သင့်ရဲ့ လက်တ လော ငွေ ကြေး အ ခြေအနေကို အနီးစပ်ဆုံး ပြောပြမယ် ပုံတစ်ခုကို နှိပ်ကြည့်လိုက် 😍
1 မထင်မှတ်ဘဲ ငွေဝင်လာတာလေးတွေ ရှိတတ်ပါတယ် လူကြီးသူမတွေ ဆီက မုန့်ဖိုး ရတာတွေ အထက်လူကြီး အရာရှိတွေက မုန့်ဖိုးပေးတာတွေ ကြောင့် ငွေဝင်လာမှာပါ
ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု စီးပွားလာဘ်မြင်မှုတွေကြောင့် အကျပ်အတည်းတွေရှိလဲ ခဏပါပဲ အဆင်ပြေသွားပါလိမ့်မယ်
ငွေရေးကြေးရေးနဲ့ပတ်သက်ပီးသူများကို ငွေချေးတာတွေ ကြားထဲက အာမခံတာတွေမှာတော့ ကလိမ်ကျခံရတတ်ပါတယ်နော်
2 ငွေအဝင်ထက် အထွက်ကြမ်းနေတတ်ပါတယ် ကိုယ့်အနေနဲ့ ပရဟိတ ကိစ္စတွေ အများအကျိုးပြုရာတွေမှာ ကျေကျေနပ်နပ် အိတ်သွန်ဖာမှောက် သုံးမိတတ်ပါတယ်
ငွေကုန်သွားတယ်လို့မတွေးဘဲ ကုသိုလ်စိတ်နဲ့သာ ပျော်နေတတ်ပါတယ်
ပရဟိတစိတ်ရှိလွန်းသူမို့ ကိုယ့်မှာ အကျပ်အတည်းရှိရင်တောင် အဆင်ပြေအောင်ကူညီပေးမယ်သူတွေပေါ်လာမှာပါ အခက်အခဲရှိလဲ ခဏပါပဲနော်
3 ငွေဝင်ကိန်းရှိပါတယ် မိမိကိုယ်တိုင် အပင်ပန်းခံပီး ရှာဖွေထားတဲ့ငွေကြေးလေးတွေမို့ မထိရက် မသုံးရက် ဖြစ်နေတတ်ပါတယ်
အပင်ပန်းခံပီး အလုပ်လုပ်ရင် လုပ်နိုင်သလောက် ငွေဝင်နေမှာမို့ သုံးသင့်သုံးထိုက်တာ လေးတွေ မှာလဲ သုံးစွဲပေးဖို့လိုပါတယ်နော်
မိမိရဲ့မပြေလည်တဲ့ ဆွေမျိုးသားချင်းတွေကိုလဲ ကူညီပေးဖို့လိုပါတယ် သူတို့ရဲ့ ပြန်လည်အကျိုးပြုခြင်းတွေရရှိတတ်သလို ကိုယ့်မှာ အကျပ်အတည်းတွေ ရှိရင်တောင်ပြေလည်သွားမှာပါနော်
4 ငွေဝင်တာ ပုံမှန်လေးပဲ ရှိနေတတ်ပါတယ် ကိုယ့်ကြိုးစားမှုကြောင့် ပြေပြေလည်လည်လေးတော့ရှိနေမှာပါ
လုပ်ငန်းအသစ်တွေစမယ် ကိုယ်ပိုင်အလုပ်လေးတွေ လုပ်ကြည့်မယ်ဆိုရင်လဲ အဆင်ပြေတတ်ပါတယ်
ငွေကြေးကံ ကလဲ ကိုယ့်အားထုတ်မှုတွေပေါ်မှာပဲ တည်မှီနေတာမျိုးပါ သတိထားဖို့က လောင်းကစား အပျော်အပါးတွေသာ သင့်အတွက်အဖျက်တွေပါ
လုံးဝမလုပ်မိဖို့လိုပါတယ် ကိုယ့်ကို အကျပ်အတည်းတွေထဲ ဆွဲချသွားတတ်တာကြောင့်ပါနော်
credit to Athena reads the Tarot