အားလုံးဘေးကင်းကြပါစေ ။ အစစအရာရာ အဆင်ပြေကြပါစေ

အတတ်နိုင်ဆုံး ဘယ်သတင်းမှ မကြည့်ဘူး ။ သတင်းတွေ ကြည့်ပြီးရင် စိတ်ဆင်းရဲရလို့ ။ ဒါပေမယ့် သဘာ၀ ဘေးအန္တရာယ်သတင်းဆိုရင်တော့ စောင့်ကြည့်တယ် ။ အချိန်ပေးပြီးကို ကြည့်တယ် ။ သဘာ၀ ဘေးအန္တရာယ်ကြောင့် ထိခိုက်သူတွေကို ကိုယ်ချင်းစာတယ် ။ ဘေးရန်ကင်းဖို့ ဆုတောင်းပေးတယ် ။ တတ်နိုင်တဲ့ဘက်က ကူညီပေးတယ် ။

နောက်တစ်ခုက ကလေးငယ်လေးတွေနဲ့ ပက်သက်ရင် နားစွင့်တယ် ကူညီပေးတယ် ။ ကလေးဆိုတာ အပြစ်ကင်းတယ် ။ သူတို့ ဘာနားမလည်ဘူး ဘာမသိဘူး ။ အပြစ်ကင်းတဲ့အတွက် ကလေးတွေနဲ့ ပက်သက်ရင်တော့ ကူညီပေးတယ် ။

လူကြီးတွေက ငယ်ရွယ်စဉ်မှာ မကြိုးစားခဲ့လို့ သူတို့ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးမလိုက်စားခဲ့လို့ ငယ်ရွယ်စဉ်ကတည်းက မစုဆောင်းခဲ့လို့ ငယ်ရွယ်စဉ်ကတည်းက အချိန်တွေ အများကြီးရှိပါလျက်နဲ့ မပြင်ဆင်ခဲ့လို့ အရမ်းကြီးမသနားဖြစ်ဘူး ။ သူတို့သတင်းဆို ကျော်သွားတယ် ။ ကလေးတွေနဲ့ ပက်သက်လာရင် သဘာဝဘေးအန္တရာယ်နဲ့ပက်သက်လာရင်တော့ စိတ်ဝင်စားပြီး အတတ်နိုင်ဆုံးကူညီပေးဖြစ်တယ် ။ အားလုံးဘေးကင်းကြပါစေ ။ အစစအရာရာ အဆင်ပြေကြပါစေ

နေလင်း (သမီးလေး)




နေလင်း (သမီးလေး)