နေ့စဉ်ဘဝလေးမှာ၊ဘဝနဲ့စိတ်ခဏတာအေးချမ်းရဖို့ဆိုရင်
ကိုယ့်ကုသိုလ်စိတ်နဲ့နေပါ၊သူ့အကုသိုလ်စိတ်နဲ့မနေပါနဲ့။
သူများမကောင်းလို့ကိုယ်လည်းမကောင်းနိုင်ဘူးဆိုတဲ့ဒေါသစိတ်ကို မမွေးပါနဲ့။
သူမကောင်းတာ သူ့သရာ၊ကိုယ်ကောင်းတာ ကိုယ့်သံသရာ။
နောက်ဆုံးမှာ ချစ်သည်ဖြစ်စေ၊မုန်းသည်ဖြစ်စေ၊ ကောင်းသူကကောင်းတဲ့သံသရာ ရောက်မယ်၊မကောင်းတဲ့သူက မကောင်းတဲ့သံသရာကို ရောက်မယ်။
ကောင်းတဲ့သံသရာနဲ့မကောင်းတဲ့သံသရာ နှစ်ခုလုံးကို မရောက်ချင်ဘူးဆိုရင်၊အမုန်းကိုလည်း ဖြတ်၊ အချစ်ကိုလည်းဖြတ်၊ဘယ်မှာ တွယ်ကပ်မနေဘဲ၊ မြင်မြင်သမျှတစ်ခဏ၊ဖြစ်ပျက်မျှသာ ရှိနေတယ်လို့မြင်နိုင်အောင်ကြိုးစားရပါမည်။
မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)
ေန႔စဥ္ဘဝေလးမွာ၊ဘဝနဲ႔စိတ္ခဏတာေအးခ်မ္းရဖို႔ဆိုရင္
ကိုယ့္ကုသိုလ္စိတ္နဲ႔ေနပါ၊သူ႔အကုသိုလ္စိတ္နဲ႔မေနပါနဲ႔။
သူမ်ားမေကာင္းလို႔ကိုယ္လည္းမေကာင္းႏိုင္ဘူးဆိုတဲ့ေဒါသစိတ္ကို မေမြးပါနဲ႔။
သူမေကာင္းတာ သူ႔သရာ၊ကိုယ္ေကာင္းတာ ကိုယ့္သံသရာ။
ေနာက္ဆုံးမွာ ခ်စ္သည္ျဖစ္ေစ၊မုန္းသည္ျဖစ္ေစ၊ ေကာင္းသူကေကာင္းတဲ့သံသရာ ေရာက္မယ္၊မေကာင္းတဲ့သူက မေကာင္းတဲ့သံသရာကို ေရာက္မယ္။
ေကာင္းတဲ့သံသရာနဲ႔မေကာင္းတဲ့သံသရာ ႏွစ္ခုလုံးကို မေရာက္ခ်င္ဘူးဆိုရင္၊အမုန္းကိုလည္း ျဖတ္၊ အခ်စ္ကိုလည္းျဖတ္၊ဘယ္မွာ တြယ္ကပ္မေနဘဲ၊ ျမင္ျမင္သမွ်တစ္ခဏ၊ျဖစ္ပ်က္မွ်သာ ရွိေနတယ္လို႔ျမင္ႏိုင္ေအာင္ႀကိဳးစားရပါမည္။
ေမတၱာျဖင့္
အရွင္ဇနက(မႏၲေလးစာသင္သား)