ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ပါစေ
ကိုယ့်ဘက်က ဘယ်လောက်ထိချစ်နေပါစေ သူ့ဘက်က အလေးမထားရင် သူ့ကိုချစ်တာထက် ကိုယ့်ကိုကိုယ် နှစ်နေတာပါ။ ကိုယ့်ဘက်က ဘယ်လောက်ထိပေးဆပ်နေပါစေ သူ့ဘက်က ပြန်ရတာဥပေက္ခာတွေသာဆိုရင် ကိုယ့်အချစ်က” ဝဋ်”တစ်ခုလိုပဲဆိုတာ။
ကိုယ့်ဘက်က ယုံကြည်မှုတွေပေးထားရက်နဲ့ သူ့ဘက်က ယုံကြည်မှုကိုအလွဲသုံးစားလုပ်တဲ့အခါ အချစ်ဆိုတာ ယုံကြည်မှုမရှိရင် တည်ဆောက်မရနိုင်ဘူးဆိုတာ သိလိုက်ပါ။ ကိုယ့်ဘက်က ပျော်ရွှင်မှုတွေပေးပါရက်နဲ့ သူ့ဘက်က အကြိမ်ကြိမ်မျက်ရည်ကျအောင် နာကျင်စေခဲ့ရင် အချစ်ကဝမ်းနည်းခြင်းမဟုတ်ဘူး ဆိုတာသိလိုက်ပါ။ တချို့ကပြောကြတယ် ချစ်တတ်ရင် ငိုတတ်အောင်သင်ထားပြီးပြီလားတဲ့? တကယ်တမ်းတော့ တကယ်ချစ်တတ်တဲ့သူဆိုတာ သူတန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်တော့မှ မျက်ရည်ကျအောင်မလုပ်ဘူး အမြဲပျော်ရွှင်အောင်ထားတတ်ကြတယ်။
အချစ်ဆိုတာ ရယူခြင်းလည်းမဟုတ်သလို ပိုင်ဆိုင်ခြင်းလည်းမဟုတ်ပါဘူး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်မှု့ရှိနေမှသာလျှင် အချစ်စစ်တစ်ခုပါ။ တစ်ယောက်တည်းကပဲ ချစ်နေ၊နားလည်မှု့ပေးနေ၊ သည်းခံခွင့်လွှတ်နေသမျှတော့ အချစ်စစ်လို့မခေါ်ထိုက်တော့ဘူး” ဝဋ်”တစ်ခုလိုပဲဆိုတာ အချိန်မလွန်ခင် သိပြီး ဆင်ချင်တက်ပါစေ။ လေးစားစွာဖြင့် ♥♥♥ ကြိုးစားပါအုံးမည် ~~~
MayHsu_(ရာမညမြေ)
ကိုယ့္ကိုကိုယ္တန္ဖိုးထားတတ္ပါေစ
ကိုယ့္ဘက္က ဘယ္ေလာက္ထိခ်စ္ေနပါေစ သူ႔ဘက္က အေလးမထားရင္ သူ႔ကိုခ်စ္တာထက္ ကိုယ့္ကိုကိုယ္ ႏွစ္ေနတာပါ။ ကိုယ့္ဘက္က ဘယ္ေလာက္ထိေပးဆပ္ေနပါေစ သူ႔ဘက္က ျပန္ရတာဥေပကၡာေတြသာဆိုရင္ ကိုယ့္အခ်စ္က” ဝဋ္”တစ္ခုလိုပဲဆိုတာ။
ကိုယ့္ဘက္က ယံုၾကည္မႈေတြေပးထားရက္နဲ႔ သူ႔ဘက္က ယံုၾကည္မႈကိုအလြဲသံုးစားလုပ္တဲ့အခါ အခ်စ္ဆိုတာ ယံုၾကည္မႈမရိွရင္ တည္ေဆာက္မရႏိုင္ဘူးဆိုတာ သိလိုက္ပါ။ ကိုယ့္ဘက္က ေပ်ာ္ရႊင္မႈေတြေပးပါရက္နဲ႔ သူ႔ဘက္က အႀကိမ္ႀကိမ္မ်က္ရည္က်ေအာင္ နာက်င္ေစခဲ့ရင္ အခ်စ္ကဝမ္းနည္းျခင္းမဟုတ္ဘူး ဆိုတာသိလိုက္ပါ။ တခ်ိဳ႕ကေျပာၾကတယ္ ခ်စ္တတ္ရင္ ငိုတတ္ေအာင္သင္ထားၿပီးၿပီလားတဲ့? တကယ္တမ္းေတာ့ တကယ္ခ်စ္တတ္တဲ့သူဆိုတာ သူတန္ဖိုးထားတဲ့ မိန္းကေလးတစ္ေယာက္ကို ဘယ္ေတာ့မွ မ်က္ရည္က်ေအာင္မလုပ္ဘူး အျမဲေပ်ာ္ရႊင္ေအာင္ထားတတ္ၾကတယ္။
အခ်စ္ဆိုတာ ရယူျခင္းလည္းမဟုတ္သလို ပိုင္ဆိုင္ျခင္းလည္းမဟုတ္ပါဘူး တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္နားလည္မႈ႔ရိွေနမွသာလ်ွင္ အခ်စ္စစ္တစ္ခုပါ။ တစ္ေယာက္တည္းကပဲ ခ်စ္ေန၊နားလည္မႈ႕ေပးေန၊ သည္းခံခြင့္လႊတ္ေနသမ်ွေတာ့ အခ်စ္စစ္လို႔မေခၚထိုက္ေတာ့ဘူး” ဝဋ္”တစ္ခုလိုပဲဆိုတာ အခ်ိန္မလြန္ခင္ သိၿပီး ဆင္ခ်င္တက္ပါေစ။ ေလးစားစြာျဖင့္ ♥♥♥ ႀကိဳးစားပါအံုးမည္ ~~~
MayHsu_(ရာမညေျမ)