အိမ်ထောင်ဖက်ကောင်း

ရှေးရှေးတုန်းက ယောကျ်ားတစ်ယောက်ဟာ ပိုက်ဆံအလွန်ချမ်းသာသတဲ့။ဒါပေမယ့်သူ့မှာ မိန်းမမရှိဘူး။သူက ဒီတစ်မြို့လုံးရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်လဲဖြစ်တယ်။သူဟာ အမြဲတမ်း ပြီးပြည့်စုံတဲ့ မိန်းကလေးကို လိုက်ရှာနေတယ်။သူတို့တစ်မြို့လုံးလဲ နှံ့နေပြီ။တစ်ယောက်မှရှာမတွေ့ဘူး။အဲဒါနဲ့ သူဟာ မြို့တွေအနှံ့လိုက်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။

သူဟာ ခရီးထွက်လာရင်း မြို့ကြီးတစ်မြို့ကို ရောက်လာတယ်။ဒီမြို့မှာ ပြီးပြည့်စုံတဲ့မိန်းကလေး ရှိလားလို့ စုံစမ်းတယ်။ကုန်သည်ကြီးတစ်ရောက်ရဲ့ သမီးရှိတယ်ဆိုလို့ သူသွားကြည့်လိုက်တယ်။ကောင်မလေးက အရမ်းချောမောလှပတယ်။ယဉ်ကျေးတယ်။သိမ်မွေ့တယ်။အချက်အပြုတ်ကောင်းတယ်။အိမ်မှုကိစ္စလဲ နိုင်တယ်။ဒါပေမယ့် အဲဒီကောင်မလေးကို သူမကြိုက်ဘူး ကောင်မလေးက စာမတတ်ဘူး။

အဲဒါနဲ့နောက်တစ်မြို့ကို ရောက်လာပြန်ရော။အဲဒီမြို့မှာ အမတ်ကြီးတစ်ဦးရဲ့ သမီးက ပြီးပြည့်စုံတယ်လို့ ကြားတော့ အမတ်ကြီးသမီးဆီသွားပြန်ရော။အမတ်ကြီးသမီးက ပထမတစ်ယောက်ရဲ့ အရည်အချင်းတွေအားလုံးရှိတယ်။စာတတ်တယ်။ကဗျာတွေ စပ်တတ်တယ်။နိုင်ငံရေးတွေကိုလဲ အားလုံးနားလည်တဲ့။ဒါပေမယ့် သူမကြိုက်ဘူး။အမတ်သမီးက မာနကြီးတယ် စကားကို မပြောချင်သလို ပြောချင်သလိုနဲ့။

နောက်တစ်မြို့ကို ရောက်ပြန်ရော သူဌေးမတစ်ဦးဟာ ပြီးပြည့်စုံတယ်ဆိုလို့ သူဌေးမလေးဆီလာခဲ့တယ်။သူဌေးမလေးဟာ ငယ်ရွယ်တယ်။တစ်မြို့လုံးမှာ အချမ်းသာဆုံးဖြစ်တယ်။ပထမနှစ်ယောက်လုံးမှာရှိတဲ့အရည်အချင်းတွေ အကုန်ရှိတယ်။သူကြိုက်တယ်။ဒါနဲ့ကောင်မလေးကို သူ့ကိုလက်ထပ်ဖို့ပြောတယ်။ဒါပေမယ့်ကောင်မလေးက သူ့ကိုငြင်းတယ်။ဘာလို့လဲဆိုတော့ ကောင်မလေးက ပြန်ပြောတယ်။

” ကျွန်မရှင့်ကိုလက်မထပ်နိုင်ဘူး ဘာလို့လဲဆိုတော့ ရှင်ကပိုက်ဆံပဲရှိတယ် ဘာမှမပြီးပြည့်စုံဘူး ကျွန်မက တကယ်ပြီးပြည့်စုံတဲ့ယောက်ျားကို ရှာနေတာ”

ငယ်ငယ်က ဖတ်ခဲ့သူသောပုံပြင်လေးကို ပြန်လည်မျှဝေခြင်းဖြစ်သည်

Zin Yaw

ေရွးေရွးတုန္းက ေယာက်္ားတစ္ေယာက္ဟာ ပိုက္ဆံအလြန္ခ်မ္းသာသတဲ့။ဒါေပမယ့္သူ႕မွာ မိန္းမမရွိဘူး။သူက ဒီတစ္ၿမိဳ႕လံုးရဲ႕ အခ်မ္းသာဆံုးပုဂၢိဳလ္တစ္ေယာက္လဲျဖစ္တယ္။သူဟာ အၿမဲတမ္း ၿပီးျပည့္စံုတဲ့ မိန္းကေလးကို လုိက္ရွာေနတယ္။သူတို႕တစ္ၿမိဳ႕လံုးလဲ ႏွံ႕ေနၿပီ။တစ္ေယာက္မွရွာမေတြ႕ဘူး။အဲဒါနဲ႕ သူဟာ ၿမိဳ႕ေတြအႏွံ႕လိုက္ရွာဖို႕ ဆံုးျဖတ္လိုက္တယ္။

သူဟာ ခရီးထြက္လာရင္း ၿမိဳ႕ႀကီးတစ္ၿမိဳ႕ကို ေရာက္လာတယ္။ဒီၿမိဳ႕မွာ ၿပီးျပည့္စံုတဲ့မိန္းကေလး ရွိလားလို႕ စံုစမ္းတယ္။ကုန္သည္ႀကီးတစ္ေရာက္ရဲ႕ သမီးရွိတယ္ဆိုလို႕ သူသြားၾကည့္လိုက္တယ္။ေကာင္မေလးက အရမ္းေခ်ာေမာလွပတယ္။ယဥ္ေက်းတယ္။သိမ္ေမြ႕တယ္။အခ်က္အျပဳတ္ေကာင္းတယ္။အိမ္မႈကိစၥလဲ နိုင္တယ္။ဒါေပမယ့္ အဲဒီေကာင္မေလးကို သူမႀကိဳက္ဘူး ေကာင္မေလးက စာမတတ္ဘူး။

အဲဒါနဲ႕ေနာက္တစ္ၿမိဳ႕ကို ေရာက္လာျပန္ေရာ။အဲဒီၿမိဳ႕မွာ အမတ္ႀကီးတစ္ဦးရဲ႕ သမီးက ၿပီးျပည့္စံုတယ္လို႕ ၾကားေတာ့ အမတ္ႀကီးသမီးဆီသြားျပန္ေရာ။အမတ္ႀကီးသမီးက ပထမတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြအားလံုးရွိတယ္။စာတတ္တယ္။ကဗ်ာေတြ စပ္တတ္တယ္။နိုင္ငံေရးေတြကိုလဲ အားလံုးနားလည္တဲ့။ဒါေပမယ့္ သူမႀကိဳက္ဘူး။အမတ္သမီးက မာနႀကီးတယ္ စကားကို မေျပာခ်င္သလို ေျပာခ်င္သလိုနဲ႕။

ေနာက္တစ္ၿမိဳ႕ကို ေရာက္ျပန္ေရာ သူေဌးမတစ္ဦးဟာ ၿပီးျပည့္စံုတယ္ဆိုလို႕ သူေဌးမေလးဆီလာခဲ့တယ္။သူေဌးမေလးဟာ ငယ္ရြယ္တယ္။တစ္ၿမိဳ႕လံုးမွာ အခ်မ္းသာဆံုးျဖစ္တယ္။ပထမႏွစ္ေယာက္လံုးမွာရွိတဲ့အရည္အခ်င္းေတြ အကုန္ရွိ္တယ္။သူႀကိဳက္တယ္။ဒါနဲ႕ေကာင္မေလးကို သူ႕ကိုလက္ထပ္ဖို႕ေျပာတယ္။ဒါေပမယ့္ေကာင္မေလးက သူ႕ကိုျငင္းတယ္။ဘာလို႕လဲဆိုေတာ့ ေကာင္မေလးက ျပန္ေျပာတယ္။

” ကၽြန္မရွင့္ကိုလက္မထပ္နိုင္ဘူး ဘာလို႕လဲဆိုေတာ့ ရွင္ကပိုက္ဆံပဲရွိတယ္ ဘာမွမၿပီးျပည့္စံုဘူး ကၽြန္မက တကယ္ၿပီးျပည့္စံုတဲ့ေယာက္်ားကို ရွာေနတာ”

ငယ္ငယ္က ဖတ္ခဲ့သူေသာပံုျပင္ေလးကို ျပန္လည္မွ်ေ၀ျခင္းျဖစ္သည္

Zin Yaw