အမျိုးသမီးတစ်ယောက် ရဲ့ တန်ဖိုးကိုအိမ်ထောင် ရှိခြင်း၊ မရှိခြင်းနဲ့သိပ် ကို ဆုံးဖြတ်ကြတာပါပဲ

အိမ်ထောင်မကျသေးတဲ့ အပျိုကြီးတွေဆိုရင်ပဲ လှောင်စရာ၊ ပြောင်စရာ အဖြစ် မှတ်ယူထားသူ ကများတတ် ပါတယ် ။ယူမယ့်သူမရှိလို့ပဲ အပျိုကြီးဖြစ်နေရ သလိုလို၊ အားနည်းချက် တစ်ခုခု ကြောင့် လိုလို၊အပျိုကြီးတွေကပဲ ပစိပစပ်သိပ်များနေ သလိုလို၊ အထင်သေး တတ်ကြပါတယ် ။

တကယ်တော့လောကမှာ တစ်ယောက်ထဲ ရပ်တည်နိုင်နေတာကိုက ဂုဏ်ယူစရာ ပါပဲ အိမ်ထောင်ဘက် သေဆုံးသွားတဲ့ မိန်ကလေးများ ကို ဆိုရင်လည်း အနေအထိုင် သိပ် ဆင်ခြင်ကြရတယ်။

သားမရှိဘဲ သမီးတွေနဲ့ပဲ ကျန်ရစ်တဲ့ မိသားစုဆို ပိုဆိုး တတ်ပါတယ်။ ပါတ်ဝန်းကျင်ကို သိပ်ဂရုထားရပြီ။ သမီးတွေကို အရမ်းသွန်သင်ရပြီ။ ပါတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို အခံရဆုံးကအိမ်ထောင်ကွဲသွားရတဲ့ အမျိုးသမီးတွေပါပဲ။

ရပ်ကွက်ထဲက ယောကျာ်းတွေကအထင်သေး သလိုလို မိန်းမတွေကလည်း အချင်းချင်းနစ်နစ်နာနာ ပြောချင်ကြတယ်။ ယောကျာ်းတစ်ယောက်ယောက် နဲ့ ရိုးရိုးသားသား စကားပြောရင်တောင်ရှာကြံအပြစ် လို့ တင်ကြပြန်ပါတယ်။

ရှေးစကားပုံတွေကိုလည်း ကြည့်ပါဦး အလံမရှိတဲ့ ရထား တို့ မောင်တစ်ကျိပ် ရှိပေမယ့်လင်တစ်ယောက် မရှိရင်မသင့်တော် ဘူး ဆိုပြီးအမျိုးမျိုး ပါပဲ။ မုဆိုးမ အိမ်က ဘာဖြစ် နေတာပဲတို့စသဖြင့်ပေါ့လေ

အမှန်တော့မိန်းမတစ်ယောက် ဘဝမှာ ဘယ်လိုအခြေအနေပဲ ရောက်နေရောက်နေ ယောကျာ်းရဖို့ဆိုတာ သိပ်ခက်ခဲတဲ့ကိစ္စ မှ မဟုတ်တာ။ တကယ်သာ အိမ်ထောင်ပြုချင်ရင် ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ကိုယ်နဲ့ အဆင့်အတန်း မတိမ်းမယိမ်း ယောကျာ်း တစ်ယောက်ကိုအချိန်တိုအတွင်း ယူနိုင်ကြတာချည်းပဲ။

မယူတာက မလိုချင် ကြလို့ပါ တကယ်တော့ ယောကျာ်းယူပြီး ဘဝကိုတည်ဆောက်နေတဲ့ အမျိုးသမီးတွေထက် ယောကျာ်းမယူဘဲ မိမိတာဝန်၊ မိဘတာဝန်၊ သားသမီးတာဝန်တွေကိုတစ်ယောက်တည်းထမ်းနေတဲ့၊ ထမ်းနိုင်တဲ့ အမျိုးသမီးတွေကမှတကယ်သတ္တိရှိတဲ့ အမျိုးသမီးတွေပါ

ဘဝမှာတစ်ယောက်တည်း ရပ်တည်နေနိုင်တဲ့ အမျိုးကောင်းသမီးတွေကို တန်ဖိုးထားပြီး လေးစားပါလို့အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်………

Khin Aye Nge

အိမ္ေထာင္မက်ေသးတဲ့ အပ်ိဳႀကီးေတြဆိုရင္ပဲ ေလွာင္စရာ၊ ေျပာင္စရာ အျဖစ္ မွတ္ယူထားသူ ကမ်ားတတ္ ပါတယ္ ။ယူမယ့္သူမရွိလို႔ပဲ အပ်ိဳႀကီးျဖစ္ေနရ သလိုလို၊ အားနည္းခ်က္ တစ္ခုခု ေၾကာင့္ လိုလို၊အပ်ိဳႀကီးေတြကပဲ ပစိပစပ္သိပ္မ်ားေန သလိုလို၊ အထင္ေသး တတ္ႀကပါတယ္ ။

တကယ္ေတာ့ေလာကမွာ တစ္ေယာက္ထဲ ရပ္တည္နိုင္ေနတာကိုက ဂုဏ္ယူစရာ ပါပဲ အိမ္ေထာင္ဘက္ ေသဆံုးသြားတဲ့ မိန္ကေလးမ်ား ကို ဆိုရင္လည္း အေနအထိုင္ သိပ္ ဆင္ျခင္ၾကရတယ္။

သားမရွိဘဲ သမီးေတြနဲ႔ပဲ က်န္ရစ္တဲ့ မိသားစုဆို ပိုဆိုး တတ္ပါတယ္။ ပါတ္ဝန္းက်င္ကို သိပ္ဂ႐ုထားရၿပီ။ သမီးေတြကို အရမ္းသြန္သင္ရၿပီ။ ပါတ္ဝန္းက်င္ရဲ႕႐ိုက္ခတ္မွဳကို အခံရဆံုးကအိမ္ေထာင္ကြဲသြားရတဲ့ အမ်ိဳးသမီးေတြပါပဲ။

ရပ္ကြက္ထဲက ေယာက်ာ္းေတြကအထင္ေသး သလိုလို မိန္းမေတြကလည္း အခ်င္းခ်င္းနစ္နစ္နာနာ ေျပာခ်င္ၾကတယ္။ ေယာက်ာ္းတစ္ေယာက္ေယာက္ နဲ႔ ႐ိုး႐ိုးသားသား စကားေျပာရင္ေတာင္ရွာၾကံအျပစ္ လို ့ တင္ႀကျပန္ပါတယ္။

ေရွးစကားပံုေတြကိုလည္း ႀကည့္ပါဦး အလံမရွိတဲ့ ရထား တို႔ ေမာင္တစ္က်ိပ္ ရွိေပမယ့္လင္တစ္ေယာက္ မရွိရင္မသင့္ေတာ္ ဘူး ဆိုျပီးအမ်ိဳးမ်ိဳး ပါပဲ။ မုဆိုးမ အိမ္က ဘာျဖစ္ ေနတာပဲတို႔စသျဖင့္ေပါ့ေလ

အမွန္ေတာ့မိန္းမတစ္ေယာက္ ဘဝမွာ ဘယ္လိုအေျခအေနပဲ ေရာက္ေနေရာက္ေန ေယာက်ာ္းရဖို႔ဆိုတာ သိပ္ခက္ခဲတဲ့ကိစၥ မွ မဟုတ္တာ။ တကယ္သာ အိမ္ေထာင္ျပဳခ်င္ရင္ ကိုယ့္ပါတ္ဝန္းက်င္မွာ ရွိတဲ့ကိုယ္နဲ႔ အဆင့္အတန္း မတိမ္းမယိမ္း ေယာက်ာ္း တစ္ေယာက္ကိုအခ်ိန္တိုအတြင္း ယူႏိုင္ၾကတာခ်ည္းပဲ။

မယူတာက မလိုခ်င္ ႀကလို႔ပါ တကယ္ေတာ့ ေယာက်ာ္းယူၿပီး ဘဝကိုတည္ေဆာက္ေနတဲ့ အမ်ိဳးသမီးေတြထက္ ေယာက်ာ္းမယူဘဲ မိမိတာဝန္၊ မိဘတာဝန္၊ သားသမီးတာဝန္ေတြကိုတစ္ေယာက္တည္းထမ္းေနတဲ့၊ ထမ္းႏိုင္တဲ့ အမ်ိဳးသမီးေတြကမွတကယ္သတၱိရွိတဲ့ အမ်ိဳးသမီးေတြပါ

ဘဝမွာတစ္ေယာက္တည္း ရပ္တည္ေနႏိုင္တဲ့ အမ်ိဳးေကာင္းသမီးေတြကို တန္ဖိုးထားၿပီး ေလးစားပါလို ့အႏူးအညြတ္ ေမတၱာရပ္ခံအပ္ပါတယ္………

Khin Aye Nge