ကျောက်ကပ်ကို ထိခိုက်စေတဲ့ ခဲဆိပ်တက် တတ်သော တရုတ်ပြည်လုပ် ဟင်းကြော်အိုးများ

ကျောက်ကပ်ကို ထိခိုက်စေတဲ့ ခဲဆိပ်တက် တတ်သော တရုတ်ပြည်လုပ် ဟင်းကြော်အိုးများ

ဓာတုသုံး ပီပါသံပြားများဖြင့် “အဆိပ်ပါ” အကြော်အိုး များပြုလုပ်နေကြောင်း တရုတ်အစိုးရပိုင် CCTV-13 မှ ဖော်ပြခဲ့သည်။

ဈေးကွက်ထဲရှိ ဈေးပေါသော သံပြား ဟင်းကြော်အိုးများအား CCTV-13 မှ သတင်းထောက်များက လျှို့ဝှက်လေ့လာရာမှ အဆိုပါပြဿနာကြီးတရပ်အား ၎င်းတို့က လူသိရှင်ကြား ဖော်ထုတ်နိုင်ခဲ့သည်။

အဓိကကျောက်ကပ်များကို ထိခိုက်စေမည့် ခဲဆိပ်တက်တတ်သော အဆိုပါဟင်းကြော်အိုးများသည် ဈေးပေါသည်ဆိုသည့် နောက်ကွယ်တွင်

သံပြားအသစ်များထက် တရုတ်ယွမ်ငွေ ထောင်ပေါင်းများစွာ သက်သာစေနိုင်မည့် ဓါတုဗေဒအရည်များထည့်သွင်းသိုလှောင်ရာ၌သုံးသော ပီပါများ အသုံးပြုကြသည်ဟု ဆိုသည်။

ဓါတုသုံး ပီပါပိုင်းတလုံးအား ဖြတ်တောက်၍ အကြော်အိုး (၁၀)ခုမက ထုတ်လုပ်နိုင်ပြီး ရွာတရွာထဲ၌ပင် အဆိုပါအိုးမျိုးတနှစ်လျှင် အခုရေ (၅)သိန်း အထိထုတ်လုပ်နိုင်ကြောင်း CCTV-13 မှဖော်ပြခဲ့သည်။

စာကြွင်း/- “နမူနာသာယူခဲ့ပါ ဈေးနှုန်းညှိနှိုင်းနိုင်သည်ဆိုတဲ့” ကျယ်ဂေါင်က ဗွီနိုင်းတွေ သွားမြင်မိတယ်။ လမ်းဖြတ်သန်းခသာ “ဆက်” ကြစမ်း ဘာမဆို မြန်မာပြည်ထဲ “သွင်း” နိုင်တယ်။

တရုတ်ပြည် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရဲ့ နောက်ကွယ်က အကြောင်းအရင်းကိုတော့ တရုတ်မီဒီယာတွေက ဖွင့်ချလိုက်ပါပြီ။

ဈေးပေါပြီး တရုတ်ပြည်မှာတောင် သုံးခွင့်ပိတ်ထားတဲ့ ဒီလို ဒယ်အိုးတွေ ရွှေပြည်ကြီးထဲကို ဘယ်လောက်တောင် ရောက်နေကြပြီလဲ..?