ဝမ်းသာခြင်းက အသက်ရှည်ဆေးပဲ – သီတဂူဆရာတော်

အေး … ဝမ်းသာခြင်းက အသက်ရှည်ဆေးပဲ။အလှူဒါနဲ့ ပတ်သက်ပြီးတော့ ဝမ်းသာခြင်းကိုပြောတာက ဒါနိဒါန်းလောက်ပဲ ပြောတာ။ အားလုံး သူတော်ကောင်းတွေ တကယ်ကျင့်ဖို့ကတော့အကုသိုလ်နဲ့ မပတ်သက်ခဲ့ရင်, ကုသိုလ်တရားနဲ့ ပတ်သက်ခဲ့မယ်ဆိုရင်,အကျင့်ကောင်းနဲ့ သက်ဆိုင်ခဲ့မယ်ဆိုရင် ဘယ်အခါမျိုးမှာမဆို (ပရိသတ်ကြီးရေ …)ဝမ်းသာနိုင်အောင် ကြိုးစား။

ဝမ်းသာခြင်းက အသက်ရှည်ဆေးပဲ၊ ဟုတ်လား။ လူ့ဘဝဆိုတာ နှစ်ပေါင်း ခုနှစ်ဆယ်,ရှစ်ဆယ်နော်။ အလွန်တရာ တိုတောင်းတဲ့ နှစ်ကာလအတွင်းမှာ ဝမ်းမြောက်ဝမ်းသာနေကြရမှ ရောဂါကင်းမယ်၊ ရောဂါကင်းတယ်။

ပြောင်းပြန် ဆန့်ကျင်ဘက်စဉ်းစားကြည့် ….အမြဲတမ်း သောကတွေရောက် စိတ်ညစ်နေလို့ရှိရင် (ပရိသတ်ကြီးရေ …)ထင်ရှားတယ်နော်။ ရောဂါအမျိုးမျိုး ခဏလေးဝင်မယ်။ တစ်ခုခုကို အကြောင်းပြုပြီးစိတ်ညစ်တဲ့အချိန်မှာ ဆရာဝန်နဲ့ သွားပြီးတော့ သွေးပေါင်ချိန် တိုင်းကြည့်ပါလား၊တက်နေလိမ့်မယ်။ ၁၆၀၊ ၁၇၀၊ ၁၈၀ နော်။ အဲဒါကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ဆီးချိုရောဂါ စတဲ့ အတွင်းကျတဲ့ ရောဂါကြီးတွေဟာ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းတွေနဲ့အထူးပဲ သက်ဆိုင်ပါတယ်နော်။

ဝမ်းမြောက်ဝမ်းသာ နေရရင် စိတ်ထဲမှာ ကြည်လင်ရွှင်လန်းပြီးတော့ ပေါ့ပါးတက်ကြွနေတဲ့ပုဂ္ဂိုလ်ဟာ ရောဂါကင်းလို့ အဲဒီပုဂ္ဂိုလ် အသက်ရှည်တယ်။

ဒါကြောင့် ဒီနေ့ ပရိသတ်အားလုံးဟာ လက်ကိုင် လက်စွဲအဖြစ် ဝမ်းသာစရာ တစ်ခုခုကိုအားလုံး ရှာထားကြရမယ်နော်။ဘုရားကိစ္စလား၊ တရားကိစ္စလား၊ သံဃာကိစ္စလား၊ အလှူဒါနလား၊ တရားအားထုတ်ခြင်းလား။တစ်ခုခုပေါ့။ ဝမ်းသာမှု တစ်ခုခုရအောင် အမြဲတမ်း လက်ကိုင်ပြုထား။

တစ်ခါတစ်ရံ စိတ်တွေပင်ပန်းပြီးတော့ ရောဂါများ နှိပ်စက်လို့ (သို့မဟုတ်) စိတ်ညစ်လို့ရှိရင်အဲဒီ ဝမ်းသာမှု သောမနဿဝေဒနာကြောင့် ဒီ သောကပရိဒဝဟာ ခဏလေးနဲ့ ငြိမ်းသွားတယ်။

အဲဒါဟာ အသက်ရှည်ဆေးပဲ …..။

သီတဂူဆရာတော်ကြီး

ေအး … ဝမ္းသာျခင္းက အသက္ရွည္ေဆးပဲ။အလွဴဒါနဲ႔ ပတ္သက္ၿပီးေတာ့ ဝမ္းသာျခင္းကိုေျပာတာက ဒါနိဒါန္းေလာက္ပဲ ေျပာတာ။ အားလံုး သူေတာ္ေကာင္းေတြ တကယ္က်င့္ဖို႔ကေတာ့အကုသိုလ္နဲ႔ မပတ္သက္ခဲ့ရင္, ကုသိုလ္တရားနဲ႔ ပတ္သက္ခဲ့မယ္ဆိုရင္,အက်င့္ေကာင္းနဲ႔ သက္ဆိုင္ခဲ့မယ္ဆိုရင္ ဘယ္အခါမ်ိဳးမွာမဆို (ပရိသတ္ႀကီးေရ …)ဝမ္းသာႏိုင္ေအာင္ ႀကိဳးစား။

ဝမ္းသာျခင္းက အသက္ရွည္ေဆးပဲ၊ ဟုတ္လား။ လူ႔ဘဝဆိုတာ ႏွစ္ေပါင္း ခုႏွစ္ဆယ္,ရွစ္ဆယ္ေနာ္။ အလြန္တရာ တိုေတာင္းတဲ့ ႏွစ္ကာလအတြင္းမွာ ဝမ္းေျမာက္ဝမ္းသာေနၾကရမွ ေရာဂါကင္းမယ္၊ ေရာဂါကင္းတယ္။

ေျပာင္းျပန္ ဆန္႕က်င္ဘက္စဥ္းစားၾကည့္ ….အၿမဲတမ္း ေသာကေတြေရာက္ စိတ္ညစ္ေနလို႔ရွိရင္ (ပရိသတ္ႀကီးေရ …)ထင္ရွားတယ္ေနာ္။ ေရာဂါအမ်ိဳးမ်ိဳး ခဏေလးဝင္မယ္။ တစ္ခုခုကို အေၾကာင္းျပဳၿပီးစိတ္ညစ္တဲ့အခ်ိန္မွာ ဆရာဝန္နဲ႔ သြားၿပီးေတာ့ ေသြးေပါင္ခ်ိန္ တိုင္းၾကည့္ပါလား၊တက္ေနလိမ့္မယ္။ ၁၆၀၊ ၁၇၀၊ ၁၈၀ ေနာ္။ အဲဒါေၾကာင့္ ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါ၊ဆီးခ်ိဳေရာဂါ စတဲ့ အတြင္းက်တဲ့ ေရာဂါႀကီးေတြဟာ ဝမ္းသာျခင္း၊ ဝမ္းနည္းျခင္းေတြနဲ႔အထူးပဲ သက္ဆိုင္ပါတယ္ေနာ္။

ဝမ္းေျမာက္ဝမ္းသာ ေနရရင္ စိတ္ထဲမွာ ၾကည္လင္ရႊင္လန္းၿပီးေတာ့ ေပါ့ပါးတက္ၾကြေနတဲ့ပုဂၢိဳလ္ဟာ ေရာဂါကင္းလို႔ အဲဒီပုဂၢိဳလ္ အသက္ရွည္တယ္။

ဒါေၾကာင့္ ဒီေန႔ ပရိသတ္အားလံုးဟာ လက္ကိုင္ လက္စြဲအျဖစ္ ဝမ္းသာစရာ တစ္ခုခုကိုအားလံုး ရွာထားၾကရမယ္ေနာ္။ဘုရားကိစၥလား၊ တရားကိစၥလား၊ သံဃာကိစၥလား၊ အလွဴဒါနလား၊ တရားအားထုတ္ျခင္းလား။တစ္ခုခုေပါ့။ ဝမ္းသာမႈ တစ္ခုခုရေအာင္ အၿမဲတမ္း လက္ကိုင္ျပဳထား။

တစ္ခါတစ္ရံ စိတ္ေတြပင္ပန္းၿပီးေတာ့ ေရာဂါမ်ား ႏွိပ္စက္လို႔ (သို႔မဟုတ္) စိတ္ညစ္လို႔ရွိရင္အဲဒီ ဝမ္းသာမႈ ေသာမနႆေဝဒနာေၾကာင့္ ဒီ ေသာကပရိဒဝဟာ ခဏေလးနဲ႔ ၿငိမ္းသြားတယ္။

အဲဒါဟာ အသက္ရွည္ေဆးပဲ …..။

သီတဂူဆရာေတာ္ႀကီး