ဝိသုဒ္ဓိမဂ်မှာ ….ဒေါသဝင်လာရင် ဖြေဖျောက်နည်း၁၁-နည်းကို ပေးထားပါတယ်။
၁၊ မေတ္တာပွား၍ ဖျောက်ခြင်း၊
၂၊ မြတ်စွာဘုရား၏ အဆုံးအမသြဝါဒကိုဆင်ခြင်၍ ဖျောက်ခြင်း၊
၃၊ ရန်သူ၏ ကောင်းကွက်ကို ရှာ၍ ဖျောက်ခြင်း၊
၄၊ သနား၍ ဖျောက်ခြင်း၊
၅၊ မိမိကိုယ်ကို ဆုံးမ၍ ဖျောက်ခြင်း၊
၆၊ ကမ္မဿကတာဉာဏ်ဖြင့် ဖျောက်ခြင်း၊
၇၊ သည်းခံပုံ ဇာတ်တော်လာ နည်းများဖြင့်ဖျောက်ခြင်း၊
၈၊ သံသရာတစ်လျှောက်၌ဆွေမျိုးမတော်ခဲ့သူမရှိဟု ဆင်ခြင်၍ ဖျောက်ခြင်း၊
၉၊ မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း၊
၁၀၊ ဓာတ်ခွဲ၍ ဖျောက်ခြင်း၊( သင်သည်ဆံပင်စသည်ကို အမျက်ထွက်သလော ပထဝီဓာတ်စသည်ကို အမျက်ထွက်သလော စသည်ဖြင့် )၊
၁၁၊ ဥစ္စာပေးယူ၍ ဖျောက်ခြင်း၊ အားလုံးပေါင်း ၁၁-နည်းပါ။
ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒေါသရန်ငြိုးကို..အထက်က ၁၁-နည်းထဲက ကိုယ်နှစ်သက်ရာတစ်နည်းနည်းနဲ့ ဖျောက်ပါတဲ့။မေတ္တာပွားမယ့်ပုဂ္ဂိုလ်ဟာ ဒေါသရန်ငြိုးကိုဖြစ်တဲ့နည်းနဲ့ ဖျောက်ရပါမယ်။ ဒါမှလည်းမေတ္တာပွားလို့ရမှာပါ။
ရန်ငြိုးဖျောက်နည်း ၁၁-နည်းထဲကကိုယ်နှစ်သက်ရာ တစ်နည်းနည်းသိရှိနားလည်ခြင်းဖြင့်ဒေါသပါးအောင်ကျင့်ဆောင်နိုင်ကြပါစေ၊၊
အရှင်ရဝေနွယ် – အင်းမ
၀ိသုဒၶိမဂ္မွာ ….ေဒါသ၀င္လာရင္ ေျဖေဖ်ာက္နည္း၁၁-နည္းကို ေပးထားပါတယ္။
၁၊ ေမတၱာပြား၍ ေဖ်ာက္ျခင္း၊
၂၊ ျမတ္စြာဘုရား၏ အဆံုးအမၾသ၀ါဒကိုဆင္ျခင္၍ ေဖ်ာက္ျခင္း၊
၃၊ ရန္သူ၏ ေကာင္းကြက္ကို ရွာ၍ ေဖ်ာက္ျခင္း၊
၄၊ သနား၍ ေဖ်ာက္ျခင္း၊
၅၊ မိမိကုိယ္ကို ဆံုးမ၍ ေဖ်ာက္ျခင္း၊
၆၊ ကမၼႆကတာဉာဏ္ျဖင့္ ေဖ်ာက္ျခင္း၊
၇၊ သည္းခံပံု ဇာတ္ေတာ္လာ နည္းမ်ားျဖင့္ေဖ်ာက္ျခင္း၊
၈၊ သံသရာတစ္ေလွ်ာက္၌ေဆြမ်ိဳးမေတာ္ခဲ့သူမရွိဟု ဆင္ျခင္၍ ေဖ်ာက္ျခင္း၊
၉၊ ေမတၱာအက်ိဳးကို ဆင္ျခင္၍ ေဖ်ာက္ျခင္း၊
၁၀၊ ဓာတ္ခြဲ၍ ေဖ်ာက္ျခင္း၊( သင္သည္ဆံပင္စသည္ကို အမ်က္ထြက္သေလာ ပထဝီဓာတ္စသည္ကို အမ်က္ထြက္သေလာ စသည္ျဖင့္ )၊
၁၁၊ ဥစၥာေပးယူ၍ ေဖ်ာက္ျခင္း၊ အားလံုးေပါင္း ၁၁-နည္းပါ။
ကိုယ့္သႏၲာန္မွာ ျဖစ္ေနတဲ့ ေဒါသရန္ၿငိဳးကို..အထက္က ၁၁-နည္းထဲက ကိုယ္ႏွစ္သက္ရာတစ္နည္းနည္းနဲ႔ ေဖ်ာက္ပါတဲ့။ေမတၱာပြားမယ့္ပုဂၢိဳလ္ဟာ ေဒါသရန္ၿငိဳးကိုျဖစ္တဲ့နည္းနဲ႔ ေဖ်ာက္ရပါမယ္။ ဒါမွလည္းေမတၱာပြားလို႔ရမွာပါ။
ရန္ၿငိဳးေဖ်ာက္နည္း ၁၁-နည္းထဲကကိုယ္ႏွစ္သက္ရာ တစ္နည္းနည္းသိရွိနားလည္ျခင္းျဖင့္ေဒါသပါးေအာင္က်င့္ေဆာင္နိုင္ၾကပါေစ၊၊
အရွင္ရေ၀ႏြယ္ – အင္းမ