မသေခင်က ကြိုတင်ပြီးနတ်ပြည်မှာဗိမာန်ပေါက်နေသူရဲ့ အကြောင်း ( ဖြစ်ရပ်မှန်လေးပါ )

မသေခင်က ကြိုတင်ပြီးနတ်ပြည်မှာဗိမာန်ပေါက်နေသူရဲ့ အကြောင်း

( ဖြစ်ရပ်မှန်လေးပါ )

ဖတ်ကြည့်နော်…

ညောင်လေးပင်ဆေးရုံပေါ်မှာ…သက်ရွယ်တော်( ၈၉ )နှစ်ရှိပြီဖြစ်တဲ့ဆရာတော်ကြီး ဦးဇာဂရဟာနာမကျန်းဖြစ်လို့ ဆေးကုသမှု ခံယူရာကနေတစ်နေ့မှာတော့သတိလစ်ပြီး မေ့မြောသွားခဲ့ပါတယ်။

အို…လှလိုက်တာလေ…ရွှေရောင်တွေက တဝင်းဝင်းစုလစ်မွန်ချွန်း ထုပိကာတပ် ပြာသာဒ်တွေကကြည့်လို့မဆုံး။

ဘုံဗိမာန်တွေကလည်း ဆန်းကြယ်ပါဘိသနဲ့။နတ်သားတွေ နတ်သမီးတွေအုပ်စုလိုက် အုပ်စုလိုက် သွားနေလိုက်ကြတာ။အဖြူ အပြာ အဝါ အရောင်မျိုးစုံ။

ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပ။နုနယ်ပျိုမြစ်အသက်က( ၁၈ )နှစ် ( ၁၆ )နှစ် အရွယ်လေးတွေ။

ချောလိုက် လှလိုက်တာ…ဆင်မြန်းထားတဲ့ စိန်တွေ ရွှေတွေ ကျောက်သံပတ္တမြားတွေကလည်း မျက်စေ့ကျိန်းမတတ်။ပြိုးပြိုးပြက်ပြက် တစ်ဖျပ်ဖျပ် တစ်ဖိတ်ဖိတ်။

ကောင်းကင်ကြီးက…ပန်းနုရောင်တချို့ လိမ္မော်ရောင်တစ်သွယ်အပြာရောင်ခြယ်လို့။အောက်မှာနင်းထားတဲ့ မြေကြီးကလည်းအလွန်နူးညံ့တဲ့ ကမ္ဗလာကြီး ခင်းထားသလိုစိမ်းစိမ်းစိုစိုနဲ့။

အင်း…ငါ…ဘယ်ကိုများ ရောက်နေပါလိမ့်…ဧကန္တ…ငါအခု နတ်ပြည်ကို ရောက်နေတယ်ထင်ပါရဲ့။သူ့ဗိမာန်နဲ့သူ စောင်းငြှင်းပတ်သာ တူရိယာတွေတီးမှုတ် ကခုန်နေလိုက်ကြတာ။

ဟော…ဒီ ဗိမာန်ကြီးကလည်း ရွှေရောင်တွေဝင်းထိန်နေပါရောလား…နတ်သမီးတွေကလည်း ပြည့်လို့။

ဘယ်လို ကုသိုလ်ကောင်းမှုကြောင့်များပါလိမ့်…ငါ မေးမြန်းကြည့်ဦးမှပါပဲ။

အို အသင်နတ်သမီးတို့…ဤဗိမာန်ပိုင်ရှင်ကားမည်သူဖြစ်ပါသလဲ-? မှန်လှပါဘုရား…ဗိမာန်ပိုင်ရှင်က ရောက်မလာသေးပါ။လူ့ပြည်မှာပဲ ရှိနေဆဲပါဘုရား။

သက်တော်ပြည့်လို့ နေ့စေ့ကံကုန်မှရောက်လာမှာမို့တပည့်တော်မတို့ ပျင်းလှပါသည်ဘုရား…လူ့ပြည်ပြန်ရောက်တဲ့အခါ ဗိမာန်ပိုင်ရှင်ကိုတပည့်တော်မတို့ စောင့်မျှော်နေတဲ့ အကြောင်းပြောကြားပေးပါဘုရား…

ကောင်းပါပြီ ဒကာမတို့။ဗိမာန်ပိုင်ရှင်ကို ပြောကြားပေးပါ့မယ်။အမည်နာမနဲ့ နေထိုင်တဲ့နေရပ်ဒေသကိုသာလျှောက်ထားပါလေ…

မှန်လှပါဘုရား…ပဲခူးတိုင်း ဖြူးမြို့နယ် ဝဲကြီးအောက်ခုံရွာကဒေါ်ကုလားမပါ ဘုရား…ဟော…ဆရာတော်ကြီး သတိရလာပြီဟေ့…

မောင်ပဉ္ဇင်းတို့…ငါပြောတာကိုစာရွက်နဲ့ သေချာ လိုက်ရေးထားစမ်းကွဲ့။ပဲခူးတိုင်း ဖြူးမြို့နယ် ဝဲကြီးအောက်ခုံရွာကဒေါ်ကုလားမတဲ့…

ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာတဲ့အတွက်ဆရာတော်ကြီးဟာ ဆေးရုံကနေ ဆင်းပြီးတဲ့အခါ

သူမှတ်ခိုင်းထားတဲ့ လိပ်စာအတိုင်း ရဟန်းတော်နှစ်ပါးကိုမောင်ပဉ္ဇင်းတို့…ဗိမာန်ပိုင်ရှင်ဆီကို သွားပါ။ဘာကြောင့်မသေခင်ကပဲ နတ်ပြည်မှာ ဗိမာန်ပေါက်တဲ့အထိဘယ်လိုကုသိုလ်ကောင်းမှုတွေများ ပြုလုပ်သလဲလို့သေချာမေးမြန်း စုံစမ်းခဲ့ပါ ဆိုပြီး ခိုင်းလိုက်ပါတယ်။

ဝဲကြီးအောက်ခုံရွာမှာ ဒေါ်ကုလားမကို မသိတဲ့လူမရှိပေ။ဒေါ်ကုလားမက မုဆိုးမပါ။သမီးလေးတစ်ယောက်နဲ့ ပဲပြုတ်ရောင်းစားတယ်တဲ့။

ရဟန်းတော်နှစ်ပါးဟာ ယိုင်နဲ့နဲ့ တဲလေးထဲဝင်သွားပြီးဒေါ်ကုလားမနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့တဲ့အခါဆရာတော်ကြီး မိန့်ကြားလိုက်တဲ့အတိုင်းအကျိုးအကြောင်း ပြောပြပြီးဒေါ်ကုလားမရဲ့ ကုသိုလ်ကောင်းမှုတွေကိုမေးမြန်းကြပါတယ်။

အရှင်ဘုရားတို့…တပည့်တော်မက ဆင်းရဲပါတယ်ဘုရား…တခြားသူတွေလို ထောင်သောင်းချီပြီးမလှူဒါန်းနိုင်ပေမဲ့မနက်အာရုဏ်တစ်ကြိမ် နေ့ဆွမ်းတစ်ကြိမ်တော့ဘုရားရှင်ကိုဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်ဘုရား။

သြော်…ဟုတ်လား…

ဒါနဲ့ ဒကာမကြီးရဲ့ဘုရားရှင်ကို ဆွမ်းကပ်လှူဒါန်းပုံကိုဦးဇင်းတို့ သိပါရစေ ဒကာမကြီး။

တင်ပါ့ဘုရား…

တပည့်တော်မဟာ မနက်အာရုဏ်တက်တာနဲ့အသင့်ချက်ပြီးတဲ့ဆွမ်းကိုစားပွဲခုံနဲ့ သေချာပြင်ဆင်ပါတယ် ဘုရား။

လက်ဆေးတော်ရေ သောက်တော်ရေလက်သုပ်ပုဝါတွေအပြည့်အစုံတင်ပြီးသက်တော်ထင်ရှား ဘုရားရှင်ကိုယ်တိုင်ကြွရောက်ဘုန်းပေးနေသလို အာရုံပြုလို့ဒါက လက်ဆေးတော်ပါ ဘုရား ဒါက သောက်တော်ရေပါ ဘုရားလို့လျှောက်ထားဆက်ကပ်အနားကနေ ယပ်ခတ်ပြီးတော့လှူဒါန်းပါတယ် ဘုရား…

သာဓု…သာဓု…သာဓုပါ…ဒကာမကြီး…

ဆွမ်းဟင်းကရောဘာတွေနဲ့များ ဆက်ကပ်ပါသလဲ-?

ပဲပြုတ်ပါပဲဘုရား…တပည့်တော်မလည်း သူများတွေလိုသားငါးနဲ့သေချာချက်ပြုတ်ပြီး လှူဒါန်းချင်ပေမယ့်မတတ်နိုင်တဲ့အတွက်နေ့စဉ် ပဲပြုတ်နဲ့သာ လှူဒါန်းနိုင်ပါတယ်။

တခါတရံ ဈေးရောင်းပြီးပြန်လာတဲ့အခါငနုပ်ငဖွဲလေးများ ဝယ်လာပြီးတပည့်တော်တို့မစားပဲ ဘုရားရှင်ကိုသာလှူဒါန်းပါတယ်ဘုရား…

ကောင်းလိုက်တာ ဒကာမကြီးရယ်…ဦးဇင်းတို့ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်။

အင်း…ဒကာမကြီးရဲ့ အားကြီးတဲ့သဒ္ဓါတရားကြောင့်နတ်ပြည်မှာဗိမာန် ကြိုပေါက်နေတာကိုး…

ဒါနဲ့ ခုလိုလှူဒါန်းခဲ့တာဘယ်လောက်များကြာပြီလဲ ဒကာမကြီး-?မှန်လှပါ…သမီးလေးတစ်သက် အနှစ်နှစ်ဆယ် တိုင်ခဲ့ပါပြီဘုရား …ဒကာမကြီးရဲ့ကုသိုလ်ကိုဦးဇင်းတို့ကိုလည်း အမျှပေးဝေပါ ဒကာမကြီး။

သာဓုခေါ်ဆိုပါရစေနော်…

တပည့်တော်မသည်…ဘုရားရှင်အားရည်မှန်း၍ နေ့စဉ်ဝတ်မပြတ်အာရုဏ်ဆွမ်း နေ့ဆွမ်းများဆပ်ကပ်လှူဒါန်းရသော ကောင်းမှုကုသိုလ်အစုစုတို့ကိုအရှင်ဘုရားတို့နှင့်တကွ သုံးဆယ့်တစ်ဘုံသားအားလုံးတို့အားအမျှ အမျှ အမျှပေးဝေငှပါကုန်၏။

အားလုံးကြားကြားသမျှအမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့…

သာဓု…သာဓု…သာဓုပါ…ဒကာမကြီး…

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါသည် ။

အရှင်သူရိယ ပြန်လည်မျှဝေသည်

မေသခင္က ႀကိဳတင္ၿပီးနတ္ျပည္မွာဗိမာန္ေပါက္ေနသူရဲ႕ အေၾကာင္း

( ျဖစ္ရပ္မွန္ေလးပါ )

ဖတ္ၾကည့္ေနာ္…

ေညာင္ေလးပင္ေဆးရံုေပၚမွာ…သက္ရြယ္ေတာ္( ၈၉ )ႏွစ္ရွိၿပီျဖစ္တဲ့ဆရာေတာ္ႀကီး ဦးဇာဂရဟာနာမက်န္းျဖစ္လို႔ ေဆးကုသမႈ ခံယူရာကေနတစ္ေန႔မွာေတာ့သတိလစ္ၿပီး ေမ့ေျမာသြားခဲ႔ပါတယ္။

အို…လွလိုက္တာေလ…ေရႊေရာင္ေတြက တဝင္းဝင္းစုလစ္မြန္ခြ်န္း ထုပိကာတပ္ ျပာသာဒ္ေတြကၾကည့္လို႔မဆံုး။

ဘုံဗိမာန္ေတြကလည္း ဆန္းၾကယ္ပါဘိသနဲ႔။နတ္သားေတြ နတ္သမီးေတြအုပ္စုလိုက္ အုပ္စုလိုက္ သြားေနလိုက္ၾကတာ။အျဖဴ အျပာ အဝါ အေရာင္မ်ဳိးစုံ။

ကိုယ္ေရာင္ကိုယ္ဝါေတြကလည္း ေတာက္ပ။ႏုနယ္ပ်ဳိျမစ္အသက္က( ၁၈ )ႏွစ္ ( ၁၆ )ႏွစ္ အရြယ္ေလးေတြ။

ေခ်ာလိုက္ လွလိုက္တာ…ဆင္ျမန္းထားတဲ့ စိန္ေတြ ေရႊေတြ ေက်ာက္သံပတၱျမားေတြကလည္း မ်က္ေစ့က်ိန္းမတတ္။ၿပိဳးၿပိဳးျပက္ျပက္ တစ္ဖ်ပ္ဖ်ပ္ တစ္ဖိတ္ဖိတ္။

ေကာင္းကင္ႀကီးက…ပန္းႏုေရာင္တခ်ိဳ႕ လိေမၼာ္ေရာင္တစ္သြယ္အျပာေရာင္ျခယ္လို႔။ေအာက္မွာနင္းထားတဲ့ ေျမႀကီးကလည္းအလြန္ႏူးညံ့တဲ့ ကမၺလာႀကီး ခင္းထားသလိုစိမ္းစိမ္းစိုစိုနဲ႔။

အင္း…ငါ…ဘယ္ကိုမ်ား ေရာက္ေနပါလိမ့္…ဧကႏၲ…ငါအခု နတ္ျပည္ကို ေရာက္ေနတယ္ထင္ပါရဲ႕။သူ႔ဗိမာန္နဲ႔သူ ေစာင္းျငွင္းပတ္သာ တူရိယာေတြတီးမႈတ္ ကခုန္ေနလိုက္ၾကတာ။

ေဟာ…ဒီ ဗိမာန္ႀကီးကလည္း ေရႊေရာင္ေတြဝင္းထိန္ေနပါေရာလား…နတ္သမီးေတြကလည္း ျပည့္လို႔။

ဘယ္လို ကုသိုလ္ေကာင္းမႈေၾကာင့္မ်ားပါလိမ့္…ငါ ေမးျမန္းၾကည့္ဦးမွပါပဲ။

အို အသင္နတ္သမီးတို႔…ဤဗိမာန္ပိုင္ရွင္ကားမည္သူျဖစ္ပါသလဲ-? မွန္လွပါဘုရား…ဗိမာန္ပိုင္ရွင္က ေရာက္မလာေသးပါ။လူ႔ျပည္မွာပဲ ရွိေနဆဲပါဘုရား။

သက္ေတာ္ျပည့္လို႔ ေန႔ေစ့ကံကုန္မွေရာက္လာမွာမို႔တပည့္ေတာ္မတို႔ ပ်င္းလွပါသည္ဘုရား…လူ႔ျပည္ျပန္ေရာက္တဲ့အခါ ဗိမာန္ပိုင္ရွင္ကိုတပည့္ေတာ္မတို႔ ေစာင့္ေမ်ွာ္ေနတဲ႔ အေၾကာင္းေျပာၾကားေပးပါဘုရား…

ေကာင္းပါၿပီ ဒကာမတို႔။ဗိမာန္ပိုင္ရွင္ကို ေျပာၾကားေပးပါ့မယ္။အမည္နာမနဲ႔ ေနထိုင္တဲ့ေနရပ္ေဒသကိုသာေလ်ွာက္ထားပါေလ…

မွန္လွပါဘုရား…ပဲခူးတိုင္း ျဖဴးၿမိဳ႕နယ္ ဝဲႀကီးေအာက္ခုံရြာကေဒၚကုလားမပါ ဘုရား…ေဟာ…ဆရာေတာ္ႀကီး သတိရလာၿပီေဟ့…

ေမာင္ပဥၨင္းတို႔…ငါေျပာတာကိုစာရြက္နဲ႔ ေသခ်ာ လိုက္ေရးထားစမ္းကြဲ႔။ပဲခူးတိုင္း ျဖဴးၿမိဳ႕နယ္ ဝဲႀကီးေအာက္ခုံရြာကေဒၚကုလားမတဲ့…

က်န္းမာေရးအေျခအေန ျပန္ေကာင္းလာတဲ့အတြက္ဆရာေတာ္ႀကီးဟာ ေဆးရံုကေန ဆင္းၿပီးတဲ့အခါ

သူမွတ္ခိုင္းထားတဲ့ လိပ္စာအတိုင္း ရဟန္းေတာ္ႏွစ္ပါးကိုေမာင္ပဥၨင္းတို႔…ဗိမာန္ပိုင္ရွင္ဆီကို သြားပါ။ဘာေၾကာင့္မေသခင္ကပဲ နတ္ျပည္မွာ ဗိမာန္ေပါက္တဲ့အထိဘယ္လိုကုသိုလ္ေကာင္းမႈေတြမ်ား ျပဳလုပ္သလဲလို႔ေသခ်ာေမးျမန္း စုံစမ္းခဲ႔ပါ ဆိုၿပီး ခိုင္းလိုက္ပါတယ္။

ဝဲႀကီးေအာက္ခုံရြာမွာ ေဒၚကုလားမကို မသိတဲ့လူမရွိေပ။ေဒၚကုလားမက မုဆိုးမပါ။သမီးေလးတစ္ေယာက္နဲ႔ ပဲျပဳတ္ေရာင္းစားတယ္တဲ႔။

ရဟန္းေတာ္ႏွစ္ပါးဟာ ယိုင္နဲ႔နဲ႔ တဲေလးထဲဝင္သြားၿပီးေဒၚကုလားမနဲ႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေတြ႔တဲ့အခါဆရာေတာ္ႀကီး မိန္႔ၾကားလိုက္တဲ့အတိုင္းအက်ဳိးအေၾကာင္း ေျပာျပၿပီးေဒၚကုလားမရဲ႕ ကုသိုလ္ေကာင္းမႈေတြကိုေမးျမန္းၾကပါတယ္။

အရွင္ဘုရားတို႔…တပည့္ေတာ္မက ဆင္းရဲပါတယ္ဘုရား…တျခားသူေတြလို ေထာင္ေသာင္းခ်ီၿပီးမလွဴဒါန္းႏိုင္ေပမဲ႔မနက္အာရုဏ္တစ္ႀကိမ္ ေန႔ဆြမ္းတစ္ႀကိမ္ေတာ့ဘုရားရွင္ကိုဆြမ္းကပ္လွဴဒါန္းခဲ့ပါတယ္ဘုရား။

ေၾသာ္…ဟုတ္လား…

ဒါနဲ႔ ဒကာမႀကီးရဲ႕ဘုရားရွင္ကို ဆြမ္းကပ္လွဴဒါန္းပုံကိုဦးဇင္းတို႔ သိပါရေစ ဒကာမႀကီး။

တင္ပါ့ဘုရား…

တပည့္ေတာ္မဟာ မနက္အာရုဏ္တက္တာနဲ႔အသင့္ခ်က္ၿပီးတဲ့ဆြမ္းကိုစားပြဲခုံနဲ႔ ေသခ်ာျပင္ဆင္ပါတယ္ ဘုရား။

လက္ေဆးေတာ္ေရ ေသာက္ေတာ္ေရလက္သုပ္ပုဝါေတြအျပည့္အစုံတင္ၿပီးသက္ေတာ္ထင္ရွား ဘုရားရွင္ကိုယ္တိုင္ႂကြေရာက္ဘုန္းေပးေနသလို အာရံုျပဳလို႔ဒါက လက္ေဆးေတာ္ပါ ဘုရား ဒါက ေသာက္ေတာ္ေရပါ ဘုရားလို႔ေလ်ွာက္ထားဆက္ကပ္အနားကေန ယပ္ခတ္ၿပီးေတာ့လွဴဒါန္းပါတယ္ ဘုရား…

သာဓု…သာဓု…သာဓုပါ…ဒကာမႀကီး…

ဆြမ္းဟင္းကေရာဘာေတြနဲ႔မ်ား ဆက္ကပ္ပါသလဲ-?

ပဲျပဳတ္ပါပဲဘုရား…တပည့္ေတာ္မလည္း သူမ်ားေတြလိုသားငါးနဲ႔ေသခ်ာခ်က္ျပဳတ္ၿပီး လွဴဒါန္းခ်င္ေပမယ့္မတတ္ႏိုင္တဲ့အတြက္ေန႔စဥ္ ပဲျပဳတ္နဲ႔သာ လွဴဒါန္းႏိုင္ပါတယ္။

တခါတရံ ေစ်းေရာင္းၿပီးျပန္လာတဲ့အခါငႏုပ္ငဖြဲေလးမ်ား ဝယ္လာၿပီးတပည့္ေတာ္တို႔မစားပဲ ဘုရားရွင္ကိုသာလွဴဒါန္းပါတယ္ဘုရား…

ေကာင္းလိုက္တာ ဒကာမႀကီးရယ္…ဦးဇင္းတို႔ လိႈက္လိႈက္လွဲလွဲ သာဓုေခၚပါတယ္။

အင္း…ဒကာမႀကီးရဲ႕ အားႀကီးတဲ့သဒၶါတရားေၾကာင့္နတ္ျပည္မွာဗိမာန္ ႀကိဳေပါက္ေနတာကိုး…

ဒါနဲ႔ ခုလိုလွဴဒါန္းခဲ့တာဘယ္ေလာက္မ်ားၾကာၿပီလဲ ဒကာမႀကီး-?မွန္လွပါ…သမီးေလးတစ္သက္ အႏွစ္ႏွစ္ဆယ္ တိုင္ခဲ့ပါၿပီဘုရား …ဒကာမႀကီးရဲ႕ကုသိုလ္ကိုဦးဇင္းတို႔ကိုလည္း အမ်ွေပးေဝပါ ဒကာမႀကီး။

သာဓုေခၚဆိုပါရေစေနာ္…

တပည့္ေတာ္မသည္…ဘုရားရွင္အားရည္မွန္း၍ ေန႔စဥ္ဝတ္မျပတ္အာရုဏ္ဆြမ္း ေန႔ဆြမ္းမ်ားဆပ္ကပ္လွဴဒါန္းရေသာ ေကာင္းမႈကုသိုလ္အစုစုတို႔ကိုအရွင္ဘုရားတို႔ႏွင့္တကြ သုံးဆယ့္တစ္ဘုံသားအားလုံးတို႔အားအမ်ွ အမ်ွ အမ်ွေပးေဝငွပါကုန္၏။

အားလုံးၾကားၾကားသမ်ွအမ်ွ အမ်ွ အမ်ွ ယူေတာ္မူၾကပါကုန္္ေလာ့…

သာဓု…သာဓု…သာဓုပါ…ဒကာမႀကီး…

မူရင္းေရးသားသူအားေလးစားစြာျဖင့္ Credit ေပးပါသည္ ။

အရွင္သူရိယ ျပန္လည္မွ်ေ၀သည္