သူများလုပ်တိုင်းလိုက်လုပ်စရာမလိုပါဘူး . . .သူကသူ ကိုယ်ကကိုယ်ပါပဲ

အားလုံးဟာကိုယ့်ဘဝနဲ့ကိုယ်ပါပဲ . . .သူများသုံးတိုင်း သူများဖြုန်းတိုင်း လိုက်မဖြုန်းချင်ပါနဲ့ ။ ကိုယ့်ဘဝကိုယ်နားလည်ပါ ။

မင်းသမီးတွေအတွက် အလှအပဟာ သူတို့ရဲ့အဓိကဖြစ်တဲ့အတွက် လှအောင်ပြင်မယ် ဈေးကြီးတဲ့အလှကုန်တွေသုံးမယ် ။ ဈေးကြီးတဲ့အဝတ်အစားတွေဝတ်မယ် ။ အဲ့လိုပြင်တာ ဝတ်တာတွေဟာ သူတို့ကို ဝင်ငွေတိုးစေတယ် ။ ကိုယ်က သူတို့ကိုအားကျပြီး သူတို့လို သုံးမယ် ဝယ်မယ် ဝတ်မယ်ဆိုရင်တော့ စဉ်းစားကြည့်ပေါ့ . . . ကိုယ်လှလို့လည်း ဘယ်သူမှ ကြော်ငြာခေါ်မရိုက်ဘူး ။ ဘယ်သူမှ ပိုက်ဆံမပေးဘူးလေ . အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ . . .

မင်းသမီးလေး facebook ပေါ် Like တွေရရင် ကြော်ငြာတွေ အပ်လို့ ပိုက်ဆံတွေရတယ် ။ အဲ့အတွက် လူကြိုက်များမယ့်အရာတွေတင်တယ် ။ တစ်ချို့ဆို အဖော်အချွတ်တွေတင်တယ် ။ အဲ့လိုတင်တာ သူတို့ပိုက်ဆံရတယ်လေ . . .ကြော်ငြာအပ်ရင် ။ ကိုယ်တွေ သူတို့ကို အားကျပြီး အဖော်အချွတ်တွေတင် ဘယ်သူကပိုက်ဆံလာပေးမှာလဲ. . . Like တွေ အများကြီးရတော့ရော ဘယ်သူက ပိုက်ဆံလာပေးမှာလဲ . . . ဒါကြောင့် အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ . . .

တစ်ချို့သူတွေက သူတို့စီးပွားရေးအတွက် ပိုက်ဆံရလို့ လုပ်နေချိန်မှာ ကိုယ်က ငွေကုန်ကြေးကျခံပြီး အလကားဖြုန်းမလို့လား . . .ကိုယ့်ဝင်ငွေတိုးစေမယ့်နေရာတွေမှာ ရင်းနှီးမြုပ်နှံပါ ။

နေလင်း(သမီးလေး)




နေလင်း(သမီးလေး)