ချမ်းသာကြွယ်ဝမည့် လက်မပိုင်ရှင်များ ရဲ့အကြောင်း

ချမ်းသာကြွယ်ဝမည့် လက်မပိုင်ရှင်များ ရဲ့အကြောင်း

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေ အဲ့ဒီလူ ဘယ်လိုလူစားမျိုးလဲဆိုတာ ပြောပြပေးနိုင်တဲ့ အချက်တွေ ရှိနေပါတယ် …။

ဒီတစ်ခါမှာတော့ လက်မကိုကြည့်ပြီး အဲ့ဒီလူ ဘယ်လိုစိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေးရှိမယ်ဆိုတာ ပြောပြပေးနိုင်တဲ့ အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ဖြောင့်တန်းနေတဲ့ လက်မ

လက်မထောင်လိုက်တဲ့ အခါနည်းနည်းဖြစ်စေ၊ များများဖြစ်စေ ကွေးနေတတ်တဲ့ သူတွေဟာ

ကိုယ့်ရဲ့ခံစားချက်တွေကို အများသိအောင် ပြတတ်တဲ့သူတွေဖြစ်သလို အတွေးတွေကိုလည်း ထုတ်ဖော်ပြောရမှာ နှစ်သက်တတ်သူပဲ ဖြစ်ပါတယ် …။

(၃) လက်ရဲ့ ပထမအဆစ်ကဒုတိယအဆစ်ထက်ပိုရှည်မယ်ဆိုရင်

လက်မထောင်လိုက်ရင် အပေါ်အဆစ်ကို ပထမအဆစ် အဖြစ် သတ်မှတ်ပါတယ် …။

စိတ်စွမ်းအားကို ယုံကြည်သူတစ်ဦးဖြစ်ပြီး အလုပ်ကို အရမ်းကြိုးစားတတ်သူ တစ်ဦးလည်း ဖြစ်ပါတယ် …။

အလိုလိုသိစိတ်ကို ယုံကြည်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချလေ့ရှိပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း တော်တော့်ကို သစ္စာကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ် …။

(၄) လက်မရဲ့ပထမအဆစ်က ဒုတိအဆစ်ထက် ပိုတိုနေမယ်ဆိုရင်

သင့်ရဲ့ဆုံးဖြတ်ချက် အားလုံးက စိတ်ခံစားချက်ထက် လက်တွေ့ကျမှုပေါ်မှာပဲ မူတည်ပြီး ချတတ်ပါတယ် ..။

စိတ်ခံစားချက်နဲ့ လက်တွေ့ကျတာကို ယှဉ်လာရင် လက်တွေ့ကို ပိုဦးစားပေးတတ်တာကြောင့် အချစ်ရေးနဲ့ပတ်သက်လာရင် သင့်လျော်တဲ့လက်တွဲဖော်နဲ့ တွေ့နိုင်ဖို့ အခွင့်အရေးကောင်းတွေနဲ့ လွဲသွားတတ်ပါတယ် …။

ဒီပြဿနာကို ကျော်လွှားနိုင်ဖို့အတွက် ဆိုရင်တော့ သင့်အနေနဲ့အချစ်ကို ရှာဖွေတဲ့အခါမှာ

လက်တွေ့ ကျတာတွေကို နောက်မှာထားပြီး ခံစားချက်လေးကို အနည်းငယ်ထည့်သွင်းစဉ်းစားပေးသင့်ပါတယ်နော် …။ ။

မူရင်းအား ခရက်ဒစ်