ငွေကြေးမရှိသော်လည်းပေးကမ်းနိုင်သော အလှူဒါနခုနှစ်မျိုးရှိသည်။
ထိုခုနှစ်မျိုးမှာ… .
၁။မျက်နှာဟန်အမူအရာဖြင့်အလှူဒါနပြုခြင်း -အပြုံးဖြင့်ဖော်ရွေစွာဆက်ဆံခြင်း၊
၂။နှုတ်ဖြင့်အလှူဒါနပြုခြင်း -အားပေးစကား၊နှစ်သိမ့်စကား၊ချီးကျူးစကား၊ညှာတာစကား၊ နွေးထွေးသောစကားများ၊ပြောဆိုခြင်း။
၃။စိတ်ဖြင့်အလှူဒါနပြုခြင်း-စိတ်တံခါးကိုဖွင့်၍သူတစ်ပါးကို ပွင့်လင်းရိုးသားစွာဆက်ဆံခြင်း၊
၄။အမြင်ဖြင့်အလှူဒါနပြုခြင်း-ကောင်းသောစေတနာအမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
၅။ ကာယလုပ်အားဖြင့်အလှူဒါနပြုခြင်း-ကိုယ်နိုင်နင်းသောလုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကိုကူညီခြင်း၊
၆။ နေရာထိုင်ခင်းအလှူဒါနပြုခြင်း -လှေစီး၊ကားစီးသည့်အခါမိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ကိုယ်ဝန်ရှိသူ၊နှင့်ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကိုထိုင်စေခြင်း။
၇။နေအိမ်အလှူဒါနပြုခြင်း -မိမိ၏အိမ်နေရာကိုသူတပါးတို့ အနားယူရန်ပေးကမ်းခြင်း။
မည်သူမဆိုဤအလှူဒါနခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့်ကောင်းရှိလျှင် အောင်မြင်ခြင်းသည်ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။
အရှင်သူရိယ
ေငြေၾကးမရွိေသာ္လည္းေပးကမ္းႏိုင္ေသာ အလွဴဒါနခုႏွစ္မ်ိဳးရွိသည္။
ထိုခုႏွစ္မ်ိဳးမွာ… .
၁။မ်က္ႏွာဟန္အမူအရာျဖင္႔အလွဴဒါနျပဳျခင္း -အျပံဳးျဖင္႔ေဖာ္ေရြစြာဆက္ဆံျခင္း၊
၂။ႏွဳတ္ျဖင္႔အလွဴဒါနျပဳျခင္း -အားေပးစကား၊ႏွစ္သိမ္႔စကား၊ခ်ီးက်ဴးစကား၊ညွာတာစကား၊ ေႏြးေထြးေသာစကားမ်ား၊ေျပာဆိုျခင္း။
၃။စိတ္ျဖင္႔အလွဴဒါနျပဳျခင္း-စိတ္တံခါးကိုဖြင္႔၍သူတစ္ပါးကို ပြင္႔လင္းရိုးသားစြာဆက္ဆံျခင္း၊
၄။အျမင္ျဖင္႔အလွဴဒါနျပဳျခင္း-ေကာင္းေသာေစတနာအျမင္ျဖင္႔ သူတပါးကိုၾကည္႔ျမင္တတ္ျခင္း၊
၅။ ကာယလုပ္အားျဖင္႔အလွဴဒါနျပဳျခင္း-ကိုယ္ႏိုင္နင္းေသာလုပ္ေဆာင္ေပးမႈျဖင္႔ သူတစ္ပါးကိုကူညီျခင္း၊
၆။ ေနရာထိုင္ခင္းအလွဴဒါနျပဳျခင္း -ေလွစီး၊ကားစီးသည္႔အခါမိမိထိုင္ခံုေနရာကို အိုမင္းမစြမ္းသူ၊ကိုယ္ဝန္ရွိသူ၊ႏွင္႔ကေလးငယ္တို႕အား မိမိ၏ထိုင္ခံုေနရာကိုထိုင္ေစျခင္း။
၇။ေနအိမ္အလွဴဒါနျပဳျခင္း -မိမိ၏အိမ္ေနရာကိုသူတပါးတို႕ အနားယူရန္ေပးကမ္းျခင္း။
မည္သူမဆိုဤအလွဴဒါနခုႏွစ္မ်ိဳးေသာေကာင္းမႈကုသိုလ္ကုိ ေပးကမ္းေလ႔ရွိသည္႔အက်င္႔ေကာင္းရွိလွ်င္ ေအာင္ျမင္ျခင္းသည္ထက္ၾကပ္မကြာ လိုက္ပါလာမည္သာျဖစ္ပါသည္။
အရွင္သူရိယ