စနေသားသမီးများအတွက် ၂ လပိုင်း တလစာဟောစာတမ်း
စီးပွားရေး
ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများအနေနဲ့ စေ့စပ်ချွေတာတတ်ပီး လုပ်ငန်းကိုအလေအလွင့်နဲအောင်လုပ်ဆောင်နိုင်မယ့်ကာလပါ
လခစားဝန်ထမ်းများအနေနဲ့ မိမိ အလုပ်မှာ လုပ်ရည်ကိုင်ရည် နဲ့ပတ်သက်ပီး ဂုဏ်သတင်းကျော်ဇောတတ်ပါတယ်
အလုပ်ရှာဖွေနေသူတွေအတွက် မိမိကို အလုပ်ရှာပေးသူ ကူညီပေးသူတွေပေါ်လာတတ်ပီး အလုပ်အကိုင်လေးတခုရရှိတတ်ပါတယ်
ငွေကြေးကံအနေနဲ့ မိမိရဲ့ ခြိုးခြံချွေတာမှုတွေကြောင့် လက်ထဲငွေ မြဲတာ ငွေမပြတ်တာလေးတွေရှိနေတတ်ပါတယ်
ပညာရေး
ပညာရေးကံကတော့ လက်ရှိသင်ယူနေတဲ့ပညာရပ်ထက် ကောင်းမွန်တဲ့ပညာရပ်အသစ်တွေကိုသင်ယူလိုစိတ်ရှိနေပီး သင်ယူနိုင်အောင်ကြိုးစားပါကအောင်မြင်တတ်ပါတယ်
အချစ်ရေး
ချစ်သူရှိပီးသား သူတွေအနေနဲ့ ချစ်သူရဲ့ လိုသုံးလို ဆက်ဆံခံရတာတွေ အထင်သေးသလိုပြုမူတာတွေကြောင့် စိတ်ပျက်စိတ်ကုန်နေတတ်ပါတယ်
ချစ်သူနဲ့ပြတ်သွားတဲ့သူတွေ အတွက် ex ပြန်လာဖို့ ကိုယ်ကအသနားခံတောင်းဆိုတာတောင်အရေးမစိုက်တဲ့ပုံစံဖမ်းတဲ့ ex ကြောင့်စိတ်ညစ်ရတတ်ပါတယ်
ချစ်သူမရှိသေးသူတွေအနေနဲ့ ကိုယ်နဲ့အနေအထားပုံစံမတူတဲ့သူရဲ့ဇွတ်တရွတ်ချစ်ရေးဆိုတာတွေခံရတတ်ပါတယ်
အိမ်ထောင်ရေး
အိမ်ထောင်ရေးမှာတော့ ကိုယ်တွေရဲ့ မျှဝေပေးကမ်းမှုတွေကြောင့်ဆွေမျိုးတွေကြားမျက်နှာပွင့်လန်းနေတတ်ပါတယ် အမွေအနှစ် ရတာလေးတွေလဲ ကြုံရတတ်ပါတယ်
ကျန်းမာရေး
ဝမ်းဖော ဝမ်းယောင် အစာမကြေ ရင်ပြည့်ရင်ကယ် မကြာခဏ ဖြစ်တတ်ပါတယ်
လူမှုရေး
လှုမှုရေး မှာ ကိုယ့်ရဲ့အထက်စည်း ဆန်ဆန်ပြောတတ်ဆိုတတ်တဲ့အကျင့်လေးတွေကြောင့် ကြည့်မရသူပေါတတ်ပါတယ်
တစ်လတာကံကောင်းစေတဲ့အရောင်
ခရမ်းဖျော့ရောင် ကြက်သွေးရောင်
တစ်လတာကံကောင်းစေတဲ့ဂဏန်း ၈/၅
တစ်လတာလုံး ကံမြင့်ကံပွင့်ပီးအစစအရာရာအဆင်ပြေစေဖို့ မိမိတတ်နိုင်သော ငွေပမာဏ ကို လမ်းဆုံလမ်းခွတွေမှာ ပံ့သကူ ဟုစာရေးပီး လှူဒါန်းပေးပါ
စေန သားသမီးမ်ားအတြက္ ၂ လပိုင္း တလစာေဟာစာတမ္း
စီးပြားေရး
ကိုယ္ပိုင္စီးပြားေရး လုပ္ကိုင္သူမ်ားအေနနဲ႔ ေစ့စပ္ေခြၽတာတတ္ပီး လုပ္ငန္းကိုအေလအလြင့္နဲေအာင္လုပ္ေဆာင္ႏိုင္မယ့္ကာလပါ
လခစားဝန္ထမ္းမ်ားအေနနဲ႔ မိမိ အလုပ္မွာ လုပ္ရည္ကိုင္ရည္ နဲ႔ပတ္သက္ပီး ဂုဏ္သတင္းေက်ာ္ေဇာတတ္ပါတယ္
အလုပ္ရွာေဖြေနသူေတြအတြက္ မိမိကို အလုပ္ရွာေပးသူ ကူညီေပးသူေတြေပၚလာတတ္ပီး အလုပ္အကိုင္ေလးတခုရရွိတတ္ပါတယ္
ေငြေၾကးကံအေနနဲ႔ မိမိရဲ႕ ၿခိဳးၿခံေခြၽတာမႈေတြေၾကာင့္ လက္ထဲေငြ ၿမဲတာ ေငြမျပတ္တာေလးေတြရွိေနတတ္ပါတယ္
ပညာေရး
ပညာေရးကံကေတာ့ လက္ရွိသင္ယူေနတဲ့ပညာရပ္ထက္ ေကာင္းမြန္တဲ့ပညာရပ္အသစ္ေတြကိုသင္ယူလိုစိတ္ရွိေနပီး သင္ယူႏိုင္ေအာင္ႀကိဳးစားပါကေအာင္ျမင္တတ္ပါတယ္
အခ်စ္ေရး
ခ်စ္သူရွိပီးသား သူေတြအေနနဲ႔ ခ်စ္သူရဲ႕ လိုသုံးလို ဆက္ဆံခံရတာေတြ အထင္ေသးသလိုျပဳမူတာေတြေၾကာင့္ စိတ္ပ်က္စိတ္ကုန္ေနတတ္ပါတယ္
ခ်စ္သူနဲ႔ျပတ္သြားတဲ့သူေတြ အတြက္ ex ျပန္လာဖို႔ ကိုယ္ကအသနားခံေတာင္းဆိုတာေတာင္အေရးမစိုက္တဲ့ပုံစံဖမ္းတဲ့ ex ေၾကာင့္စိတ္ညစ္ရတတ္ပါတယ္
ခ်စ္သူမရွိေသးသူေတြအေနနဲ႔ ကိုယ္နဲ႔အေနအထားပုံစံမတူတဲ့သူရဲ႕ဇြတ္တ႐ြတ္ခ်စ္ေရးဆိုတာေတြခံရတတ္ပါတယ္
အိမ္ေထာင္ေရး
အိမ္ေထာင္ေရးမွာေတာ့ ကိုယ္ေတြရဲ႕ မွ်ေဝေပးကမ္းမႈေတြေၾကာင့္ေဆြမ်္ိုးေတြၾကားမ်က္ႏွာပြင့္လန္းေနတတ္ပါတယ္ အေမြအႏွစ္ ရတာေလးေတြလဲ ႀကဳံရတတ္ပါတယ္
က်န္းမာေရး
ဝမ္းေဖာ ဝမ္းေယာင္ အစာမေၾက ရင္ျပည့္ရင္ကယ္ မၾကာခဏ ျဖစ္တတ္ပါတယ္
လူမႈေရး
လႈမႈေရး မွာ ကိုယ့္ရဲ႕အထက္စည္း ဆန္ဆန္ေျပာတတ္ဆိုတတ္တဲ့အက်င့္ေလးေတြေၾကာင့္ ၾကည့္မရသူေပါတတ္ပါတယ္
တစ္လတာကံေကာင္းေစတဲ့အေရာင္
ခရမ္းေဖ်ာ့ေရာင္ ၾကက္ေသြးေရာင္
တစ္လတာကံေကာင္းေစတဲ့ဂဏန္း ၈/၅
တစ္လတာလုံး ကံျမင့္ကံပြင့္ပီးအစစအရာရာအဆင္ေျပေစဖို႔ မိမိတတ္ႏိုင္ေသာ ေငြပမာဏ ကို လမ္းဆုံလမ္းခြေတြမွာ ပံ့သကူ ဟုစာေရးပီး လႉဒါန္းေပးပါ