“”မေတ္တာဖျန်းလို့ လန်းမယ့်သင်္ကြန်””

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ ပြည်သူသို့ ပန်ကြားချက်

(၁၁-၄-၂၀၂၀)

“”မေတ္တာဖျန်းလို့ လန်းမယ့်သင်္ကြန်””

မန္တလေးမြို့တော်တစ်ခုလုံး မကြုံစဖူးထူးကဲမယ့်သင်္ကြန်ကိုဆင်နွဲကြရပါတော့မယ်။

ရေတစ်စက်မျှမပက်ဘဲမေတ္တာဖျန်းလို့ လန်းကြမယ့် သင်္ကြန်ပါ။

မန္တလေးမြို့တော်က သင်္ကြန်နဲ့ပတ်သက်ရင်အစဉ်အလာရှိတဲ့မြို့၊ သင်္ကြန်ပွဲတော်ကိုချစ်တဲ့မြို့၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိတဲ့မြို့ ပါ။

လမ်းလျှောက်သင်္ကြန်ကို မန္တလေးမြို့ကစတင်ဖန်တီးခဲ့တယ်။ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး ငြိမ်းချမ်းပျော် ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြလို့ လမ်းလျှောက်သင်္ကြန်ကို နှစ်သက်သဘောကျ လက်ခံခဲ့ကြပါတယ်။

ယခုနှစ် မဟာသင်္ကြန်ပွဲတော် ဆင်နွှဲကြရမယ့်အချိန်မှာ Covid ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် လူများစုကကိုယ့်အိမ်ဂေဟာထဲမှာသာ ကိုယ်နေကြရမယ့်အချိန်၊ လူစုလူဝေးရှောင်ကြရမယ့် အချိန်အခါဖြစ်ပါတယ်။

ယခုနှစ်သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံသားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး COVID-19 ရောဂါကပ်ဘေးကင်း ဝေးပြီး ကျန်းမာကြပါစေ။

မြန်မာနိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး တရားမျှတမှုနဲ့ ငြိမ်းချမ်းခြင်းသုခ ခံစားကြရပါစေလို့ မေတ္တာပို့သနေကြ စေလိုပါတယ်။

အလေ့အထကို စွဲလန်းတတ်တဲ့ လူ့သဘောသဘာဝအရ သင်္ကြန်ကျရင် ရေပက်ချင်တတ်ပါတယ်။

ကိုယ်တိုင် ရေမကစားရရင်တောင်မှ သားသမီးအရွယ်ကလေးငယ်တွေကို ရေကစားဖို့အ တွက် အုန်းလက်မဏ္ဌပ်လေး ထိုးပေးပြီး အလိုလိုက်ချင်ပါတယ်။

အုန်းလက်မဏ္ဌပ်ကအစ ရေတစ်ပုံးရေတစ်ခွက်အဆုံး သင်္ကြန်ကာလတစ်လျှောက်လုံးမှာ ရေမကစားဘဲ နေကြပါ။

ရာသီဥတုက အရမ်းပူပြင်းပါတယ်။

ပက်လိုက်မိတဲ့ရေကြောင့် ဖျားနာရင် Covid ရောဂါ သံသယလူနာထဲပါသွားနိုင်တယ်။

ဒီအချိန်မှာ မဖျားမနာတာက အကောင်းဆုံးပါ။

ကိုယ့်တူကိုယ့်သား ဘယ်သူ့ကိုမျှ သံသယလူနာ ဖြစ်စေချင်မှာ မဟုတ်ပါဘူး။

သင်္ကြန်ကာလမှာ တာဝန်အရ ဖြစ်စေ၊ မထွက်မဖြစ်တဲ့အကြောင်းကိစ္စကြောင့်ဖြစ်စေ အိမ်ထဲက အိမ်အပြင်ကို ထွက်ခွါသွားလာရသူတွေရှိ ပါတယ်။

ဒီလူတွေ ရေအပက်ခံရလို့ ဖျားနာရင် ကိုယ့်ကြောင့် အခြားသူ ဒုက္ခဖြစ်တဲ့အတွက် အကုသိုလ်ဖြစ်ဖို့ ရှိပါတယ်။

ဒီနှစ်သင်္ကြန်မှာတော့ ကလေးကအစ လူကြီးများအဆုံး မြို့တော်နေပြည်သူအားလုံး #ရေတစ်ခွက်ရေတစ်စက်မျှမပက်ဘဲထိန်းထိန်းသိမ်းသိမ်းနေကြဖို့ လိုပါတယ်။

ရေကစားသူတွေ့ရင်လည်း အသိအမြင်ကျယ်တဲ့ လူကြီးများကတားမြစ်ပေးကြပါ။

ယခုနှစ်သင်္ကြန်ကို ရေမပက်ဘဲ ထူးထူးကဲကဲ `မေတ္တာဖျန်းလို့ လန်းမယ့်သင်္ကြန် ‘ အဖြစ် အတူတကွ ပါဝင် ဆင်နွှဲကြပါစို့။

Ye Lwin Facebook မှ

မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္၏ ျပည္သူသို႔ ပန္ၾကားခ်က္

(၁၁-၄-၂၀၂၀)

“”ေမတၱာဖ်န္းလို႔ လန္းမယ့္သၾကၤန္””

မႏၲေလးၿမိဳ႕ေတာ္တစ္ခုလုံး မႀကဳံစဖူးထူးကဲမယ့္သၾကၤန္ကိုဆင္ႏြဲၾကရပါေတာ့မယ္။

ေရတစ္စက္မွ်မပက္ဘဲေမတၱာဖ်န္းလို႔ လန္းၾကမယ့္ သၾကၤန္ပါ။

မႏၲေလးၿမိဳ႕ေတာ္က သၾကၤန္နဲ႔ပတ္သက္ရင္အစဥ္အလာရွိတဲ့ၿမိဳ႕၊ သၾကၤန္ပြဲေတာ္ကိုခ်စ္တဲ့ၿမိဳ႕၊ ဆန္းသစ္တီထြင္ႏိုင္စြမ္းရွိတဲ့ၿမိဳ႕ ပါ။

လမ္းေလွ်ာက္သၾကၤန္ကို မႏၲေလးၿမိဳ႕ကစတင္ဖန္တီးခဲ့တယ္။ လူမ်ိဳးဘာသာမေ႐ြး၊ အသက္အ႐ြယ္မေ႐ြး၊ ဆင္းရဲ ခ်မ္းသာမေ႐ြး ၿငိမ္းခ်မ္းေပ်ာ္ ႐ႊင္စြာ ပါဝင္ဆင္ႏႊဲႏိုင္ၾကလို႔ လမ္းေလွ်ာက္သၾကၤန္ကို ႏွစ္သက္သေဘာက် လက္ခံခဲ့ၾကပါတယ္။

ယခုႏွစ္ မဟာသၾကၤန္ပြဲေတာ္ ဆင္ႏႊဲၾကရမယ့္အခ်ိန္မွာ Covid ေရာဂါထိန္းခ်ဳပ္ကာကြယ္ဖို႔အတြက္ လူမ်ားစုကကိုယ့္အိမ္ေဂဟာထဲမွာသာ ကိုယ္ေနၾကရမယ့္အခ်ိန္၊ လူစုလူေဝးေရွာင္ၾကရမယ့္ အခ်ိန္အခါျဖစ္ပါတယ္။

ယခုႏွစ္သၾကၤန္ပြဲေတာ္မွာ ျမန္မာႏိုင္ငံသားအားလုံး၊ ကမာၻသူ ကမာၻသားအားလုံး COVID-19 ေရာဂါကပ္ေဘးကင္း ေဝးၿပီး က်န္းမာၾကပါေစ။

ျမန္မာႏိုင္ငံသားအားလုံး၊ ကမာၻသူကမာၻသားအားလုံး တရားမွ်တမႈနဲ႔ ၿငိမ္းခ်မ္းျခင္းသုခ ခံစားၾကရပါေစလို႔ ေမတၱာပို႔သေနၾက ေစလိုပါတယ္။

အေလ့အထကို စြဲလန္းတတ္တဲ့ လူ႔သေဘာသဘာဝအရ သၾကၤန္က်ရင္ ေရပက္ခ်င္တတ္ပါတယ္။

ကိုယ္တိုင္ ေရမကစားရရင္ေတာင္မွ သားသမီးအ႐ြယ္ကေလးငယ္ေတြကို ေရကစားဖို႔အ တြက္ အုန္းလက္မဏၭပ္ေလး ထိုးေပးၿပီး အလိုလိုက္ခ်င္ပါတယ္။

အုန္းလက္မဏၭပ္ကအစ ေရတစ္ပုံးေရတစ္ခြက္အဆုံး သၾကၤန္ကာလတစ္ေလွ်ာက္လုံးမွာ ေရမကစားဘဲ ေနၾကပါ။

ရာသီဥတုက အရမ္းပူျပင္းပါတယ္။

ပက္လိုက္မိတဲ့ေရေၾကာင့္ ဖ်ားနာရင္ Covid ေရာဂါ သံသယလူနာထဲပါသြားႏိုင္တယ္။

ဒီအခ်ိန္မွာ မဖ်ားမနာတာက အေကာင္းဆုံးပါ။

ကိုယ့္တူကိုယ့္သား ဘယ္သူ႔ကိုမွ် သံသယလူနာ ျဖစ္ေစခ်င္မွာ မဟုတ္ပါဘူး။

သၾကၤန္ကာလမွာ တာဝန္အရ ျဖစ္ေစ၊ မထြက္မျဖစ္တဲ့အေၾကာင္းကိစၥေၾကာင့္ျဖစ္ေစ အိမ္ထဲက အိမ္အျပင္ကို ထြက္ခြါသြားလာရသူေတြရွိ ပါတယ္။

ဒီလူေတြ ေရအပက္ခံရလို႔ ဖ်ားနာရင္ ကိုယ့္ေၾကာင့္ အျခားသူ ဒုကၡျဖစ္တဲ့အတြက္ အကုသိုလ္ျဖစ္ဖို႔ ရွိပါတယ္။

ဒီႏွစ္သၾကၤန္မွာေတာ့ ကေလးကအစ လူႀကီးမ်ားအဆုံး ၿမိဳ႕ေတာ္ေနျပည္သူအားလုံး #ေရတစ္ခြက္ေရတစ္စက္မွ်မပက္ဘဲထိန္းထိန္းသိမ္းသိမ္းေနၾကဖို႔ လိုပါတယ္။

ေရကစားသူေတြ႕ရင္လည္း အသိအျမင္က်ယ္တဲ့ လူႀကီးမ်ားကတားျမစ္ေပးၾကပါ။

ယခုႏွစ္သၾကၤန္ကို ေရမပက္ဘဲ ထူးထူးကဲကဲ `ေမတၱာဖ်န္းလို႔ လန္းမယ့္သၾကၤန္ ‘ အျဖစ္ အတူတကြ ပါဝင္ ဆင္ႏႊဲၾကပါစို႔။

Ye Lwin Facebook မွ