သင့်ရဲ့အကျင့်စရိုက်ကို သင်ရယ်တဲ့ပုံစံကတစ်ဆင့် ခန့်မှန်းပေးမယ်

သင့်ရဲ့အကျင့်စရိုက်ကို သင်ရယ်တဲ့ပုံစံကတစ်ဆင့် ခန့်မှန်းပေးမယ်

လူတိုင်း မိမိတို့ရဲ့နေစဉ်ဘဝတွေကို ရယ်မောပျော်ရွှင်ခြင်းတွေနဲ့ ဖြတ်သန်းသင့်ပါတယ်။

ရယ်မောခြင်းက သင့်ရဲ့စိတ်အမောတွေကို တစ်ခဏတာဖြစ်ဖြစ် ပြေပျောက်သွားစေနိုင်ပြီး စိတ်ကိုလန်းဆန်းတက်ကြွစေတာ အမှန်ပါပဲ။

ဒီနေ့မှာတော့ သင်ရယ်မောတဲ့ပုံစံကတစ်ဆင့် သင့်ရဲ့အကျင့်စရိုက်ကို ခန့်မှန်းပေးသွားမှာဆိုတော့ ပုံတွေထဲက အနီးစပ်ဆုံး သင်နဲ့တူတဲ့တစ်ပုံကို ရွေးချယ်ပြီး အဖြေကိုလေ့လာကြည့်လိုက်ရအောင်…

(၁) လက်လေးကာပြီး ရယ်မယ်

ရယ်တဲ့အခါ လက်လေးကာပြီး ရယ်မယ်ဆိုရင်တော့ သင်ဟာ အများအမြင်မှာ ယဉ်ကျေးသိမ်မွေ့တယ်လို့ ထင်ရပေမယ့် တစ်ကယ်တော့ မိမိကိုယ်တိုင်တောင် မသိလိုက်ပဲ ပြဿနာတွေကို ရှာမိနေသူ ဖြစ်နေတတ်ပါတယ်။

အကောင်းမြင်စိတ်အပြည့်ရှိပြီး ဂုဏ်ပကာသနတွေကို မမက်မောပဲ ပျော်ပျော်နေတတ်တဲ့အပြင် လွတ်လွတ်လပ်လပ် နေထိုင်တတ်ပါတယ်။ ရှက်ကိုးရှက်ကန်း ဖြစ်နေတတ်တာလေးကတော့ သင့်ရဲ့ဆွဲဆောင်မှုရှိတဲ့ အချက်လေးပေါ့။

(၂) သွားလေးတွေပေါ်တဲ့အထိ ရယ်မယ်

ရယ်တဲ့အခါ ထိန်းချုပ်ထားခြင်းမရှိပဲ သွားလေးတွေပေါ်တဲ့အထိ ရယ်မယ်ဆိုရင်တော့ သင်ဟာ လူမှုဆက်ဆံရေးကောင်းမွန်ပြီး ဖော်ရွေတဲ့လူတစ်ယောက်ပါ။

သင့်ရဲ့ဟန်ဆောင်မှုမရှိတဲ့ အပြုံးကတစ်ဆင့် လူတိုင်းကို အပျော်တွေ ကူးစက်သွားစေတယ်လို့ သတ်မှတ်နိုင်ပါတယ်။

လူတိုင်းအပေါ် ဟန်ဆောင်မှုမရှိပဲ စိတ်ရင်းမှန်နဲ့ ဆက်ဆံတတ်ပြီး ဖေးမကူညီတတ်ပါတယ်။ အလုပ်ကြိုးစားပြီး စိတ်ရှည်သည်းခံတတ်တာလေးကြောင့် လူတိုင်းရဲ့ချီးကျူးခြင်းကို ခံရတတ်ပါတယ်။

(၃) အားရပါးရ ဟက်ဟက်ပက်ပက် ရယ်မယ်

ရယ်တဲ့အခါ ဟန်ဆောင်မှုမရှိပဲ အားရပါးရ ဟက်ဟက်ပက်ပက် ရယ်မယ်ဆိုရင်တော့ သင်ဟာ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး နေထိုက်တတ်သူတစ်ယောက်ပါ။

မည်သူတစ်ဦးတစ်ယောက်ကမှ သင့်ကိုထိန်းချုပ်နိုင်စွမ်း၊ အမိန့်ပေးနိုင်စွမ်းမရှိပါဘူး။

ဟာသတွေပြောရတာကို နှစ်သက်ပြီး မိမိဘေးကလူတွေကို အမြဲပျော်ရွှင်အောင် လုပ်နိုင်စွမ်းရှိပါတယ်။

ရဲရင့်ပြီး သတ္တိရှိတဲ့အပြင် ကိုယ့်အားကိုယ်ကိုးပြီး မိမိလိုချင်တာကို ရအောင်ယူနိုင်စွမ်း ရှိပါတယ်။

(၄) ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ ပြုံးရုံသာပြုံးမယ်

ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ ပြုံးရုံသာပြုံးတတ်တဲ့ လူဆိုရင်တော့ သင်ဟာ အလွန်ရှက်တတ်ပြီး လျှို့ဝှက်ချက်များတဲ့ လူတစ်ယောက်ပါ။

စက်ရုပ်ကြီးတစ်ရုပ်လို စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်ပြီး လူတစ်ဖက်သားရဲ့အတွေးနဲ့အမြင်ကို အရမ်းဂရုစိုက်တတ်တဲ့အတွက် မိမိကိုယ်ကို ထိန်းချုပ်ပြီး အိန္ဒြေရရ နေထိုင်တတ်ပါတယ်။

ဒါ့အပြင် လူစုလူဝေးနဲ့ နေရတာမျိုးကို လုံးဝမနှစ်သက်ပဲ မိမိတစ်ယောက်တည်း အေးအေးဆေးဆေး နေရတာမျိုးကိုပဲ သဘောကျတတ်ပါတယ်။

credit to lotaya_quiz