လက်ကြားယိုသူ လက္ခဏာပိုင်ရှင်တွေအတွက် လက္ခဏာအဟော

လက်ကြားယိုသူ လက္ခဏာပိုင်ရှင်တွေအတွက် လက္ခဏာအဟော

လက္ခဏာပညာ ကျမ်းစာအုပ်တွေ ဖတ်ဖူးသူ၊ ကြားဖူးနားဝ ရှိသူဆိုရင် လက်ကြားယိုတယ်ဆိုတာ သိကြမှာပါ။

လက်ဖဝါးကို စေ့လိုက်လို့မှ လက်ချောင်းလေးတွေ ပူးကပ်မနေဘဲ လက်ချောင်းတွေကြားမှာ လက်ကြားယိုတာ၊ တနည်း ပြောရရင်

လက်ချောင်းတွေကြားမှာ ကွာဟနေသူတွေကို “ငွေမမြဲသူ၊ အသုံးအဖြုန်းကြမ်းသူတွေ” အဖြစ် သတ်မှတ်လေ့ ရှိပါတယ်။

အခုပဲ ခင်ဗျားတို့ လက်ဖဝါးကို သက်တောင့်သက်သာလေး ဖြေလျှော့ပြီးတော့ လက်ချောင်းလေးတွေကို စုစည်းကြည့်ပါ။

လက်ချောင်းတွေကြားမှာ လက်ကြားယိုနေတာတွေ ရှိသလား၊ လက်ကြားမယိုဘဲ လက်ကြားလေးတွေ စေ့နေသလား ဆိုတဲ့အပေါ် မူတည်ပြီး အောက်ပါ ဟောချက်တွေကို ဖတ်ကြည့်နိုင်ပါပြီ။

တကယ်လို့ ခင်ဗျားလက်ဖဝါးကြားမှာ ဘယ်လို ယိုပေါက်မှ မရှိဘဲ လက်ချောင်းတွေအချင်းချင်း ပူးကပ်နေမယ် ဆိုရင် ခင်ဗျားဟာ စေ့စပ် သေချာသူ၊ လက်တွေ့သမား၊

ခေါင်းမာသူ၊ အလိုက်သင့် မနေတတ်သူ၊ တခါတလေ အတ္တကြီးလွန်းသူ ဖြစ်နေတတ်ပါတယ်။

တပြိုင်တည်းမှာပဲ အလုပ်ကို ဇောက်ချ လုပ်တတ်သူ၊ ကြီးပွားချမ်းသာ တိုးတက်အောင် လုပ်နိုင်သူ၊ အောင်မြင်မှုကို ခုံမင် တပ်မက်သူလည်း ဖြစ်နေပြန်ပါတယ်။

ကြားဖူးနေကျ စကားအတိုင်း ဖြည့်စွက်ရရင် စိစစ် သုံးစွဲတတ်သူ၊ မလိုအပ်ဘဲ စွန့်ကြဲပေးကမ်းမှု မရှိသူ ဖြစ်ပါတယ်။

လက်ကြားယိုသူ (တနည်း) လက်ချောင်းတွေကြား ထင်သာမြင်သာတဲ့ ဟာပေါက်တွေ ရှိနေသူဆိုရင်တော့ ဘဝမှာ စိတ်ထင်ရာ လုပ်တတ်သူ၊ ရည်မှန်းချက် မြင့်ပြီး မနေမနား ကြိုးစားသူ၊

အဆင်ပြေအောင်မြင်လာရင် လွယ်လွယ်နဲ့ ပြန်သုံးပြီး ပျော်ပျော်နေတတ်သူ၊ စီးပွားရေးအမြင် အားနည်းသူ၊ စေတနာတွေ ကောင်းလွန်းလို့ အိတ်ထဲပါသမျှ ဝေမျှ ပေးကမ်းတတ်သူ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဘဝကို ဖြတ်သန်းကြသူတွေ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ အကြမ်းဖျဉ်းအယူအဆတွေပဲ ဖြစ်ပြီး လက်ချောင်းတစ်ချောင်းနဲ့ တစ်ချောင်းကြားက သိသာ မြင်သာတဲ့ အကွာအဝေးတွေ၊

လက်ချောင်းအကြဲအစိပ်တွေ၊ လက်ဝါးပြင်ရဲ့ အမာ၊ အပျော့တွေပေါ် မူတည်ပြီး ကွဲပြားခြားနားတဲ့ ဟောကိန်းတွေ ရှိနေပါသေးတယ်။ နောက်ပိုင်းမှာ ဆက်လက် ဖော်ပြပါဦးမယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။