စိုက်ခင်းထဲကပေးတဲ့ ဘဝသင်ခန်းစာ

စိုက်ခင်းထဲကပေးတဲ့ ဘဝသင်ခန်းစာ


ဒီနေ့အလုပ်လေးနားတော့ ခြံထဲအလည်ရောက်ဖြစ်တယ် ။ ကိုယ်နှစ်သက်လို့စိုက်ထားတဲ့အပင်တွေကျတော့ ရေလောင်းပေါင်းတင်လုပ်ပေးမှ ကြီးထွားရှင်သန်လာတာ ။ ကိုယ့်စိတ်တိုင်းကျဖြစ်လာတယ် ။ ၁ လလောက်ဂရုမစိုက်ပဲပစ်ထားတဲ့အခါ ဖြစ်ချင်သလိုဖြစ်နေတာ တွေ့ရတယ် ။ ပတ်ဝန်းကျင်မှာလည်း မြက်တွေ ပေါင်းတွေနဲ့စုံလို့ ။ ဒါလေးကိုမြင်တော့ ဘာကိုတွေးမိလည်းဆို ။

ကျွန်တော်တို့ဘဝမှာလည်း အကျင့်ကောင်းတွေ အကျင့်ဆိုးတွေဆိုတာရှိတယ် ။ ကောင်းတဲ့အကျင့်ဖြစ်ဖို့ သေချာဂရုတစိုက် ပြုစုပျိုးထောင်ပေးဖို့လိုသလောက် မကောင်းတဲ့အကျင့်ဖြစ်ဖို့ကျ ဘာမှကိုမလိုဘူး ။ သူ့အလိုလိုဖြစ်လာတာ ။ ကိုယ်ဟာ သီးနှံကောင်းကောင်းဖြစ်ထွန်းချင်ရင်တော့ အပင်ကို ပြုစု ဂရုစိုက်ဖို့လိုသလို မလိုတဲ့ မြက်တွေ ပေါင်းတွေကိုလည်း ရှင်းလင်းပေးဖို့လိုတယ် ။ အဲ့လိုပဲ ဘဝမှာလည်း အောင်မြင်တဲ့သူဖြစ်ဖို့ လူတော်လူကောင်းဖြစ်ဖို့ဆိုရင် အကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးဖို့လိုသလို မကောင်းတဲ့အကျင့်တွေလည်း စွန့်ပစ်ဖို့လိုတယ် . . .

ဒါကြောင့် မိတ်ဆွေတို့လည်း ကိုယ့်မှာ ကောင်းတဲ့အကျင့်တွေက ဘာတွေလဲ . . .မကောင်းတဲ့အကျင့်တွေက ဘာတွေလဲဆိုတာ ပြန်လည်စဉ်းစားသုံသပ်ရင်း ကောင်းတဲ့အရာတွေကို ကျင့်သုံး မကောင်းတာတွေကို စွန့်ပစ်ရင်း အောင်မြင်မှုကို အတူသွားကြပါစို့

နေလင်း(သမီးလေး)

စိုက္ခင္းထဲကေပးတဲ့  ဘဝသင္ခန္းစာ

ဒီေန႔အလုပ္ေလးနားေတာ့ ျခံထဲအလည္ေရာက္ျဖစ္တယ္ ။ ကိုယ္ႏွစ္သက္လို႔စိုက္ထားတဲ့အပင္ေတြက်ေတာ့ ေရေလာင္းေပါင္းတင္လုပ္ေပးမွ ၾကီးထြားရွင္သန္လာတာ ။ ကိုယ့္စိတ္တိုင္းက်ျဖစ္လာတယ္ ။ ၁ လေလာက္ဂရုမစိုက္ပဲပစ္ထားတဲ့အခါ ျဖစ္ခ်င္သလိုျဖစ္ေနတာ ေတြ႔ရတယ္ ။ ပတ္၀န္းက်င္မွာလည္း ျမက္ေတြ ေပါင္းေတြနဲ့စံုလို႔ ။ ဒါေလးကိုျမင္ေတာ့ ဘာကိုေတြးမိလည္းဆို ။

ကၽြန္ေတာ္တို႔ဘ၀မွာလည္း အက်င့္ေကာင္းေတြ အက်င့္ဆိုးေတြဆိုတာရွိတယ္ ။ ေကာင္းတဲ့အက်င့္ျဖစ္ဖို႔ ေသခ်ာဂရုတစိုက္ ျပဳစုပ်ိဳးေထာင္ေပးဖို႔လိုသေလာက္ မေကာင္းတဲ့အက်င့္ျဖစ္ဖို႔က် ဘာမွကိုမလိုဘူး ။ သူ႔အလိုလိုျဖစ္လာတာ ။ ကိုယ္ဟာ သီးႏွံေကာင္းေကာင္းျဖစ္ထြန္းခ်င္ရင္ေတာ့ အပင္ကို ျပဳစု ဂရုစိုက္ဖို႔လိုသလို မလိုတဲ့ ျမက္ေတြ ေပါင္းေတြကိုလည္း ရွင္းလင္းေပးဖို႔လိုတယ္ ။ အဲ့လိုပဲ ဘ၀မွာလည္း ေအာင္ျမင္တဲ့သူျဖစ္ဖို႔ လူေတာ္လူေကာင္းျဖစ္ဖို႔ဆိုရင္ အက်င့္ေကာင္းေတြကို လိုက္နာက်င့္သံုးဖို႔လိုသလို မေကာင္းတဲ့အက်င့္ေတြလည္း စြန္႔ပစ္ဖို႔လိုတယ္ . . .

ဒါေၾကာင့္ မိတ္ေဆြတို႔လည္း ကိုယ့္မွာ ေကာင္းတဲ့အက်င့္ေတြက ဘာေတြလဲ . . .မေကာင္းတဲ့အက်င့္ေတြက ဘာေတြလဲဆိုတာ ျပန္လည္စဥ္းစားသံုသပ္ရင္း ေကာင္းတဲ့အရာေတြကို က်င့္သံုး မေကာင္းတာေတြကို စြန္႔ပစ္ရင္း ေအာင္ျမင္မွဳကို အတူသြားၾကပါစို႔

ေနလင္း(သမီးေလး)