တစ်ဖက်သတ် . . . . ကိုယ့်အနားမှာ မပျော်တဲ့လူတစ်ယောက်ကို . . . ဆွဲထားရတာ အတော့်ကို ပင်ပန်းပါတယ် ။

တစ်ဖက်သတ် . . . .

ကိုယ့်အနားမှာ မပျော်တဲ့လူတစ်ယောက်ကို . . . ဆွဲထားရတာ အတော့်ကို ပင်ပန်းပါတယ် ။

ရှိနေစေချင်ရုံစိတ်တစ်တည်းနဲ့ မနေချင်တဲ့သူကို ကိုယ့်ဘက်ကချည်း ဆွဲထားမိတာလေ ။

မာနတွေလဲ မထားဖြစ်ခဲ့သလို သိက္ခာတွေလဲ မကျန်တော့တဲ့အထိအောက်ကျနောက်ကျ နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လဲ တစ်ခါတစ်လေကျတော့ ဒေါသတွေ ထွက်မိတယ် ။

ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ်တစ်ယောက်တည်း ရူးနေမိတာလေ ။

ချစ်လွန်းလို့ပါဆိုတဲ့ အဖြေက လွဲလို့ တခြားဖြေစရာမတွေ့ခဲ့ဘူး ။

ကိုယ့်ဘက်က ချစ်လွန်းလို့ ဂရုစိုက်မှုတွေ ကြင်နာမှုတွေ ကိုယ်တတ်နိုင်ခဲ့တာတွေထက် ပိုပြီး ပေးခဲ့ပေမယ့် တစ်ဖက်က အသိအမှတ်ပြုဖို့နေနေသာသာ မသိချင်ယောင် ဆောင်နေခဲ့တာလေ ။

သူ့ကို ချစ်ရတာ စိတ်ပင်ပန်းရတယ် ။ အဝေးမှာ ရှိနေတဲ့အခါလဲ အဝေးမှာ ရှိနေလို့ စိတ်မချ ဖြစ်ရတယ် ။

အနီးမှာ ရှိနေတဲ့အခါလဲ သူ့စိတ် ကိုယ့်ဆီမှာ မရှိမှန်းသိလို့ ဝမ်းနည်းရတယ် ။ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ်ပဲ ကြေကွဲရတာပါ ။

တစ်ခါတစ်လေကျပြန်တော့တွေးမိပြန်တယ် ။ ကိုယ့်အချစ်တွေက သူ့အတွက် ဝန်ထုတ်ဝန်ပိုးတွေပဲ ဖြစ်နေမလားလို့ ။

အရာရာမှာ ကိုယ့်ဘက်ကချည်း . . . တစ်ဖက်သတ် ဖြစ်နေခဲ့တာလေ ။သူ့အတွက် တစ်ခဏလောက်တောင် ပျော်ဖို့ မစွမ်းနိုင်တဲ့အခါ . . . အဝေးမှာ ကျန်ခဲ့ဖို့ပဲ တွေးလာမိတော့တယ် ။

အဝေးကနေချစ်လဲ အချစ်ဆိုတာမှန်း ကိုယ်လက်ခံခဲ့ပြီးသားပါ ။ ရယူပိုင်ဆိုင်မှ ကိုယ့်အနားမှာ ရှိနေမှ ချစ်နေမယ့် မေတ္တာမျိုးမှ မဟုတ်တာ ။

အနားမှာ ရှိနေပါလားဆိုတဲ့ အသိလေးနဲ့ ပျော်ချင်ခဲ့တဲ့ အတ္တကြောင့် တွယ်ကပ်နေခဲ့မိတာပါ ။ အခုတော့ သူနဲ့ အဝေးဆုံးမှာပဲ ကျန်ခဲ့ဖို့ တွေးပါတယ် ။

အရမ်းကြီး ဖက်တွယ်ထားတာတွေ ၊ မနေချင်မှန်းသိသိရဲ့နဲ့ ဖက်တွယ်ထားတာတွေ ရပ်ပစ်လိုက်သင့်ပြီလို့ ထင်ပါတယ် ။

လူတစ်ယောက်အပေါ်ထားတဲ့ စိတ်ဆိုတာ အတင်းကြီးလုပ်ယူလို့ရတာမျိုး မဟုတ်မှန်း လက်သင့်ခံလိုက်ပါပြီ ။ ချစ်လာဖို့ အနာကျင်ခံပြီး မကြိုးစားတော့ဘူး ။

နောက်ထပ် . . . လျစ်လျူရှုမှု ဒဏ်တွေ ဂရုစိုက်မခံရတာတွေကို ခံနိုင်ဖို့ အင်အားတွေ မဲ့လာလို့ အဝေးမှာ ကျန်နေခဲ့ဖို့ကိုပဲ ရွေးပါတယ် ။

ဒီနေ့က စလို့ . . . .မင်းအကောင့်လေးကို Unfollow လုပ်မယ် . . . ကိုယ့်အတွက်မဟုတ်တဲ့ အရာတွေ . . . တက်လာတဲ့အခါ ကိုယ့်ကိုယ်ကို မနာကျင်မိအောင်ပေါ့ ။

သတိရတဲ့အခါ My Day လေးကြည့်မယ် မင်းပုံလေးတွေ ခိုးပြီး Save မယ် ။ သူပျော်နေတာပဲ ဆိုတဲ့ အတွေးနဲ့ ကိုယ်လဲ ပျော်အောင်နေဖို့ အားမွေးရမယ်လေ ။

တစ်ဖက်သတ်အချစ်ကြီးက အရမ်းကို ခံစားရပါတယ် ။ ဒါပေမယ့် မင်းသိထားပေးပါ မင်းကို ချစ်လွန်းလို့ . . . အဝေးမှာ နေဖို့ ကိုယ်ရွေးခဲ့မိတာပါ ဘဝထဲကနေ ထုတ်မပစ်ရက်ခဲ့သလို facebook ပေါ်မှာလဲ Block မလုပ်ရက်သေးဘူး ။ ဒါတွေ မင်းမသိလဲ ဖြစ်ပါတယ် ။

Zuu

တစ္ဖက္သတ္ . . . .

ကိုယ့္အနားမွာ မေပ်ာ္တဲ့လူတစ္ေယာက္ကို . . . ဆြဲထားရတာ အေတာ့္ကို ပင္ပန္းပါတယ္ ။

ရွိေနေစခ်င္႐ုံစိတ္တစ္တည္းနဲ႔ မေနခ်င္တဲ့သူကို ကိုယ့္ဘက္ကခ်ည္း ဆြဲထားမိတာေလ ။

မာနေတြလဲ မထားျဖစ္ခဲ့သလို သိကၡာေတြလဲ မက်န္ေတာ့တဲ့အထိေအာက္က်ေနာက္က် ႏိုင္ခဲ့တဲ့ ကိုယ့္ကိုယ္ကိုယ္လဲ တစ္ခါတစ္ေလက်ေတာ့ ေဒါသေတြ ထြက္မိတယ္ ။

ဘာေၾကာင့္လဲ ဆိုတဲ့ ေမးခြန္းေတြနဲ႔ ကိုယ္တစ္ေယာက္တည္း ႐ူးေနမိတာေလ ။

ခ်စ္လြန္းလို႔ပါဆိုတဲ့ အေျဖက လြဲလို႔ တျခားေျဖစရာမေတြ႕ခဲ့ဘူး ။

ကိုယ့္ဘက္က ခ်စ္လြန္းလို႔ ဂ႐ုစိုက္မႈေတြ ၾကင္နာမႈေတြ ကိုယ္တတ္ႏိုင္ခဲ့တာေတြထက္ ပိုၿပီး ေပးခဲ့ေပမယ့္ တစ္ဖက္က အသိအမွတ္ျပဳဖို႔ေနေနသာသာ မသိခ်င္ေယာင္ ေဆာင္ေနခဲ့တာေလ ။

သူ႔ကို ခ်စ္ရတာ စိတ္ပင္ပန္းရတယ္ ။ အေဝးမွာ ရွိေနတဲ့အခါလဲ အေဝးမွာ ရွိေနလို႔ စိတ္မခ် ျဖစ္ရတယ္ ။

အနီးမွာ ရွိေနတဲ့အခါလဲ သူ႔စိတ္ ကိုယ့္ဆီမွာ မရွိမွန္းသိလို႔ ၀မ္းနည္းရတယ္ ။ ဘယ္အေျခအေနမွာပဲ ျဖစ္ျဖစ္ ကိုယ္ပဲ ေၾကကြဲရတာပါ ။

တစ္ခါတစ္ေလက်ျပန္ေတာ့ေတြးမိျပန္တယ္ ။ ကိုယ့္အခ်စ္ေတြက သူ႔အတြက္ ၀န္ထုတ္၀န္ပိုးေတြပဲ ျဖစ္ေနမလားလို႔ ။

အရာရာမွာ ကိုယ့္ဘက္ကခ်ည္း . . . တစ္ဖက္သတ္ ျဖစ္ေနခဲ့တာေလ ။သူ႔အတြက္ တစ္ခဏေလာက္ေတာင္ ေပ်ာ္ဖို႔ မစြမ္းန္ိုင္တဲ့အခါ . . . အေဝးမွာ က်န္ခဲ့ဖို႔ပဲ ေတြးလာမိေတာ့တယ္ ။

အေဝးကေနခ်စ္လဲ အခ်စ္ဆိုတာမွန္း ကိုယ္လက္ခံခဲ့ၿပီးသားပါ ။ ရယူပိုင္ဆိုင္မွ ကိုယ့္အနားမွာ ရွိေနမွ ခ်စ္ေနမယ့္ ေမတၱာမ်ိဳးမွ မဟုတ္တာ ။

အနားမွာ ရွိေနပါလားဆိုတဲ့ အသိေလးနဲ႔ ေပ်ာ္ခ်င္ခဲ့တဲ့ အတၱေၾကာင့္ တြယ္ကပ္ေနခဲ့မိတာပါ ။ အခုေတာ့ သူနဲ႔ အေဝးဆုံးမွာပဲ က်န္ခဲ့ဖို႔ ေတြးပါတယ္ ။

အရမ္းႀကီး ဖက္တြယ္ထားတာေတြ ၊ မေနခ်င္မွန္းသိသိရဲ႕နဲ႔ ဖက္တြယ္ထားတာေတြ ရပ္ပစ္လိုက္သင့္ၿပီလို႔ ထင္ပါတယ္ ။

လူတစ္ေယာက္အေပၚထားတဲ့ စိတ္ဆိုတာ အတင္းႀကီးလုပ္ယူလို႔ရတာမ်ိဳး မဟုတ္မွန္း လက္သင့္ခံလိုက္ပါၿပီ ။ ခ်စ္လာဖို႔ အနာက်င္ခံၿပီး မႀကိဳးစားေတာ့ဘူး ။

ေနာက္ထပ္ . . . လ်စ္လ်ဴရႈမႈ ဒဏ္ေတြ ဂ႐ုစိုက္မခံရတာေတြကို ခံႏိုင္ဖို႔ အင္အားေတြ မဲ့လာလို႔ အေဝးမွာ က်န္ေနခဲ့ဖို႔ကိုပဲ ေ႐ြးပါတယ္ ။

ဒီေန႔က စလို႔ . . . .မင္းအေကာင့္ေလးကို Unfollow လုပ္မယ္ . . . ကိုယ့္အတြက္မဟုတ္တဲ့ အရာေတြ . . . တက္လာတဲ့အခါ ကိုယ့္ကိုယ္ကို မနာက်င္မိေအာင္ေပါ့ ။

သတိရတဲ့အခါ My Day ေလးၾကည့္မယ္ မင္းပုံေလးေတြ ခိုးၿပီး Save မယ္ ။ သူေပ်ာ္ေနတာပဲ ဆိုတဲ့ အေတြးနဲ႔ ကိုယ္လဲ ေပ်ာ္ေအာင္ေနဖို႔ အားေမြးရမယ္ေလ ။

တစ္ဖက္သတ္အခ်စ္ႀကီးက အရမ္းကို ခံစားရပါတယ္ ။ ဒါေပမယ့္ မင္းသိထားေပးပါ မင္းကို ခ်စ္လြန္းလို႔ . . . အေဝးမွာ ေနဖို႔ ကိုယ္ေ႐ြးခဲ့မိတာပါ ဘ၀ထဲကေန ထုတ္မပစ္ရက္ခဲ့သလို facebook ေပၚမွာလဲ Block မလုပ္ရက္ေသးဘူး ။ ဒါေတြ မင္းမသိလဲ ျဖစ္ပါတယ္ ။

Zuu