မင်းကွန်းဆရာတော်ကြီးမိန့်ကြားတော်မူသော “ဝ သုံးလုံး”ဆောင်ပါ

မင်းကွန်းဆရာတော်ကြီးမိန့်ကြားတော်မူသော “ဝ သုံးလုံး”ဆောင်ပါ

မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့ ကြွတော်မူသောအခါ –

ဆရာတော်ကြီးနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော အသက်၈၀ကျော် အဖွားအိုတစ်ဦးက ကြုံတုန်းကြုံခိုက် …သူမကို ဆုံးမသြဝါဒ ပေးသနားဘို့လျှောက်တင်ပါတယ်။

ဆရာတော်ကြီးက -“ဒကာမကြီး …အသက်အရွယ်ကြီးရင့်လာပြီဆိုတော့”ဝ”သုံးလုံး ဆောင်ထားဗျ။

၁။ ဝ ဝ စား

အသက်အရွယ်တွေက ကြီးရင့်လာပြီဆိုတော့

ကိုယ်ခန္ဓာက အားအင်တွေ တစ်နေ့တစ်ခြား ဆုတ်ယုတ်လာပြီ။

ဝဝစားမှ အားရှိမှာ … အားရှိမှ တရားဘာဝနာကို အားထုတ်နိုင်မှာ …

ဒါ့ကြောင့် ဒကာမကြီး ဝဝစားပါ။

၂။ ဝေးဝေးနေ

အသက်ကြီးလာပြီဆိုတော့ ချေးမနိုင် သေးမနိုင် ချောင်းတဟတ်ဟတ်ဆိုတော့

သားသမီးတွေက အနားကပ်တာ သိပ်ကြိုက်ကြတာမဟုတ်ဘူး။

သူတို့ရဲ့ ချေးသေးကိစ္စအဝဝကို ကိုယ်က မရွံမရှာ သုတ်သင်ပေးခဲ့ပေမယ့်

သူတို့အလှည့်ကျတော့… ရွံရှာတတ်ကြတယ်။

သူတို့နှင့် ဝေးဝေးနေမှ အမုန်းမခံရမှာ။

ဒါကြောင့် …ဝေးဝေးနေပါဒကာမကြီး

ဝေးဝေးနေနိုင်ရင်တော့ ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။

၃။ ဝင်မရှုပ်နဲ့

သားသမီးတွေရဲ့ လူမှုရေး စီးပွားရေး အရေးမှန်သမျှကို ဝင်မရှုပ်ပါနဲ့။

ကိုယ်က ဝင်ရှုပ်လိုက်လို့ သားသမီးတွေ မကျေမနပ်ဖြစ်ပြီး

“ခင်ဗျားကြီး ဘာသိလို့ ဝင်ရှုပ်တာလဲ” ဟု အပြောခံရရင် ကိုယ်ပဲ စိတ်ဆင်းရဲရတတ်တယ်။

သူတို့ အရေးမှန်သမျှကို ဘာမျှ ဝင်မရှုပ်ပဲနေရင် … ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။

ကဲ… ဘုန်းကြီးပေးတဲ့ “ဝ” ၃လုံးသုံးကို ဆောင်ထားပေတော့ဗျာ” ဟု ထိမိလှသော သြဝါဒကို မိန့်ချွေတော်မူပါသည်။

မှတ်သားစရာကောင်းလှ၏ …။

ဒကာ ဒကာမတွေ အားလုံး အသက်အရွယ် ကြီးရင့်လာတဲ့အခါ “ဝ”သုံးလုံးကို ဆောင်ဘို့မမေ့ရန် လက်တို့လို့ သတိပေးလိုက်တာပါ။

ဓမ္မလက်ဆောင်

Credit