အာဇာနည်နေ့ သမိုင်း

အာဇာနည်နေ့ သမိုင်း

လွန်ခဲ့တဲ့ (၇၂) နှစ်၊ တိတိကျကျပြောရရင် ၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်။ တိုင်းပြည်ကံကြမ္မာကို ပြောင်းလဲပစ်လိုက်တဲ့ အချိန်။ အဲဒီအချိန်မတိုင်မီ နံနက် (၁၀) နာရီ ဝန်းကျင်မှာ တာဝါလိမ်းလမ်း နေအိမ်ကနေ အတွင်းဝန်များရုံးမှာ ပြုလုပ်မယ့် ဝန်ကြီးများ အစည်းအဝေးကိုတက်ဖို့ ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ ကားနက်ကလေး RA/2874 ကိုစီးပြီး ထွက်လာ ခဲ့တယ်။

(၁၀) နာရီ (၁၀) မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့ အလယ်ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မယ့် အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။ အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောက်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊ “ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။

အဲဒီမနက်ရဲ့ရန်ကုန်မြို့ရာသီဥတုဟာ“မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်း လျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ် လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။

နံနက် (၁၀) နာရီ (၁၅) မိနစ်ခန့်မှာတော့ ဝန်ကြီးများရုံးရဲ့ အစည်းအဝေးခန်းမမှာ ဝန်ကြီးတွေ အစည်းအဝေးပြုလုပ်နေကြတယ်။

အောင်ဆန်း-အက်တလီ စာချုပ်အရ ရှေ့လာမယ့် လအနည်းငယ်အတွင်းမှာ သေချာပေါက်ရတော့မယ့် လွတ်လပ်ရေးကို မျှော်မှန်းတွေးပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် တက်ကြွနေကြတဲ့ ဝန်ကြီးအသီး သီးဟာ မကြာမီ သူတို့အပေါ် ကြရောက်လာတော့မယ့် ကံကြမ္မာဆိုးကို လုံးဝ မသိရှာကြဘူး။

နံနက် (၁၀) နာရီ (၃၅) မိနစ် ခန့်မှာတော့ ကံကြမ္မာဆိုး (သို့မဟုတ်) လူသတ်သေနတ်သမားတွေကို တင်ဆောင်လာတဲ့ ကားနံပါတ် RC / 1814 ဂျစ်ကားဟာ ဝန်ကြီးများရုံးရှိရာကို ရောက်ရှိလာပါတယ်။ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်မှာတော့ သေနတ်သမားတွေဟာ ဝန်ကြီးတွေ အစည်းအဝေးလုပ်နေတဲ့ အခန်းဝကို ရောက်ရှိလာပြီး အသင့်သယ်ဆောင်လာတဲ့ စက်သေနတ်အသီးသီးနဲ့ အစည်းအဝေးခန်းမထဲမှာရှိနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းပြည်ခေါင်းဆောင်အသီးသီးကို စိတ်ရှိလက်ရှိ ပစ်ခတ်သတ်ဖြတ် လုပ်ကြံလိုက်ကြ ပါတော့ တယ်။ လူသတ်သမားတွေဟာေ ခါင်းဆောင်တွေနဲ့အတူ တိုင်းပြည်ကံကြမ္မာကိုပါ လုပ်ကြံလိုက်မိတယ်ဆိုတာ စိုးစဉ်းမျှ တွေးမိပုံတောင်မရတဲ့ပုံပါပဲ။ အဲဒီလုပ်ကြံမှုမှ ခေါင်းဆောင်ရှစ်ဦးနဲ့အတူ သေနတ်သံ တွေကြားလို့ ပြေးထွက်လာတဲ့ ဝန်ကြီးဦးရာဇတ်ရဲ့ အပါးတော်မြဲ ရဲဘော်ကိုထွေးလည်း ကျဆုံးအသက်ပေးခဲ့ရ ပါတယ်။ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ကိုးဦးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဗိုလ်ချုပ်အောင်ဆန်း- ဘုရင်ခံကောင်စီဒု-ဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန

၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန

၃။ ဦးဘဝင်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊

၄။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန

၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊

၆။ မန်းဘခိုင် – စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊

၇။ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊

၈။ ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန

၉။ ရဲဘော်-ကိုထွေး

အဲဒီနောက်မှာတော့ တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးလို ကြိတ်မနိုင်ခဲမရ ဝမ်းနည်းတသနဲ့ ငိုကြွေးခဲ့ကြရတာ ခုဆိုရင် (၇၂) နှစ် တိုင်ခဲ့ပါပြီ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ် ။

အရှင်သူရိယ ပြန်လည်မျှဝေသည်

အာဇာနည္ေန႔ သမိုင္း

လြန္ခဲ႔တဲ႔ (၇၂) ႏွစ္၊ တိတိက်က်ေျပာရရင္ ၁၉၄၇-ခုႏွစ္ ဇူလိုင္လ (၁၉) ရက္၊ နံနက္ (၁၀) နာရီ (၃၇) မိနစ္ အခ်ိန္။ တိုင္းျပည္ကံၾကမၼာကို ေျပာင္းလဲပစ္လိုက္တဲ႔ အခ်ိန္။ အဲဒီအခ်ိန္မတိုင္မီ နံနက္ (၁၀) နာရီ ဝန္းက်င္မွာ တာ၀ါလိမ္းလမ္း ေနအိမ္ကေန အတြင္း၀န္မ်ားရုံးမွာ ျပဳလုပ္မယ္႔ ၀န္ၾကီးမ်ား အစည္းအေ၀းကုိတက္ဖို႔ ဗုိလ္ခ်ဳပ္ ေအာင္ဆန္းဟာ သူ႔ရဲ႕ အပါးေတာ္ၿမဲ ဗုိလ္ထြန္းလွနဲ႔အတူ ကားနက္ကေလး RA/2874 ကိုစီးၿပီး ထြက္လာ ခဲ႔တယ္။

(၁၀) နာရီ (၁၀) မိနစ္ေလာက္မွာ အတြင္း၀န္မ်ားရုံးရဲ႕ အလယ္ဗဟုိ ေလွကားေျခရင္းကို ဗုိလ္ခ်ဳပ္ကားဆုိက္လာျပီး အစည္းအေ၀းလုပ္မယ္႔ အေပၚထပ္ သူ႔ရုံးခန္းကို အပါးေတာ္ျမဲ ဗုိလ္ထြန္းလွနဲ႔အတူ တက္လာတယ္။ အဲဒီေန႔က်မွ ဗုိလ္ခ်ဳပ္ဟာ ခါတုိင္းလုိ ယူနီေဖာင္း၀တ္နဲ႔ မဟုတ္ဘဲ ေရႊဖလားေရာင္ ဗန္ေကာက္လုံခ်ည္၊ သနပ္ခါးေရာင္ မႏၱေလး ပုိးတိုက္ပုံႏွင့္ အျဖဴေရာင္ သဲၾကိဳး တပ္ထားတဲ႔ ေလယာဥ္ပ်ံဖိနပ္ စတာေတြနဲ႔ ျမန္မာဆန္ဆန္ ၀တ္စားဆင္ယင္ထားတာကုိ ထူးထူးျခားျခား ေတြ႔ရလုိ႔၊ “ ဗုိလ္ခ်ဳပ္က ဒီလုိေတာ႔ အေခ်ာၾကီးပဲ “ ဟု ဦးဘဂ်မ္းက လွမ္းေနာက္လုိက္တယ္။

အဲဒီမနက္ရဲ႕ရန္ကုန္ၿမိဳ႕ရာသီဥတုဟာ“မုိးလင္း ကတည္းကပင္ ေကာင္းကင္သည္ အုံ႔မွိဳင္းညဳိမွိဳင္း လ်က္ရွိသည္ ။ တိမ္တုိက္ဟူ၍ ဘာမွ် ၾကည္လင္စြာ မျမင္ရ။ မုိးကို ၾကည္႔ရသည္မွာ ျမဴသန္းေနေသာ ပင္လယ္ျပင္ၾကီး လုိ ၀ုိး၀ုိး၀ါး၀ါး ေနသည္။ မုိးသည္ ကင္းကင္းလြတ္ လြတ္ စဲသည္ဟူ၍မရွိဘဲ တဖြဲဖြဲ ေနလိုက္၊ တျဖိဳင္ျဖိဳင္ ရြာခ်လုိက္ႏွင့္၊ ေနာက္ေစြ၍ ေနေလသည္” လုိ႔ဆရာ ဒဂုန္တာရာက ေရးသား မွတ္တမ္းတင္ခဲ႔တယ္။

နံနက္ (၁၀) နာရီ (၁၅) မိနစ္ခန္႔မွာေတာ႔ ဝန္ႀကီးမ်ားရံုးရဲ႕ အစည္းအေဝးခန္းမမွာ ဝန္ႀကီးေတြ အစည္းအေဝးျပဳလုပ္ေနၾကတယ္။

ေအာင္ဆန္း-အက္တလီ စာခ်ဳပ္အရ ေရွ႕လာမယ္႔ လအနည္းငယ္အတြင္းမွာ ေသခ်ာေပါက္ရေတာ႔မယ္႔ လြတ္လပ္ေရးကို ေမွ်ာ္မွန္းေတြးၿပီး တိုင္းျပည္ျပန္လည္ထူေထာင္ေရးအတြက္ တက္ၾကြေနၾကတဲ႔ ဝန္ႀကီးအသီး သီးဟာ မၾကာမီ သူတို႔အေပၚ ၾကေရာက္လာေတာ႔မယ္႔ ကံၾကမၼာဆိုးကို လံုးဝ မသိရွာၾကဘူး။

နံနက္ (၁၀) နာရီ (၃၅) မိနစ္ ခန္႔မွာေတာ႔ ကံၾကမၼာဆိုး (သို႔မဟုတ္) လူသတ္ေသနတ္သမားေတြကို တင္ေဆာင္လာတဲ႔ ကားနံပါတ္ RC / 1814 ဂ်စ္ကားဟာ ဝန္ႀကီးမ်ားရံုးရွိရာကို ေရာက္ရွိလာပါတယ္။ နံနက္ (၁၀) နာရီ (၃၇) မိနစ္ အခ်ိန္မွာေတာ႔ ေသနတ္သမားေတြဟာ ဝန္ႀကီးေတြ အစည္းအေဝးလုပ္ေနတဲ႔ အခန္းဝကို ေရာက္ရွိလာၿပီး အသင္႔သယ္ေဆာင္လာတဲ႔ စက္ေသနတ္အသီးသီးနဲ႔ အစည္းအေဝးခန္းမထဲမွာရွိေနၾကတဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အပါအဝင္ တိုင္းျပည္ေခါင္းေဆာင္အသီးသီးကို စိတ္ရွိလက္ရွိ ပစ္ခတ္သတ္ျဖတ္ လုပ္ႀကံလိုက္ၾက ပါေတာ႔ တယ္။ လူသတ္သမားေတြဟာေ ခါင္းေဆာင္ေတြနဲ႔အတူ တိုင္းျပည္ကံၾကမၼာကိုပါ လုပ္ႀကံလိုက္မိတယ္ဆိုတာ စိုးစဥ္းမွ် ေတြးမိပံုေတာင္မရတဲ႔ပံုပါပဲ။ အဲဒီလုပ္ႀကံမႈမွ ေခါင္းေဆာင္ရွစ္ဦးနဲ႔အတူ ေသနတ္သံ ေတြၾကားလို႔ ေျပးထြက္လာတဲ႔ ဝန္ႀကီးဦးရာဇတ္ရဲ႕ အပါးေတာ္ၿမဲ ရဲေဘာ္ကိုေထြးလည္း က်ဆံုးအသက္ေပးခဲ႔ရ ပါတယ္။ က်ဆံုးခဲ႔ၾကတဲ႔ အာဇာနည္ကိုးဦးကေတာ႔ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ ဗုိလ္ခ်ဳပ္ေအာင္ဆန္း- ဘုရင္ခံေကာင္စီဒု-ဥကၠဌ၊ ကာကြယ္ေရး ႏွင့္ ႏုိင္ငံျခားေရး ဌာန

၂။ သခင္ျမ- ဘ႑ေရးႏွင့္ အခြန္ေတာ္ဌာန

၃။ ဦးဘ၀င္း-ကူးသန္းေရာင္း၀ယ္ေရးႏွင့္ ေထာက္ပံေရး ဌာန၊

၄။ ဒီးဒုတ္ဦးဘခ်ိဳ-ျပန္ၾကားေရးဌာန

၅။ အဗၺဒူရာဇတ္- ပညာေရးႏွင့္ အမ်ိဳးသား စီမံကိန္း ဌာန၊

၆။ မန္းဘခုိင္ – စက္မွဳလက္မွဳႏွင့္ အလုပ္သမား ဌာန၊

၇။ မိုင္းပြန္ေစာ္ဘြားၾကီး စပ္စံထြန္း-ေတာင္တန္းေရးရာဌာန၊

၈။ ဦးအုံးေမာင္ -ဒုတိယ အတြင္း၀န္ လမ္းပန္းဆက္သြယ္ေရး ဌာန

၉။ ရဲေဘာ္-ကိုေထြး

အဲဒီေနာက္မွာေတာ႔ တစ္တိုင္းျပည္လံုး ႀကိမ္မီးအံုးလို ႀကိတ္မႏိုင္ခဲမရ ဝမ္းနည္းတသနဲ႔ ငိုေၾကြးခဲ႔ၾကရတာ ခုဆိုရင္ (၇၂) ႏွစ္ တိုင္ခဲ႔ပါၿပီ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါတယ္ ။

အရွင္သူရိယ ျပန္လည္မွ်ေ၀သည္