ဗုဒ္ဓဟူး သားသမီးများအတွက် ၂ လပိုင်းတလစာဟောစာတမ်း

ဗုဒ္ဓဟူး သားသမီးများအတွက် ၂ လပိုင်းတလစာဟောစာတမ်း

စီးပွားရေး

ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများအနေနဲ့ အလုပ်တွေမနိုင်မနင်းဖြစ်တတ်ပေမယ့် စီးပွားတိုးမယ့်ကာလလေးပါ ကြိုးစားသလောက်အရာထင်တတ်ပါတယ်

လခစားဝန်ထမ်းများအနေနဲ့ အလုပ်နေရာ အရွှေ့အပြောင်း ရာထူး လစာတိုးသတင်းကောင်းတွေကြားရတတ်ပါတယ်

အလုပ်ရှာဖွေနေသူတွေအတွက် တနယ်တကျေးမှာသွားရောက်လုပ်ကိုင်ရပီးတိုးတက်အောင်မြင်တတ်ပါတယ်

ငွေကြေးကံအနေနဲ့ ငွေဝင်ဖို့အတွက် ကိုယ် ကိုယ်တိုင် အားသွန်ခွန်စိုက် ရှာဖွေမှသာအဆင်ပြေတတ်ပါတယ်

ပညာရေး

ပညာရေးကံကတော့ အခက်အခဲတွေကြားသင်ယူရတတ်ပီး တပိုင်းတန်းလန်းတွေ ဖြစ်နေတတ်ပါတယ်

အချစ်ရေး

ချစ်သူရှိပီးသား သူတွေအနေနဲ့ ချစ်သူအပေါ် အနိုင်လိုစိတ်များနေတတ်ပီး နိုင်စားတတ်တာကြောင့်ချစ်သူကစိတ်ပျက်နေပါပီစကားတွေခဏခဏများတတ်လို့သင့်ဘက်ကဆင်ခြင်ဖို့လိုတဲ့ကာလပါ

ချစ်သူနဲ့ပြတ်သွားတဲ့သူတွေ အတွက် ex ကို ပြန်လာမှာတောင် ကြောက်နေတတ်ပါတယ် ချစ်သူအသစ်ထားရင်လဲ ကိုယ့်အပေါ်နိုင်လိုမင်းထက်လုပ်တတ်လို့သေချာရွေးချယ်ပါ

ချစ်သူမရှိသေးသူတွေအနေနဲ့ ကတော့ ဇွတ်တရွတ်ချဉ်းကပ်သူတွေကြောင့်စိတ်ရှုပ်ရတတ်ပါတယ်

အိမ်ထောင်ရေး

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်အပေါ် အားမရတာစိတ်ပျက်စိတ်ကုန်တာတွေဖြစ်နေတတ်သော်လဲ မိသားစုမျက်နှာ သားသမီးမျက်နှာကြောင့် စိတ်ညစ်သော်လဲ အားတင်းကျော်ဖြတ်ရမယ့်ကာလပါ

ကျန်းမာရေး

အအေးမိနှာစေး မကြာခဏဖြစ်တတ်ပါတယ် ရေကိုင်တာလေးတွေဂရုစိုက်ပါ

လူမှုရေး

လှုမှုရေး မှာ တော့သူများအပူတွေကို မကြည့်ရက်လို့ ပေးကမ်းကူညီရတာတွေရှိနေတတ်ပါတယ်

တစ်လတာကံကောင်းစေတဲ့အရောင်

အညိုရောင် စိမ်းပြာရောင်

တစ်လတာကံကောင်းစေတဲ့ဂဏန်း

၂/၅

တစ်လတာလုံး ကံမြင့်ကံပွင့်ပီး အစစအရာရာအဆင်ပြေစေဖို့ ကိုယ့်ထက်နိမ့်ပါး နွမ်းပါးသူ အမျိုးသားတဦးကို ငွေနှစ်ထောင်ကျပ်တိတိလှူဒါန်းပေးပါ