ကြာသပတေးသားသမီးများအတွက် ၂ လပိုင်းတလစာဟောစာတမ်း
စီးပွားရေး
ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများအနေနဲ့ အဖျက်အဆီး အတိုက်အခံ အမျိုးမျိုးကြုံတွေ့ရတတ်ပါတယ် လူယုံရဲ့တိုက်ခိုက်တာခံရတတ်ပါတယ်သတိထားရမယ့်ကာလပါ
လခစားဝန်ထမ်းများအနေနဲ့ အောက်လက်ငယ်သားရဲ့အချိုးမပြေမှု စကားနားမထောင်တလွဲလုပ်မှုတွေအပေါ်တာဝန်ယူရတာတွေရှိတတ်ပါတယ်
အလုပ်ရှာဖွေနေသူတွေအတွက် တော့ အလုပ်ရခါနီးမှ ပတ်သက်ရာပတ်သက်ကြောင်းတွေကို ကိုယ့်နေရာ အစားထိုးပီးခန့်လိုက်တာမျိုးတွေရှိတတ်ပါတယ်
ငွေကြေးကံအနေနဲ့ ငွေဝင်တာထက် ငွေထွက်တာပိုများနေတတ်တဲ့ကာလပါ
ပညာရေး
ပညာရေးကံကတော့ ပံ့ပိုးမှုကောင်းကောင်းတွေကြား လိုချင်တဲ့ပညာတွေကို သင်ယူခွင့်ရတတ်ပါတယ်
အချစ်ရေး
ချစ်သူရှိပီးသား သူတွေအနေနဲ့ ချစ်သူရဲ့ ချုပ်ချယ်မှု တွေကြောင့် မွန်းကြပ်မှုတွေခံစားနေရတတ်တဲ့ကာလလေးပါ
ချစ်သူနဲ့ပြတ်သွားတဲ့သူတွေ အတွက် ex ပြန်လာတတ်ပါတယ် သို့သော် ပြန်ထွက်သွားတတ်တာမို့စိတ်ရှုပ်ရတတ်ပါတယ်
ချစ်သူမရှိသေးသူတွေအနေနဲ့ ကိုယ်ချစ်ရတဲ့သူအပေါ်ဖွင့်ပြောလိုက်ပေမယ့်ဘေးစကားတွေကြောင့်အဆင်မပြေတာလေးတွေရှိတတ်ပါတယ်
အိမ်ထောင်ရေး
အိမ်ထောင်ရေးမှာတော့ သာယာပျော်ရွှင်ချမ်းမြေ့မှုတွေရရှိနေမယ့်ကာလလေးပါ သားသမီးရတနာလေးတွေလဲရရှိတတ်ပါတယ်
ကျန်းမာရေး
ဒူးနာတာ ခါးကိုက်တာ လေးတွေ ဇက်ကြောတက် သွေးတိုးတာလေးတွေမကြာခဏ ဖြစ်တတ်ပါတယ်
လူမှုရေး
လှုမှုရေး မှာ အေးအေးဆေးဆေးနေတတ်တဲ့ကိုယ့်အပေါ် အားကိုလိုသူတွေ အကြံဉာဏ်တောင်းလိုသူတွေရှိနေတတ်ပါတယ်
တစ်လတာကံကောင်းစေတဲ့အရောင်
ရွှေရောင် အစိမ်းရောင်
တစ်လတာကံကောင်းစေတဲ့ဂဏန်း
၁/၃
တစ်လတာလုံး ကံမြင့်ကံပွင့်ပီးအစစအရာရာအဆင်ပြေစေဖို့ ရေ ဖျော်ရည် စတဲ့အမောပြေစေတဲ့အရာများကို မကြာခဏလှုဒါန်းပေးပါ