ကျွန်မကြိုးစားရဦးမယ်လေ

ကျမက ပတ်ဝန်းကျင်ကိုသိပ်ဂရုမစိုက်တတ်ဘူး …ကိုယ်ကကောင်းအောင်နေတယ်လေ။အမြင်ကြည်တာမကြည်တာ သူတို့အပိုင်း ..ကျမကမှန်တယ်

ထင်ရင်ဘယ်သူတားတားလုပ်တတ်တယ်။ဖေဖေ ကတော့ အဲ့ဒါ တဇွတ်ထိုးဆန်တာတဲ့ ။

ကျမပြုံးနေလိုက်တယ်။ကိုယ့်ခံယူချက်ပဲလေ။ကိုယ်ကအမှားကင်းသူမဖြစ်နိုင်တော့အမှားနည်းအောင်ဆင်ခြင်တယ်။

တကယ်တမ်းစဉ်းစားကြည့်လေ .. ပတ်ဝန်းကိုဂရုမစိုက်နိုင်အားလေပဲ။“ချီးမွမ်း (၇)ရက် ၊ကဲ့ရဲ့(၇)ရက်´´ဆိုတာမှားတယ်။ချီးမွမ်းတာ(၇)ပြည့်ချင်မှပြည့်မယ်။ကဲ့ရဲ့စကားကတော့ ကြုံရင်ကြုံသလိုပြောနေကြမှာပဲ။

ကောင်းတဲ့ပတ်ဝန်းကျင်ဆိုတာတော်တော်ရှားပါတယ်။လူတွေတော်တော်များများကကိုယ့်ထက်သာရင် မနာလိုတတ်တဲ့အကျင့်ကရှိနေတော့ ဂုဏ်ပြိုင်တယ်၊ ပိုက်ဆံပြိုင်တယ်၊ စီးပွားရေးပြိုင်မယ်၊ အဝတ်အစားကအစ သားသမီးကိစ္စအဆုံး .. ကိုယ်ကသာ ..သာချင်ကြတာလေ။ကျမ လက်စွဲထားတဲ့စာသားလေးက`ပတ်ဝန်းကျင်စကားအလေးထားကသွားမယ့်အရေးတစ်လှမ်းနှေး၏´တဲ့။

ပတ်ဝန်းကျင်ကပေးတဲ့ အပြစ်တင်ဝေဖန်သံတွေက ကျမခြေလှမ်းတွေကို တုံ့နှေးစေခဲ့ဖူးတယ်။ စိတ်ဓာတ်ကျခဲ့ဖူးတယ်။

နောက်တော့မှ ..သူတို့ပေးတဲ့ ဒဏ်ရာတွေကပဲ ကျမအတွက်မခံချင်စိတ်ဖြစ်ခဲ့ရတာ။အဲ့ဒီစိတ်နဲ့ကြိုးစားခဲ့တာခုချိန်ထိ။သူတို့ပြောသလိုမဖြစ်စေရဘူး။

ငါ့ဘဝကို သူတို့ထင်မြင်ချက်နဲ့လွဲမှားစေရမယ်ဆိုတဲ့စိတ်နဲ့ပေါ့။ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး။

ကျမကိုချစ်တဲ့သူတွေက ကျမရဲ့အပြစ်တွေတွေ့ခဲ့ရင်တောင် နားလည်ခွင့်လွှတ်ပေးကြလိမ့်မယ်။

ကျမကိုကြည့်မရတဲ့သူ .. မုန်းတဲ့သူတွေကတော့ .. ကျမဘယ်လောက်ကောင်းအောင်ကြိုးစားနေပါစေအပြစ်ရှာဝေဖန်ကြလိမ့်မယ်။

ကျမအတွက်ကတော့ကိုယ့်လမ်းကိုယ်ဖောက်မယ်။အနာဂတ်ကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးမယ်။ကျမလည်းလူသားမို့ကောင်းတာရှိသလိုမကောင်းတာလည်းရှိနိုင်တယ်။

အဲ့ဒါကြောင့် ကျမအကြောင်းစုံစမ်းချင်ရင် .. ကျမကိုချစ်တဲ့သူ ..မုန်းတဲ့သူ ထိုသူတွေဆီမှာ မေးမြန်းစုံစမ်းပါ။

တစ်ဦးတည်းအမြင်နဲ့ တဖက်သတ်စကားတွေနဲ့လူတစ်ယောက်အကြောင်းကိုဝေဖန်မသုံးသပ်လိုက်ပါနဲ့။

မျက်လုံးနှစ်ဖက် ၊ နားနှစ်ဖက်နဲ့လူဖြစ်နေတာ …မျှမျှတတတွေးတတ်ဖို့ပဲလိုတာပါ။

လူ လို လူတွေ ကိုယ်ချင်းစာ မြင်တတ်ပါစေ…

စာဖတ်သူအားလုံးကျေးဇူပါ။

ှShwe Yamin

က်မက ပတ္ဝန္းက်င္ကိုသိပ္ဂ႐ုမစိုက္တတ္ဘူး …ကိုယ္ကေကာင္းေအာင္ေနတယ္ေလ။အျမင္ၾကည္တာမၾကည္တာ သူတို႔အပိုင္း ..က်မကမွန္တယ္

ထင္ရင္ဘယ္သူတားတားလုပ္တတ္တယ္။ေဖေဖ ကေတာ့ အဲ့ဒါ တဇြတ္​ထိုးဆန္တာတဲ့ ။

က်မျပံဳးေနလိုက္တယ္။ကိုယ့္ခံယူခ်က္ပဲေလ။ကိုယ္ကအမွားကင္းသူမျဖစ္ႏိုင္ေတာ့အမွားနည္းေအာင္ဆင္ျခင္တယ္။

တကယ္တမ္းစဥ္းစားၾကည့္ေလ .. ပတ္ဝန္းကိုဂ႐ုမစိုက္ႏိုင္အားေလပဲ။“ခ်ီးမြမ္း (၇)ရက္ ၊ကဲ့ရဲ႕(၇)ရက္´´ဆိုတာမွားတယ္။ခ်ီးမြမ္းတာ(၇)ျပည့္ခ်င္မွျပည့္မယ္။ကဲ့ရဲ႕စကားကေတာ့ ၾကံဳရင္ၾကံဳသလိုေျပာေနၾကမွာပဲ။

ေကာင္းတဲ့ပတ္ဝန္းက်င္ဆိုတာေတာ္ေတာ္႐ွားပါတယ္။လူေတြေတာ္ေတာ္မ်ားမ်ားကကိုယ့္ထက္သာရင္ မနာလိုတတ္တဲ့အက်င့္က႐ွိေနေတာ့ ဂုဏ္ၿပိဳင္တယ္၊ ပိုက္ဆံၿပိဳင္တယ္၊ စီးပြား​ေရးၿပိဳင္မယ္၊ အဝတ္အစားကအစ သားသမီးကိစၥအဆံုး .. ကိုယ္ကသာ ..သာခ်င္ၾကတာေလ။က်မ လက္စြဲထားတဲ့စာသားေလးက`ပတ္ဝန္းက်င္စကားအေလးထားကသြားမယ့္အေရးတစ္လွမ္းေႏွး၏´တဲ့။

ပတ္ဝန္းက်င္ကေပးတဲ့ အျပစ္တင္ေဝဖန္သံေတြက က်မေျခလွမ္းေတြကို တံု႔ေႏွးေစခဲ့ဖူးတယ္။ စိတ္ဓာတ္က်ခဲ့ဖူးတယ္။

ေနာက္ေတာ့မွ ..သူတို႔ေပးတဲ့ ဒဏ္ရာေတြကပဲ က်မအတြက္မခံခ်င္စိတ္ျဖစ္ခဲ့ရတာ။အဲ့ဒီစိတ္နဲ႔ႀကိဳးစားခဲ့တာခုခ်ိန္ထိ။သူတို႔ေျပာသလိုမျဖစ္ေစရဘူး။

ငါ့ဘဝကို သူတို႔ထင္ျမင္ခ်က္နဲ႔လြဲမွားေစရမယ္ဆိုတဲ့စိတ္နဲ႔ေပါ့။ကိုယ္ေကာင္းရင္ေခါင္းမေရြ႕ပါဘူး။

က်မကိုခ်စ္တဲ့သူေတြက က်မရဲ႕အျပစ္ေတြေတြ႔ခဲ့ရင္ေတာင္ နားလည္ခြင့္လႊတ္ေပးၾကလိမ့္မယ္။

က်မကိုၾကည့္မရတဲ့သူ .. မုန္းတဲ့သူေတြကေတာ့ .. က်မဘယ္ေလာက္ေကာင္းေအာင္ႀကိဳးစားေနပါေစအျပစ္႐ွာေဝဖန္ၾကလိမ့္မယ္။

က်မအတြက္ကေတာ့ကိုယ့္လမ္းကိုယ္ေဖာက္မယ္။အနာဂတ္ကိုအေကာင္းဆံုးျဖစ္ေအာင္ဖန္တီးမယ္။က်မလည္းလူသားမို႔ေကာင္းတာ႐ွိသလိုမေကာင္းတာလည္း႐ွိႏိုင္တယ္။

အဲ့ဒါေၾကာင့္ က်မအေၾကာင္းစံုစမ္းခ်င္ရင္ .. က်မကိုခ်စ္တဲ့သူ ..မုန္းတဲ့သူ ထိုသူေတြဆီမွာ ေမးျမန္းစံုစမ္းပါ။

တစ္ဦးတည္းအျမင္နဲ႔ တဖက္သတ္စကားေတြနဲ႔လူတစ္ေယာက္အေၾကာင္းကိုေဝဖန္မသံုးသပ္လိုက္ပါနဲ႔။

မ်က္လံုးႏွစ္ဖက္ ၊ နားႏွစ္ဖက္နဲ႔လူျဖစ္ေနတာ …မ်ွမ်ွတတေတြးတတ္ဖို႔ပဲလိုတာပါ။

လူ လို လူေတြ ကိုယ္ခ်င္းစာ ျမင္တတ္ပါေစ…

စာဖတ္သူအားလုံးေက်းဇူပါ။

ွShwe Yamin