ငရဲကြီးတာ မကြီးတာ အပြစ်ရှိတာ မရှိတာ ဘာနဲ့ တိုင်းတာမှာလဲ…
နှလုံးသားထဲမှာ အမုန်းတရား ဝင်လာတာနဲ့ တစ် ပြိုင် နက် အေးငြိမ်းတဲ့ စိတ်နှလုံးတွေဟာ ဆုံးရှုံး သွားပြီ …
အဲဒီလို ဒေါသဆိုတာ ကောင်းသလားမကောင်းဘူး လားဆိုတာ ကိုယ်တိုင်သိတာပဲ …
အမှန်နဲ့အမှားကို ဆုံးဖြတ်တဲ့အခါမှာ အားကိုး ယုံကြည် လောက်တဲ့ အကြောင်းဆိုတာဘာလဲ။
ကိုယ်တိုင် လက်တွေ့သိတဲ့ အသိဉာဏ်ပဲ ဖြစ် တယ်။
ကိုယ်တိုင်သိအောင်လုပ်၊ကိုယ်တိုင် သိတဲ့ အချက် ဟာ အသေချာဆုံးပဲ။
ဥပမာ – လောဘဆိုတဲ့ သဘောတရား၊ ဒေါသ ဆို တဲ့ သဘောတရား၊မောဟဆိုတဲ့ သဘော တရား ဟာ အပြစ်ရှိတဲ့အရာလား။
အပြစ်မရှိတဲ့ အရာလား။ မြန်မာလို ပြောမယ် ဆို ရင် ငရဲကြီးသလား။မကြီးဘူးလား။
ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေ့ါ။ငရဲကြီးတာ မကြီးတာ အပြစ်ရှိတာ မရှိတာ ဘာနဲ့ တိုင်းတာ မှာ လဲ။
ထင်ရှားတာ တစ်ခုပြောမယ်။ဥပမာ ကိုယ့်စိတ် ထဲ နှလုံးသား ထဲမှာ ဒေါသဆိုတာ ဝင်လာတာနဲ့ တစ် ပြိုင် နက် စိတ်နှလုံး အေးချမ်းမှုတွေ လက်လွှတ် ဆုံးရှုံးသွားတယ်။ အဲဒါဟာ ဒေါသရဲ့ အပြစ်ပဲ။
ပင်ကိုယ်တည်ငြိမ်တဲ့ စိတ်လေးပျက်စီးသွားပြီး ပူလောင် တဲ့ စိတ်တွေ ဖြစ်ပေါ်လာတာဟာ ဒေါသ ရဲ့ ဆိုးကျိုးပဲ။
နောင်ဘဝ ငရဲရောက်တာ မရောက်တာ အသာ ထား။
ဒေါသဟာ ကောင်းသလား မကောင်းဘူးလား ဆိုတာ အခုဘဝမှာပဲ ကြည့်လို့ရတယ်။
ဒေါသ ဖြစ်လာတဲ့အချိန်မှာ ဒေါသက နှလုံးသားကို ပူလောင်တယ်။
အရာရာကို မကျေမနပ်တာတွေ ဖြစ်လာတယ်။
အတွေးကလည်း ရိုင်းစိုင်းတဲ့ အတွေးမျိုးတွေ တွေးလာတယ်။
ဒေါသ ဖြစ်လာလို့ရှိရင် ပြုံးရွှင်တဲ့မျက်နှာ ပျက်စီးသွားတယ်။
ပြင်းထန်လာလို့ရှိရင် တစ်ကိုယ်လုံး အသား ဆတ် ဆတ် တုန်လာတယ်။
ပါးစပ်က ပြောပြီ ဆိုလို့ရှိရင်လည်း ကြင်နာတဲ့ စကားလုံး တွေ မထွက်ဘူးတဲ့။
မကြားဝံ့ မနာ သာ စကားမျိုးတွေပဲ ထွက်လာ တယ်။
အဲဒီလို စကားမျိုးတွေ ပြောရဲလာတယ်။
လုပ်တဲ့ အလုပ်တွေကလည်း ကိုယ့်အတွက် နစ်နာ မယ့် အလုပ်တွေ၊ သူများအတွက် နစ်နာမယ့် အလုပ် တွေ လုပ်လာတယ်။
ယခုလို လက်တွေ့ကျကျ စဉ်းစားပြီးတော့ ကြည့် လိုက် လို့ ရှိရင် ဒေါသရဲ့အပြစ်တွေ ဆိုးကျိုး တွေ ကို ကိုယ်တိုင်သိနိုင်တယ်။
ဒေါသကြောင့် သူများကို တစ်ခုခု လုပ်တာ မလုပ် တာ အသာထား။
ကိုယ်ရဲ့နှလုံးသားထဲ ဒေါသ ဖြစ်လာတဲ့ အချိန် က စပြီး တည်ငြိမ်မှုတွေ ဆုံးရှုံးသွားတာ သေချာ တယ်။ဒါ လူတိုင်းသိတာပဲ။
ပျော်ရွှင်နေတာတွေ အားလုံး ဆုံးရှုံးသွားပြီ။ ငြိမ်း ချမ်း နေတဲ့ စိတ်လေး ဆုံးရှုံးသွားပြီ။ နောက်ဆုံး မှာ သွေးတိုး ရောဂါရှိရင် သွေးတက်သွားမယ်။
နှလုံးရောဂါ ရှိတယ် ဆိုလို့ရှိရင် heart attck ရ သွားမယ်။ ဒေါသက ချက်ချင်း ဒုက္ခပေးတယ်။ ဒါ ထင်ရှားတဲ့ သာဓက တစ်ရပ်ပဲ။
အဲဒီလို ဒေါသဆိုတာ ကောင်းသလား မကောင်း ဘူးလား ဆိုတာ ကိုယ်တိုင်သိတာပဲ။
ဒေါသ မကောင်းဘူး ဆိုတာ ကိုယ်တိုင် ဆုံးဖြတ် ချက်ချနိုင် တယ်။
မြတ်စွာဘုရားက အဲဒါကို ဟောလိုတာဖြစ် ပါ တယ်။
သဘာဝတရား ဆိုတာ သူ့သဘော သူဆောင်တာ။
ဘုရားက မကောင်းဘူးဟောလို့ မကောင်းတာ ဖြစ် ရတာ မဟုတ်ဘူး။
အေး လုပ်ချင်တာတွေလုပ်၊ ငါ့ရှေ့ ဝန်ခံလိုက်လို့ ရှိရင် အပြစ်တွေ အကုန်ပျောက်မယ်ဆိုတာ မဖြစ် နိုင်ပါဘူး။
ဖြစ်ပြီးသားအပြစ်တွေ ဘယ်လိုလုပ် ပျောက်မလဲ၊ ဒေါသကြောင့်ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေက ဖြစ်ပြီး သွားပြီလေ။
နှလုံးသားထဲမှာ အမုန်းတရား ဝင်လာတာနဲ့ တစ်ပြိုင်နက် အေးငြိမ်းတဲ့ စိတ်နှလုံးတွေဟာ ဆုံးရှုံးသွားပြီ။
မပြောသင့်တာတွေ ပြောမိသွားပြီ။ မလုပ်သင့်တာ တွေ လုပ်မိသွားပြီ။ ပြင်လို့ ရသလား။ မရတော့ ဘူး။
(What should be done, can not be undone) လုပ်ပြီးသား တစ်ခုဟာ မလုပ်ဘူးလို့ ပြောလို့မရတော့ဘူး။
အဲဒီကတည်းက မှားယွင်းချွတ်ချော်တဲ့ အရာ တစ်ခုဖြစ် သွားတယ်။
အဲဒီတော့ ဒီ ဒေါသ ဆိုတဲ့ သဘာဝတရားဟာ အပြစ်ရှိသလား မရှိဘူးလားဆိုရင် ဒီနေရာမှာ အပြစ်ဆို ဘာတုန်း။
မကောင်းတဲ့ အကျိုးတွေပေးတာ အပြစ်ပဲ။
အပြစ်ရှိသလား မရှိဘူးလားဆိုရင် ရှိတာပေါ့။ ပညာရှိတွေက ချီးမွမ်းသလား ကဲ့ရဲ့သလားဆိုရင် ကဲ့ရဲ့တာပေ့ါ။
ဒေါသကို ဘယ်သူကမှ မချီးမွမ်းဘူး။ ဘယ် ပညာရှိ ကမှ ဟေ့ ဒေါသဆိုတာ ကောင်းတယ်။
စိတ်ဆိုးတာ ကောင်းတယ်လို့ ဘယ်သူမှ မပြော ဘူး။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ငရဲႀကီးတာ မႀကီးတာ အျပစ္ရွိတာ မရွိတာ ဘာနဲ႔ တိုင္းတာမွာလဲ…
ႏွလုံးသားထဲမွာ အမုန္းတရား ဝင္လာတာနဲ႔ တစ္ ၿပိဳင္ နက္ ေအးၿငိမ္းတဲ့ စိတ္ႏွလုံးေတြဟာ ဆုံးရႈံး သြားၿပီ …
အဲဒီလို ေဒါသဆိုတာ ေကာင္းသလားမေကာင္းဘူး လားဆိုတာ ကိုယ္တိုင္သိတာပဲ …
အမွန္နဲ႔အမွားကို ဆုံးျဖတ္တဲ့အခါမွာ အားကိုး ယုံၾကည္ ေလာက္တဲ့ အေၾကာင္းဆိုတာဘာလဲ။
ကိုယ္တိုင္ လက္ေတြ႕သိတဲ့ အသိဉာဏ္ပဲ ျဖစ္ တယ္။
ကိုယ္တိုင္သိေအာင္လုပ္၊ကိုယ္တိုင္ သိတဲ့ အခ်က္ ဟာ အေသခ်ာဆုံးပဲ။
ဥပမာ – ေလာဘဆိုတဲ့ သေဘာတရား၊ ေဒါသ ဆို တဲ့ သေဘာတရား၊ေမာဟဆိုတဲ့ သေဘာ တရား ဟာ အျပစ္ရွိတဲ့အရာလား။
အျပစ္မရွိတဲ့ အရာလား။ ျမန္မာလို ေျပာမယ္ ဆို ရင္ ငရဲႀကီးသလား။မႀကီးဘူးလား။
ကိုယ့္ဟာကိုယ္ စဥ္းစားၾကည့္ေပ့ါ။ငရဲႀကီးတာ မႀကီးတာ အျပစ္ရွိတာ မရွိတာ ဘာနဲ႔ တိုင္းတာ မွာ လဲ။
ထင္ရွားတာ တစ္ခုေျပာမယ္။ဥပမာ ကိုယ့္စိတ္ ထဲ ႏွလုံးသား ထဲမွာ ေဒါသဆိုတာ ဝင္လာတာနဲ႔ တစ္ ၿပိဳင္ နက္ စိတ္ႏွလုံး ေအးခ်မ္းမႈေတြ လက္လႊတ္ ဆုံးရႈံးသြားတယ္။ အဲဒါဟာ ေဒါသရဲ႕ အျပစ္ပဲ။
ပင္ကိုယ္တည္ၿငိမ္တဲ့ စိတ္ေလးပ်က္စီးသြားၿပီး ပူေလာင္ တဲ့ စိတ္ေတြ ျဖစ္ေပၚလာတာဟာ ေဒါသ ရဲ႕ ဆိုးက်ိဳးပဲ။
ေနာင္ဘဝ ငရဲေရာက္တာ မေရာက္တာ အသာ ထား။
ေဒါသဟာ ေကာင္းသလား မေကာင္းဘူးလား ဆိုတာ အခုဘဝမွာပဲ ၾကည့္လို႔ရတယ္။
ေဒါသ ျဖစ္လာတဲ့အခ်ိန္မွာ ေဒါသက ႏွလုံးသားကို ပူေလာင္တယ္။
အရာရာကို မေက်မနပ္တာေတြ ျဖစ္လာတယ္။
အေတြးကလည္း ႐ိုင္းစိုင္းတဲ့ အေတြးမ်ိဳးေတြ ေတြးလာတယ္။
ေဒါသ ျဖစ္လာလို႔ရွိရင္ ၿပဳံး႐ႊင္တဲ့မ်က္ႏွာ ပ်က္စီးသြားတယ္။
ျပင္းထန္လာလို႔ရွိရင္ တစ္ကိုယ္လုံး အသား ဆတ္ ဆတ္ တုန္လာတယ္။
ပါးစပ္က ေျပာၿပီ ဆိုလို႔ရွိရင္လည္း ၾကင္နာတဲ့ စကားလုံး ေတြ မထြက္ဘူးတဲ့။
မၾကားဝံ့ မနာ သာ စကားမ်ိဳးေတြပဲ ထြက္လာ တယ္။
အဲဒီလို စကားမ်ိဳးေတြ ေျပာရဲလာတယ္။
လုပ္တဲ့ အလုပ္ေတြကလည္း ကိုယ့္အတြက္ နစ္နာ မယ့္ အလုပ္ေတြ၊ သူမ်ားအတြက္ နစ္နာမယ့္ အလုပ္ ေတြ လုပ္လာတယ္။
ယခုလို လက္ေတြ႕က်က် စဥ္းစားၿပီးေတာ့ ၾကည့္ လိုက္ လို႔ ရွိရင္ ေဒါသရဲ႕အျပစ္ေတြ ဆိုးက်ိဳး ေတြ ကို ကိုယ္တိုင္သိႏိုင္တယ္။
ေဒါသေၾကာင့္ သူမ်ားကို တစ္ခုခု လုပ္တာ မလုပ္ တာ အသာထား။
ကိုယ္ရဲ႕ႏွလုံးသားထဲ ေဒါသ ျဖစ္လာတဲ့ အခ်ိန္ က စၿပီး တည္ၿငိမ္မႈေတြ ဆုံးရႈံးသြားတာ ေသခ်ာ တယ္။ဒါ လူတိုင္းသိတာပဲ။
ေပ်ာ္႐ႊင္ေနတာေတြ အားလုံး ဆုံးရႈံးသြားၿပီ။ ၿငိမ္း ခ်မ္း ေနတဲ့ စိတ္ေလး ဆုံးရႈံးသြားၿပီ။ ေနာက္ဆုံး မွာ ေသြးတိုး ေရာဂါရွိရင္ ေသြးတက္သြားမယ္။
ႏွလုံးေရာဂါ ရွိတယ္ ဆိုလို႔ရွိရင္ heart attck ရ သြားမယ္။ ေဒါသက ခ်က္ခ်င္း ဒုကၡေပးတယ္။ ဒါ ထင္ရွားတဲ့ သာဓက တစ္ရပ္ပဲ။
အဲဒီလို ေဒါသဆိုတာ ေကာင္းသလား မေကာင္း ဘူးလား ဆိုတာ ကိုယ္တိုင္သိတာပဲ။
ေဒါသ မေကာင္းဘူး ဆိုတာ ကိုယ္တိုင္ ဆုံးျဖတ္ ခ်က္ခ်ႏိုင္ တယ္။
ျမတ္စြာဘုရားက အဲဒါကို ေဟာလိုတာျဖစ္ ပါ တယ္။
သဘာဝတရား ဆိုတာ သူ႔သေဘာ သူေဆာင္တာ။
ဘုရားက မေကာင္းဘူးေဟာလို႔ မေကာင္းတာ ျဖစ္ ရတာ မဟုတ္ဘူး။
ေအး လုပ္ခ်င္တာေတြလုပ္၊ ငါ့ေရွ႕ ဝန္ခံလိုက္လို႔ ရွိရင္ အျပစ္ေတြ အကုန္ေပ်ာက္မယ္ဆိုတာ မျဖစ္ ႏိုင္ပါဘူး။
ျဖစ္ၿပီးသားအျပစ္ေတြ ဘယ္လိုလုပ္ ေပ်ာက္မလဲ၊ ေဒါသေၾကာင့္ျဖစ္လာတဲ့ ဆုံးရႈံးမႈေတြက ျဖစ္ၿပီး သြားၿပီေလ။
ႏွလုံးသားထဲမွာ အမုန္းတရား ဝင္လာတာနဲ႔ တစ္ၿပိဳင္နက္ ေအးၿငိမ္းတဲ့ စိတ္ႏွလုံးေတြဟာ ဆုံးရႈံးသြားၿပီ။
မေျပာသင့္တာေတြ ေျပာမိသြားၿပီ။ မလုပ္သင့္တာ ေတြ လုပ္မိသြားၿပီ။ ျပင္လို႔ ရသလား။ မရေတာ့ ဘူး။
(What should be done, can not be undone) လုပ္ၿပီးသား တစ္ခုဟာ မလုပ္ဘူးလို႔ ေျပာလို႔မရေတာ့ဘူး။
အဲဒီကတည္းက မွားယြင္းခြၽတ္ေခ်ာ္တဲ့ အရာ တစ္ခုျဖစ္ သြားတယ္။
အဲဒီေတာ့ ဒီ ေဒါသ ဆိုတဲ့ သဘာဝတရားဟာ အျပစ္ရွိသလား မရွိဘူးလားဆိုရင္ ဒီေနရာမွာ အျပစ္ဆို ဘာတုန္း။
မေကာင္းတဲ့ အက်ိဳးေတြေပးတာ အျပစ္ပဲ။
အျပစ္ရွိသလား မရွိဘူးလားဆိုရင္ ရွိတာေပါ့။ ပညာရွိေတြက ခ်ီးမြမ္းသလား ကဲ့ရဲ႕သလားဆိုရင္ ကဲ့ရဲ႕တာေပ့ါ။
ေဒါသကို ဘယ္သူကမွ မခ်ီးမြမ္းဘူး။ ဘယ္ ပညာရွိ ကမွ ေဟ့ ေဒါသဆိုတာ ေကာင္းတယ္။
စိတ္ဆိုးတာ ေကာင္းတယ္လို႔ ဘယ္သူမွ မေျပာ ဘူး။
ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္
ေဒါက္တာ နႏၵမာလာဘိဝံသ