားမိေတာ့တာ။

မရွိေတာ့တဲ့ ေရွ႕စိတ္ (အာ႐ုံ) ကိုသာသတိထားေနလို႔ သိတ့ဲေနာက္စိတ္ ေပၚေနတာကို သတိမထားမိေတာ့တာ။

႐ုပ္နာမ္သေဘာကို ခုေပၚခုေပ်ာက္သေဘာအေနန႔ဲ`အခိုက္အတန္႔´ အျမင္နဲ႔ၾကည့္တတ္ရမယ္။

– အၾကည္ဓာတ္/အခံဓာတ္သေဘာသာ အသစ္အစားမထိုးရင္အာ႐ုံအသစ္န႔ဲ မေတြ႕နိုင္သလို၊ စိတ္အသစ္လည္းျဖစ္မွာမဟုတ္ဘူး ဆိုတ့ဲအျမင္နဲ႔ၾကည့္တတ္ရင္ သိမ္ေမြ႕တ့ဲစိတ္ေတြကို ေတြ႕ဖို႔ လြယ္လာတယ္။

ဒြါရေျခာက္ေပါက္မွာ မွီၿပီးေပၚတ့ဲစိတ္မွန္သမၽွကို ျခဳံငုံတ့ဲဉာဏ္န႔ဲ ျဖန္႔ၾကည့္နိုင္မွသာ ျဖစ္သမၽွ စိတ္တိုင္းရ့ဲအပ်က္ကို ကိေလသာၾကားမခိုတ့ဲအထိ သိလာနိုင္မယ္။

ဒီအျမင္ကို တခ်ိဳ့ေယာဂီေတြက ပ်ံလြင့္တယ္လို႔အထင္မွားၿပီး အာ႐ုံတစ္ခု၊ စိတ္တစ္ခုမွာ ျပန္ၿပီးစူးစိုက္တတ္ၾကတယ္။

ျဖစ္ဆဲစိတ္ႏွင့္တကြ ျဖစ္ခ့ဲသမၽွစိတ္တိုင္းကို မရွိေတာ့မွန္း/ပ်က္မွန္းသိျခင္းအားျဖင့္ ငါ့စိတ္အေနနဲ႔ အရွိျပန္ယူၿပီးသိမ္းဆည္းထားတ့ဲ အႏုသယစြဲေတြအားလုံးကို စြန္႔နိုင္တ့ဲဉာဏ္ျဖစ္ေစရမယ္။

ဘယ္ပဲညာပဲလို႔ သိတ့ဲအသိေတြက သူ႔အလိုလိုသိတာမဟုတ္ဘူး။ႏွလုံးသြင္းမွားမႈေၾကာင့္သိတာ။

အမွန္သိတ့ဲ ဉာဏ္သိလည္း သူ႔အလိုလိုသိတာမဟုတ္ဘူး။ႏွလုံးသြင္းမွန္မႈေၾကာင့္ ျဖစ္တာ။

ဘယ္အသိကမွ နဂိုသိမဟုတ္ဘဲ ႏွလုံးသြင္းမႈအေပၚမွာ မူတည္ၿပီး အမွား-အမွန္ ကြဲရတယ္။

ျပဳလုပ္ေနက်အတိုင္း ျပဳလုပ္တတ္တ့ဲ- ျဖစ္ေနက်စိတ္အေလ့အက်င့္ေတြဆိုတာ အစြဲမကင္းလို႔ျဖစ္ရတာ။

ခ်ဳပ္ေပ်ာက္ၿပီးသား ႐ုပ္နာမ္ ျပန္ျဖစ္ရိုးထုံးစံမရွိဘဲ၊ အခုမွအသစ္ျဖစ္ၿပီး အၿပီးပ်က္တ့ဲ အမွန္ကိုသိျခင္းအားျဖင့္ျပဳလုပ္ေနက်အတိုင္း ျပဳလုပ္တတ္တ့ဲ – ျဖစ္ေနက်စိတ္အေလ့အက်င့္ေတြကို ဖ်က္နိုင္/စြန္႔နိုင္ရမယ္။

႐ုပ္နာမ္သေဘာရ့ဲ မရွိမႈ/ခ်ဳပ္ေပ်ာက္မႈဘက္ ေဇာင္းေပးၾကည့္ျခင္းအားျဖင့္ ႐ုပ္နာမ္သေဘာကို စြန္႔ခြာနိုင္တဲ့ နိဗၺာန္ဘက္ကို လွည့္တ့ဲဉာဏ္ ျဖစ္တဲ့အထိ ဦးတည္နိုင္ရမယ္။

ျဖစ္ၿပီးပ်က္တတ္တဲ့ ႐ုပ္နာမ္သေဘာကို ဖက္တြယ္ေနရင္ မျဖစ္မပ်က္တဲ့နိဗၺာန္ဘက္ကို လွည့္တဲ့ဉာဏ္ မျဖစ္နိုင္ေသးဘူး။

ေရွ႕စိတ္ရ့ဲခ်ဳပ္ေပ်ာက္မႈကို သိတဲ့ေနာက္စိတ္ကိုယ္၌ကလည္း ခ်ဳပ္ေပ်ာက္တတ္တ့ဲသေဘာပဲမို႔လို႔ အသိ-အသိခ်င္း/ ဉာဏ္-ဉာဏ္ခ်င္းကိုေတာင္ တရစပ္ထပ္ဆင့္ၿပီး မရွိမွန္း/ပ်က္မွန္းသိျခင္းအားျဖင့္ အသိကိုေတာင္ စြန္႔နိုင္တဲ့အသိပဲ ျဖစ္ေစရမယ္။

ပစၥဳပၸန္စြဲျပဳတ္ဖို႔ ဦးတည္ရင္းနဲ႔ ကာလသုံးပါးလုံးအစြဲ ျပဳတ္ေစမွ ကာလသုံးပါးကလြန္ေျမာက္တဲ့ အသခၤတဘက္ လွည့္တ့ဲဉာဏ္ ျဖစ္မယ္။

ျဖစ္တ့ဲစိတ္ကိုမေတြ႕ေတာ့ဘူးဆိုရင္ အားစိုက္မႈကို နဂိုထက္ ပိုေလ်ာ့ရပါတယ္။အားစိုက္မႈကိုေလ်ာ့ေလ ပိုသိမ္ေမြ႕တဲ့စိတ္သေဘာကိုေတြ႕ေလပဲ။

– ႐ုပ္နာမ္သေဘာကိုၾကည့္တဲ့ေနရာမွာ ခုေပၚ ခုေပ်ာက္ သေဘာအျမင္နဲ႔ၾကည့္တတ္ရင္ ျဖစ္ေၾကာရွည္တ့ဲအသိစြဲေတြကို စြန္႔နိုင္တယ္။

#ပညတ္အယူေတြ ဆိတ္သုဥ္းတ့ဲ ပရမတ္သေဘာဆိုက္ေအာင္ၾကည့္တတ္ဖို႔ဆိုတာ
ပရမတ္သေဘာကိုသာ အမ်ိဳးမ်ိဳးေသာပညတ္ေတြတင္ထားမွန္း သိတ့ဲဉာဏ္ န႔ဲ ၾကည့္တတ္ရင္ မခက္ဘူး။

ျမင္ျခင္းနဲ႔ မျမင္ျခင္း ၊ ၾကားျခင္းနဲ႔ မၾကားျခင္း စသည္ေတြမွာ စိတ္ကတုန္လႈပ္မႈကင္းၿပီး တန္းတူသေဘာထားနိုင္ဖို႔ ဦးတည္ရင္းေပၚသမၽွစိတ္တိုင္းကို ဥေပကၡာသေဘာစိုက္ေအာင္ ၾကည့္တတ္ရမယ္။

ဒီလိုတန္းတူမထားနိုင္ဘဲ စိတ္က တုန္လႈပ္ေနတယ္ဆိုရင္ အာ႐ုံေတြအေပၚမွာ အယူမစင္ၾကယ္သလို၊ ျဖစ္တဲ့စိတ္ကို ၿငိတြယ္ေနလို႔ပဲ။

႐ုပ္နဲ႔ စိတ္ကို ေလာဘ၊ ေဒါသ၊ ေမာဟ၊ မာန္မာနေတြအတြက္ အသုံးမျပဳရဘူး။ ကုသိုလ္ျဖစ္ဖို႔၊ ဉာဏ္ျဖစ္ဖို႔ပဲ အသုံးျပဳနိုင္ရမယ္။

ကိေလသာရ့ဲအလိုကိုလိုက္တိုင္း ကိေလသာကိုအားျဖည့္ေနတာပဲ။

ကိေလသာအားႀကီးေလ ဉာဏ္အားနည္းေလ။

သုညတဓမၼ ရံသီတရားရိပ္သာ အက်ိဳးေတာ္ေဆာင္အဖြဲ႔