အိန္ဒိယနိုင်ငံမှ ဘာသာမဲ့နဲ့ ဘာသာခြား လူ ၅၀၀ ကျော် ဗုဒ္ဓဘာသာသို့ တပြိုင်နက် ဝင်ရောက်

အိန္ဒိယနိုင်ငံမှ ဘာသာမဲ့နဲ့ ဘာသာခြား လူ ၅၀၀ ကျော် ဗုဒ္ဓဘာသာသို့ တပြိုင်နက် ဝင်ရောက်

အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်တွင်သီတင်းသုံးနေထိုင်သည့် ရခိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏိဿရကိုအမှူးထား၍ ဘာသာမဲ့နှင့် ဘာသာခြား ၅ဝဝ ဦးသည်

ဗုဒ္ဓဘာသာအဖြစ် ဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ် ကုသိနာရုံခရိုင်ရှိ ဆရာတော်ဘုရားကြီးသီတင်းသုံးတော်မူသော

ကုသိနာရုံမြန်မာကျောင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆရာတော်ဘုရားကြီး၏တပည့်ဖြစ်သူ အရှင်ဦးသာဂရက မိန့်ကြားပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အိန္ဒိယမှာ ဗုဒ္ဓသာသနာတော်ပြန်လည် လင်းလက်စေချင်တဲ့ဆန္ဒကြောင့်

ဒီလို ဘာသာခြားတွေကို သာသနာပြုပြီးတော့ ဗုဒ္ဓဘာသာအဖြစ် သွင်းရတာဖြစ်တယ်လို့ မိန့်ပါတယ်။

ယင်းနေ့က ဗုဒ္ဓဘာသာအဖြစ်ဝင်ရောက်ခဲ့သူများတွင် ဘာသာမဲ့ ၁ဝ ဦးခန့်သာရှိပြီး အခြားသူများမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြပါတယ္။

ထိုကဲ့သို့ ဗုဒ္ဓဘာသာအဖြစ်ခံယူပြီးနောက် ရှင်သာမဏေအဖြစ်ခံယူခဲ့သူ အပါး ၁၅ဝ နှင့် မယ်သီလရှင်အပါး ၅၀ ရှိခဲ့ပြီး ဗုဒ္ဓဘာသာအဖြစ်ဝင်ရောက်ခဲ့တဲ့ လူပုဂ္ဂိုလ် ၃ဝဝ ဦးရှိခဲ့တယ်လို့

သိရပါတယ်။

ရှင်သာမဏေနှင့် မယ်သီလရှင်တို့သည် အဆိုပါကျောင်းတွင် ၇ ရက်ကြာ သီတင်းသုံးနေထိုင်ရမည်ဖြစ်ပြီး ယင်းကာလအတွင်း

ဗုဒ္ဓဘာသာတစ်ဦး၏ သိသင့်သိထိုက်သည်များကို ဆရာတော်ဘုရားကြီးက ဟောပြောမိန့်ကြားပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၇၀ ရာခိုင်နှုန်း၊ မူဆလင် ၂၅ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာဝင် ၃ ရာခိုင်နှုန်း၊ ဘာသာမဲ့နှင့် ခရစ်ယာန် ၂ ရာခိုင်နှုန်းရှိပါတယ်။

အခုလိုမျိုး အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့အချိန် ဆရာတော်ကြီးက ခုလိုမျိုး သာသနာပြုပြီး ဗုဒ္ဓဘာသာထွန်းကားအောင် စွမ်းဆောင်သာသနာပြုနိုင်တဲ့အတွက်

ဆရာတော်ရဲ့တပည့်တစ်ယောက်အနေနဲ့ သာသနာတော်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို ဆရာတော်ထံပါးမှာ သာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်လို့ ဦးသာဂရက မိန့်ပါတယ်။

သက်တော် ၈၆ နှစ်ရှိပြီဖြစ်သော ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏိဿရသည် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊

ဇီးပင်ကြီးကျေးရွာဇာတိဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသည်မှာ နှစ်ပေါင်း ၆ဝ ခန့်ရှိပြီ ဖြစ်ပြီး

အိန္ဒိယအစိုးရနဲ့ ယခင် မြန်မာအစိုးရတို့က ဒေါက်တာဘွဲ့နဲ့ အခြား ဘွဲ့အများပြား ဆက်ကပ်ပူဇော် ခံထားရတယ်လို့ သိရပါတယ်။