သောကြာသားသမီးများအတွက် ၂ လပိုင်းတလစာဟောစာတမ်း
စီးပွားရေး
ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများအနေနဲ့ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပီးစီးပွားရေးလောကမှာနာမည်တလုံးနဲ့ရပ်တည်ရတတ်ပါတယ်
လုပ်ငန်းကြီးကြီးမားမားတွေလုပ်ကိုင်ဆောင်ရွက်ရတတ်ပါတယ်
လခစားဝန်ထမ်းများအနေနဲ့ အလုပ်တာဝန်ကြီးကြီးမားမားတွေကြားဖိအားလေးတွေများတတ်ပါတယ်
ကိုယ်မရှိလို့အလုပ်မတွင်တာတွေရှိတာကြောင့်နားချိန်မရအောင်အလုပ်များမယ့်ကာလလေးပါ
အလုပ်ရှာဖွေနေသူတွေအတွက် မိမိအရည်အချင်းနဲ့ကိုက်ညီထိုက်တန်တဲ့အလုပ်တခုကိုရဖို့ရှိနေပါပီ
ငွေကြေးကံအနေနဲ့ ရစရာရှိတဲ့ အကြွေးတွေမရတာပေးစရာရှိတဲ့အကြွေးတွေကြေဖို့ ကြန့်ကြာနေတာတွေရှိတတ်ပါတယ်
ပညာရေး
ပညာရေးကံကတော့ ပညာရပ်နှစ်ခုကို တပြိုက်နက်ထဲလေ့လာသင်ယူရတတ်ပါတယ် ဖိအားတွေကြားကသင်ယူရတတ်ပါတယ်
အချစ်ရေး
ချစ်သူရှိပီးသား သူတွေအနေနဲ့ ချစ်သူရဲ့ အရိပ်တကြည့်ကြည့် ချစ်ခင်ယုယခြင်းတွေရရှိတတ်သော်လဲ ပတ်ဝန်းကျင် စကားတွေကြောင့်ပဋိပက္ခ များနေတတ်ပါတယ်
ချစ်သူနဲ့ပြတ်သွားတဲ့သူတွေ အတွက် ex ပြန်လာပီး ချစ်သူအဖြစ်လက်တွဲဖို့တောင်းဆိုလာတတ်ပါတယ်
ချစ်သူမရှိသေးသူတွေအနေနဲ့ ချစ်သူရတတ်ပီး ရေရှည်လက်တွဲတွေမြဲမယ့်ချစ်သူမျိုးဖြစ်မှာပါ
အိမ်ထောင်ရေး
အိမ်ထောင်ရေးမှာတော့ တခြားအပျော်အပါးကိစ္စတွေ အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့် မိမိအိမ်ထောင်ဖက်ကို ဂရုမစိုက်ဘဲ ပစ်ထားမိသလိုဖြစ်တတ်တာ အထူးဂရုပြုပါ
ကျန်းမာရေး
ခြေထောက်နာကျင်ကိုက်ခဲတာ အထိုင်များလို့ ဆီးချုပ် ဝမ်းချုပ်တာလေးတွေ ဖြစ်တတ်ပါတယ်
လူမှုရေး
လှုမှုရေး မှာ တော့ ပရဟိတစိတ် များနေတတ်ပီး ဘယ်သူ့ကိုမဆိုကူညီပေးအနစ်နာခံပေးတာတွေကြောင့် လူချစ်လူခင်ပေါတတ်ပါတယ်
တစ်လတာကံကောင်းစေတဲ့အရောင်
ခဲရောင် မိုးပြာရောင်
တစ်လတာကံကောင်းစေတဲ့ဂဏန်း
၄/၆
တစ်လတာလုံး ကံမြင့်ကံပွင့်ပီးအစစအရာရာအဆင်ပြေစေဖို့ မကျန်းမာသူကို လိုအပ်တဲ့ဆေးဝါးဒါန ပြုပေးပါ