ကြည့်ရှူသူပရိတ်သတ်တွေ ရင်ထဲစို့နင့်ကြေကွဲစွာ ခံစားရလောက်တဲ့အထိ မိခင်ကြီးရဲ့Memorial Documentary ကို ချပြလာတဲ့အဆိုတော်

ပရိသတ်ကြီးရေ အိုင်းရင်ဇင်မာမြင့်လို့ပြောလိုက်တာနဲ့သူ့ရဲ့ကြည်လင်ချိုသာတဲ့အသံကို တွဲမြင်ကြမယ်ထင်ပါတယ်။

သူမအနေနဲ့ လက်ရှိမှာအနုပညာအလုပ်တွေကိုရပ်နားထားဆဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ပြီးခဲ့တဲ့၁၇.၂. ၂၀၂၁ခုနှစ်မှာ အုတ်တတိုင်းကြီးသဖွယ် အားကိုးချစ်ခင်ရတဲ့ မိခင်ကြီးကိုဆုံးရှုံးခဲ့ရတာပါ။

လတ်တလောမှာ မိခင်ကြီးနဲ့ပတ်သက်ပြီး” 1956 ခုနှစ်မှာ Lily ဆိုတဲ့ပန်းတစ်ပွင့်ပွင့်ဟာ လှလှပပလေးပွင့်လန်းခဲ့ပြီး

2021 မှာတော့အဲ့ Lily ပန်းလေးကကြွေလွင့်ခဲ့ပါတယ် ..ဒါပေမယ့် Irene ရဲ့ရင်ထဲမှာတော့

အဲ့ Lilyပန်းဟာ ထာဝရမွှေးပျံ့ရှင်သန်နေမှာပါ”ဆိုတဲ့စာလေးနဲ့ အတူ အိုင်းရင်းရဲ့မိခင်ကြီးအကြောင်း‌ ကိုရိုက်ကူးထားတဲ့

Memorial Documentary လေးရဲ့ OFFICIAL TRAILER လေးကိုတင်လာခဲ့တာပါ။

OFFICIAL TRAILER လေးကိုကြည့်မိရုံနဲ့တင် မိခင်ကြီးကိုဆုံးရှုံးလိုက်ရတဲ့ အိုင်းရင်းရဲ့ ခံစားချက်ကို အပြည့်အဝနားလည်ကာ

မျက်ရည်မဆည်နိုင်ဖြစ်မိကြတာအမှန်ပါပဲနော်။ရင်ထဲကိုဆို့နင့်စေတဲ့ခံစားချက်တွေပေးစွမ်းထားတဲ့ အိုင်းရင်းမေမေရဲ့Memorial Documentary လေးကို

လာမယ့်ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာအပြည့်အဝကြည့်ရှူပြီး အခုထွက်ရှိခဲ့တဲ့ OFFICIAL TRAILER လေးကို ပရိသတ်တွေကြည့်ရှူပြီး အိုင်းရင်းနဲ့ထပ်တူခံစားနိုင်ဖို့တင်ပေးလိုက်ပါတယ်နော်။

Source-IreneZinMarMyint