မိန်းကလေးတွေဆိုတာ သူ့သဘာဝနဲ့ သူ နေကြပေမယ့် ယောင်္ကျားလေးတွေကတော့ အတွေးတွေထဲ သတ်မှတ်ပစ်လိုက်တာတွေ ရှိပါတယ်။
ဘယ်လိုဆိုရင် ဘယ်လို မိန်းကလေးမျိုးဆိုပြီး အလွယ်တကူ သတ်မှတ်လိုက်တတ်ကြပါတယ်။ ဒါကြောင့်ပဲ ယောက်ျားလေးတွေက ဘယ်လို မိန်းကလေးပုံစံတွေကို လွယ်တယ်လို့ ထင်လေ့ ရှိတယ်ဆိုတာကို ဖော်ပြလိုက်ရပါတယ်နော်။
(၁) အယုံလွယ်တဲ့ မိန်းကလေး
ရိုးသားတဲ့ မိန်းကလေး အများစုက ကိုယ့်ကို လူကောင်းပုံစံမျိုးနဲ့ လာပြောတဲ့စကားတွေကို လက်ခံ ယုံကြည်လေ့ ရှိပါတယ်။
ဒါက သူတို့မှာ လူတွေကို ယုံကြည်ပေးတတ်တဲ့ အကျင့် ရှိလို့ပါ။ ဒါပေမယ့်လည်း ကောင်လေးတွေ အမြင်မှာတော့ လွယ်တယ် ထင်သွားတတ်ပါတယ်။
တကယ်ရိုးသားတဲ့သူဆိုတာတောင်မှ တစ်ချို့ကောင်လေးတွေက ရိုးသားတော့ လွယ်တာပေါ့လို့တောင် တွေးတတ်ကြပါသေးတယ်။
(၂) လိုက်လျောတဲ့ မိန်းကလေး
ကောင်လေးတွေရဲ့ သဘာဝက ချစ်စိတ်ဝင်မှ မိန်းကလေးတွေကို ချဉ်းကပ်ကြတာမျိုး မဟုတ်ပါဘူး။ စိတ်ဝင်စားရုံလောက်နဲ့လည်း ချဉ်းကပ်တတ်ကြပါတယ်။
သူတို့ ချဉ်းကပ်တဲ့အခါမှာ တောင်းဆိုမှုတွေက အမြဲ ကပ်ပါနေလေ့ ရှိပါတယ်။ မုန့်စားရအောင် ဘယ်ကို အတူသွားရအောင် စသဖြင့် ဖြစ်ပါတယ်။
ဒီလိုအရာတွေ အလွယ်တကူ လိုက်လျောတဲ့အခါ ကောင်လေးတွေက စိတ်ဝင်စားမှု လျော့ကျသွားပြီး လွယ်တဲ့သူလို့ ယူဆသွားတတ်ကြပါသေးတယ်။
(၃) စကားပြောချိုသာတဲ့ မိန်းကလေး
လူမှုရေး ရှိတဲ့ မိန်းကလေး အချို့ကတော့ ကိုယ့်ကို ချဉ်းကပ်လာတဲ့ ယောကျ်ားလေးမှန်းသိရရင်တောင် ပြန်အသိအမှတ်ပြု စကားပြောလေ့ ရှိပါတယ်။
ခင်ခင်မင်မင် ပြန် အလိုက်သင့် ပြောတဲ့ မိန်းကလေးတွေလည်း ရှိတတ်ပါသေးတယ်။ ဒီလို မိန်းကလေးတွေကို ကောင်လေးတွေက လွယ်တဲ့သူတွေလို့ အထင်လွဲသွားလေ့ ရှိပါတယ်။
(၄) ရင်းနှီးလွယ်တဲ့ မိန်းကလေး
မိန်းကလေးတွေမှာလည်း ခင်တတ်မင်တတ်တဲ့ မိန်းကလေးတွေ ရှိနေပါသေးတယ်။ သူတို့တွေကတော့ ဘယ်သူနဲ့ မဆို ရင်းနှီးလွယ်ပါတယ်။
ဒါပေမယ့် အကြောင်း မသိဘဲ လာချဉ်းကပ်လာတဲ့အခါမျိုးတွေမှာ ဒီလို ရင်းနှီးလွယ်တာကို သိရပြီး လွယ်တယ်တဲ့ ယူဆကြတတ်ပါသေးတယ်။
(၅) အပျော်အပါးမက်တဲ့ မိန်းကလေး
မိန်းကလေးတွေမှာလည်း ပျော်တာကို သဘောကျတာနဲ့ အပျော်အပါးကိစ္စတွေကို နှစ်သက်သူတွေ ရှိပါတယ်။
ဒါက လူ့သဘာဝမို့ မထူးဆန်းပေမယ့် လူအများက မိန်းကလေးတွေကို ခွဲခြားဆက်ဆံတာတွေကြောင့် မိန်းကလေးတွေ အပျော်အပါးမက်ရင် မကောင်းတဲ့သူတွေလို ယူဆတတ်ကြပါတယ်။
ဒါကြောင့် ကောင်လေးတွေကလည်း အပျော်အပါးမက်တဲ့ ကောင်မလေးတွေကို လွယ်တဲ့သူတွေလို့ သတ်မှတ်ထားကြပါတယ်။