ဒီအချက်တွေကိုကြည့်ပြီး သင့်အပေါ်ကို မနာလိုစိတ်များတဲ့သူကို ဖော်ထုတ်လိုက်ပါ

မနာလိုမှုဆိုတာ တကယ်တော့ အဆိပ်အတောက်တစ်ခုပါပဲ။ ကိုယ့်ကိုကိုယ်လည်း အဆိပ်မိစေနိုင်သလို တခြားသူတွေကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

မစ္ဆရိယ ဆိုတာက မလိုစိတ်၊ နှမြောတွန့်တို၊ မပေးမကမ်းချင်တဲ့စိတ်လို့ အလွယ်ဆိုပေမယ့် မစ္ဆရိယဆိုတာ အလွန်တရာမှ ကြောက်ဖို့ကောင်းတဲ့အရာပါတဲ့။

မနာလိုစိတ် မစ္ဆရိယစိတ်တွေကြောင့် ဆက်ဆံရေးတွေပျက်ပြားရသလို လူမုန်းလည်းခံရတတ်ပါတယ်။

သင်ကိုယ်တိုင်က မနာ လိုမှုကို ထိန်းချုပ်နိုင်ပေမယ့် သင့်ကို အသားလွတ်ကြီး မနာလိုလိုက်ဖြစ်နေတဲ့သူတွေကြောင့်တော့ စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

တခါတလေ ကိုယ့်ကို မနာလိုဖြစ်နေတယ်လို့ခံစားကြတတ်ပေမယ့် မသေချာလို့ လျစ်လျူရှုထားတတ်ကြပါတယ်။

ဒါကြောင့်သင့်ကို မနာလိုဖြစ်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?ဒါတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

၁။ ဟန်ဆောင်ချီးမွမ်းမယ်

သင်ကောင်းတာတခုခုလုပ်လိုက်ရင် သင့်ကိုချီးမွမ်းပါလိမ့်မယ်။ ပထမဆုံးလာပြီး ချီးမွမ်းသူတောင် ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။

စိတ်ရင်းမှန်နဲ့ချီးမွမ်းတဲ့ပုံစံမျိုးနဲ့ဖြစ်ပေမယ့် သူတို့က သင့်ကို အကြီးကြီးချီးကျူးပီးနောက်ဆုံးပြန်ပြုတ်ကျဖို့ အလိုရှိနေတတ်ကြပါတယ်။

ဒီလိုအချိန်မှာ သူတို့အသံနဲ့အသုံးအနှုံးတွေကို သတိထားပြီးနားထောင်ပါ။ ဂရုပြုပါ။ သင်အခန်းထဲက ထွက်သွားတာနဲ့ သူတို့မျက်လုံးတွေက လှောင်ပြောင်သလို သရော်သလို ပုံစံဖြစ်နေတတ်ပါတယ်။

ဒါတွေကို ဖြေရှင်းဖို့ဆို သင့်ကိုမနာလိုတာကိုသိထားရင်တောင် သူတို့ ကောင်းတာတခုခုလုပ်ရင် သင့်ဘက်က စိတ်ရင်းမှန်နဲ့လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပေးပါ။

သင်ဟာ သူတို့အတွက် စစ်မှန်တဲ့လူဆိုတာကိုပြပါ။ ဒါဟာ သူတို့ရဲ့မနာလိုမှုကို သူတို့ဘာသာပြန်ထိန်းဖို့ကူညီပေးပါလိမ့်မယ်။

၂။ သင့်အောင်မြင်မှုတွေကိုလိုက်ဖျက်တယ်။

ဟန်ဆောင်ချီးမွမ်းခြင်းနဲ့အတူ တခြားတစ်ဖက်မှာလည်း သင့်ကို မနာမစ္ဆရိယပွားနေတဲ့တစုံတစ်ယောက်က သင့်အောင်မြင်မှုတွေ အကြောင်းကြားရင် သင်အလုံအလောက်မကြိုးစားနိင်အောင် နည်းမျိုးစုံနဲ့နှောင့်ယှက်နေတတ်ပါသေးတယ်။

သင်ဘယ်လောက်ပဲ ကြိုးစားပြီး အောင်မြင်အောင် လုပ်ခဲ့ပါစေ မနာလိုတဲ့သူတွေက သူတို့လုပ်ခဲ့ဖူးတဲ့အမှားတွေနဲ့တူအောင် သင့်ကို ပုံဖျက်ဖို့အမြဲကြိုးစားနေပါလိမ့်မယ်။

နောက်ဆုံးသူတို့ သုံးတတ်တာကတော့ ရိုင်းစိုင်းခြင်း သို့မဟုတ် ကဲ့ရဲ့ ရှုတ်ချခြင်းတို့လည်းဖြစ်တတ်ပါတယ်။

မနာလိုစိတ်ရှိသူအများစုဟာ သင်ပိုင်ဆိုင်ထားသမျှကို လိုအပ်နေသူတွေ လိုချင်နေသူတွေဖြစ်တတ်ပါတယ်။

ဒီတော့ သင်လုပ်ရမှာက နှိမ့်ချမှုရှိပါ သင်သာကြွားဝါလိုက်မယ်ဆို သင့်ကို ပိုမနာလိုဖြစ်ပီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနိုင်ပါတယ်။

၃။ သူတို့ရဲ့အောင်မြင်မှုတွေသင့်အပေါ်လွှမ်းမိုးဖို့လုပ်မယ်။

သင့်ကိုမနာလိုတဲ့သူတစ်ဦးက သူတို့ရဲ့အောင်မြင်မှုတွေကို သင်လက်ခံဖို့ သင့်ကိုလွှမ်းမိုးဖို့ ကြိုးစားတတ်ပါတယ်။ သူတို့အောင်မြင်မှုဟာ မှားနေတဲ့ မတရားတဲ့ အောင်မြင်မှုကြီးဖြစ်ခဲ့ရင်တောင်မှပေါ့။

ပြောရရင် သင့်ကို ဂုဏ်ပြုပွဲကျင်းပနေတဲ့အချိန်မျိုးမှာတောင် သူတို့ရဲ့မအောင်မြင်မှုတွေကို မိုးတစ်လုံးလေတစ်လုံးနဲ့ လာရောက်ဝင့်ကြွားနေနိုင်ပါတယ်။

ပြောရရင် သူများWeedingမှာ သူကဘယ်လိုလူနဲ့စေ့စပ်တော့မယ်ဆိုတာမျိုးပေါ့။ အဲ့ဒီလိုလူမျိုးတွေက တခြားလူတွေကို နှောင့်ယှက်ရုံသာမကပဲ သူတို့ကိုသူတို့လည်း ဖျက်ဆီးနိုင်ပါတယ်။

စိတ်ရှုပ်စရာဖြစ်စေနိုင်ပေမယ့် အကောင်းဆုံးနည်းကတော့ ရိုးရိုးသားသားနားထောင်ပေးလိုက်ပါ။ ပီးရင် ဂုဏ်ယူပေးလိုက်ပါ။ ဒါကပဲ သူတို့ရဲ့ အပြုအမူကို အကောင်းဆုံးပြောင်းလဲနိုင်တယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၄။ မင်းရဲ့ အပြုအမူတွေကိုလိုက်အတုခိုးမယ်။

သင့်ကိုမနာလိုတဲ့သူတစ်ယောက်ဟာ သင့်ထက်ပိုကောင်းချင်တယ် သင့်လိုလည်းဖြစ်ချင်တယ်။ သင့်ကိုလိုက်တုမယ်။ ပြောရရင် ဝတ်စားဆင်ယင်မှု အပြောအဆိုတွေက အစသင့်ထက်ပိုကောင်း အတုခိုးတတ်ပါတယ်။

ဒါတွေအတွက် အနှောင့်အယှက်ဖြစ်မယ့်အစား သူကိုယ်ပိုင်စတိုင်နဲ့နေတတ်အောင် သူ့လမ်းတိုင်းသူသွားတတ်အောင် အကြံပေးပါ။

သူတို့ဟာသူတို့ကိုယ်ပိုင် စစ်စစ်မှန်မှန်သူဖြစ်ဖို့လိုတယ်ဆိုတာ သိမြင်လာအောင်လုပ်ပေးပါ။

၅။ သင့်ကိုလိုက်ပြိုင်မယ်။

မနာလိုဝန်တိုမှုတွေမှာ အပြိုင်အဆိုင်များတတ်ကြပါတယ်။ သူတို့ဟာအောင်မြင်မှုတိုင်းကို သူတို့ပဲ ရိတ်သိမ်းချင်ကြတာပါ။ တကယ်လို့ သင့်ကိုသူတို့က မကောင်းတဲ့ ပြိုင်ဆိုင်မှုတွေ ယှဉ်ပြိုင်လာဖို့ပြောရင် သူတို့ကို ငြင်းပယ်လိုက်ပါ။

ပြောရရင် အလုပ်ရာထူး တက် မတက် ကိစ္စမျိုးလာအငြင်းပွားဖို့ ကြိုးစားလာရင် သင့်အနေနဲ့ ဒါဟာ ပြိုင်ဆိုင်စရာမလိုဘူးလို့ငြင်းပယ်ပါ။

သူတို့ဆော့ခိုင်းထဲ ဂိမ်းကို ငြင်းပယ်ပီး ကိုယ့်အလုပ်ကိုလုပ်နေတာက သင့်ကိုအောင်မြင်မှုပိုရစေနိုင်မှာပါ။

၆။ သင့်ရဲ့ကျရှုံးမှုတွေအတွက် အခမ်းအနားကျင်းပမယ် ။ ဝမ်းသာကျေနပ်နေမယ်။

မနာလိုမစ္ဆရိယစိတ်များသူတစ်ဦးဦးက သင်အမှားသေးသေးလေးလုပ်မိရင်တောင် ပုံကြီးချဲ့ပစ်တတ်ပြီးနောက်ကွယ်မှာပျော်နေ ကျေနပ်အားရနေတတ်ပါတယ်။

ဒီလိုပျော်နေတာကို သင့်ကိုဘယ်တော့မှ ပြသမှာမဟုတ်ပဲ လျို့လျို့ဝှက်ဝှက် နေမှာပါ။ ဒီ့အတွက်လည်းစိတ်မဆိုးပဲ သင့်ရဲ့အမှားတွေဟာ သင်ခန်းစာတွေဖြစ်တယ်ဆိုတာ သူတို့ကို သက်သေပြပြီး အကောင်းဆုံးအောင်မြင်မှုတွေ ရယူပြလိုက်ပါ။

အဓိကကတော့ သူတို့ဘယ်လောက် ဝမ်းသာနေပါစေ ဂရုမစိုက်သလိုနေပါ။ ဒီအခါ သူတို့ကို သင်အဖတ်မလုပ်မှန်းသိတဲ့အခါ သူတို့ဘယ်လိုခံစားရမလဲတွေးကြည့်ပါ။

၇။ သင့်နောက်ကွယ်မှာ မကောင်းကြောင်းပြောတယ်။

မနာလိုတတ်တဲ့သူတွေဟာ သူတို့အကြောင့်သူတို့ပြောဖို့ ကောင်းတာဘာတစ်ခုမှမရှိဘူးဆိုရင်တောင် တစ်စုံတစ်ယောက်မကောင်းကြောင်းပြောနေတတ်သူတွေပေ့ါ။

ဒါတွေက သူတို့လုပ်နေကျအလုပ်တွေပါပဲ။ မနာလို မစ္ဇရိယစိတ်ရှိတဲ့သူတစ်ယောက်ကို သည်းခံဖို့တော်တော်ခက်ပေမယ့်တချိန်မှာ သူတို့နဲ့ပြန်တွေ့တဲ့အခါ ခေါင်းမော့နေနိုင်အောင် အကောင်းဆုံးကြိုးစားပါ။

သူတို့က မနာလိုတဲ့ လုပ်ရပ်တွေကို ရပ်တန်းကမရပ်တန့်ဘူးဆိုရင် သူတို့နဲ့ထိပ်တိုင်ရင်ဆိုင်ပါ ။

၈။ သူတို့က သင့်ကိုမုန်းတီးကြတယ်။

သင့်ကို အကြောင်းပြချက်မရှိပဲ မုန်းနေတဲ့သူတစ်ယောက်ယောက်ကို တွေ့ဖူးလား? အဲ့ဒီလို ဘာအကြောင်းမှမရှိပဲမုန်းနေတာ သင့်ကို မနာလိုလို့ပါပဲ။

ဒါကတော်တော်ဆိုးတဲ့ကိစ္စပါ။ သူတို့ကြိုက်နှစ်သက်အောင် ကိုယ်က ဘယ်လိုနေပေးရမယ် ဘယ်လိုကိုင် တွယ်ရမယ်ဆိုတာ ခက်ခဲပါတယ်။

ဘာလို့ဆို အသားလွတ်ကြီးမုန်းနေလို့ပါပဲ။ ဒီတော့ အဲ့ဒီလိုလူတွေ ဘေးနားမှာရှိနေခဲ့ရင် သင်ကိုယ်တိုင်ကသူတို့ သင့်ကိုချစ်ခင်လာအောင် မလုပ်နိုင်ရင် သူတို့ကို သင့်ဘဝထဲ ခေါင်းထဲက အပီးအပိုင်ဆွဲထုတ်လိုက်ပါ။ စိတ်ရှုပ်ဖို့အရမ်းကောင်းပါတယ်။