အိုးအိမ်တိုက်ခန်းကို ပိုင်ရှင်ထံမှ အရှုပ်အရှင်းကင်းအောင် တရားဝင် ဝယ်ယူနည်း
အိုးအိမ်က Owner Book နဲ့ ၀ယ်ထားတယ် ဆိုတဲ့ သူဆီကနေ တိုက်ခန်း ပြန်ဝယ်ချင်တာပါ။ ဒဂုံမြို့သစ်ဘက်မှာပါ ဘယ်လို အရှုပ်အရှင်းတွေ ရှိနိုင်လဲ။
မှန်ကန် ခိုင်မာမှု ရှိမရှိ ဘယ်လို စစ်လို့ရမလဲ သိချင်ပါတယ်။ အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ ရပါတယ်။
“နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်” ချုပ်ရမှာပေါ့။ စာချုပ်ပြီး \တာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။
တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ရတယ်။ အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။
Owner Book အမည်ပေါက် ကိုယ်တိုင် မလိုက်နိုင်လို့ နောက်မှ တစ်ဖြည်းဖြည်း အမည်ပြောင်းလျှောက်မယ်ဆိုရင်တော့ တိုက်ခန်း အမည်ပေါက်ထံက Special Power (SP) ဖြစ်စေ၊ General Power (GP) ဖြစ်စေ ယူထားလိုက်ရင် ရပါတယ်။
အဲ့ဒီလို ကိုယ်စားလှယ် လွှဲစာယူရင် ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှ ခေါ်ပြီး ယူထားတဲ့ လွှဲစာမှသာလျှင် တရားဝင် အတည် ဖြစ်ပါတယ်။
အရှုပ်အရှင်း ရှိ/မရှိတော့ မြောက်ဥက္ကလာမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှာ ပထမ စုံစမ်းသင့်ပါတယ်။
ဒုတိယအနေနဲ့ကတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မိမိလက်ဝယ်ရထားတဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။
အိုးအိမ်မှာ ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊
ဒါမှမဟုတ် ပိုပြီးသေချာအောင် လူသိရှင်ကြားကြော်ငြာချင်ရင်တော့ မြန်မာ့အလင်း/ကြေးမုံ သတင်းစာတစ်စောင်စောင်မှာ ထည့်လိုက်ပေါ့။ (၁၄)ရက်အတွင်း ကန့်ကွက်ချက်မရှိဘူး ဆိုရင် အပြီးအပိုင် ဝယ်လို့ရပါတယ်။
ဝယ်ပြီး အမည်ပြောင်းရင်လည်း မြေခွန်ဆောင်ရသလို အများကြီးမကုန်ပါဘူး ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
အမည်ပြောင်းမယ်ဆိုရင် အစိုးရဘဏ်ကို ငွေသွင်းထားတဲ့ ငွေသွင်းချလံမူရင်းကတော့ မပါမဖြစ် လိုပါတယ် မမေ့မလျော့ တောင်းယူထားကြပါ။ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
အိုးအိမ္တိုက္ခန္းကို ပိုင္ရွင္ထံမွ အရႈပ္အရွင္းကင္းေအာင္ တရားဝင္ ဝယ္ယူနည္း
အိုးအိမ္က Owner Book နဲ႔ ၀ယ္ထားတယ္ ဆိုတဲ့ သူဆီကေန တိုက္ခန္း ျပန္ဝယ္ခ်င္တာပါ။ ဒဂုံၿမိဳ႕သစ္ဘက္မွာပါ ဘယ္လို အရႈပ္အရွင္းေတြ ရွိႏိုင္လဲ။
မွန္ကန္ ခိုင္မာမႈ ရွိမရွိ ဘယ္လို စစ္လို႔ရမလဲ သိခ်င္ပါတယ္။ အိုးအိမ္တိုက္ခန္းကို Owner Book အမည္ေပါက္သူထံမွ ဝယ္မယ္ဆိုရင္ အရပ္ကတိစာခ်ဳပ္နဲ႔ ဝယ္လို႔ ရပါတယ္။
“ႏွစ္ဦးသေဘာတူ တိုက္ခန္း အေရာင္းအဝယ္ ကတိစာခ်ဳပ္” ခ်ဳပ္ရမွာေပါ့။ စာခ်ဳပ္ၿပီး \တာနဲ႔ တိုက္ခန္းကို အရယူမယ္။ ကိုယ့္ေသာ့နဲ႔ ေျပာင္းၿပီး ခတ္မယ္။
ၿပီးေတာ့ Owner Book အမည္ေပါက္သူ ကိုယ္တိုင္ လိုက္ၿပီး ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန ဗိုလ္ခ်ဳပ္လမ္း ရန္ကုန္တိုင္းေဒသႀကီး႐ုံးမွာ လိုက္ၿပီး ေဆာင္႐ြက္ေပးဖို႔ လိုပါတယ္။
တစ္ခါတည္း အမည္ေျပာင္း ေလွ်ာက္လို႔ရတယ္။ အမည္ေျပာင္းေလွ်ာက္လႊာတင္ၿပီး အဆင့္ဆင့္ေဆာင္႐ြက္ရပါတယ္။
Owner Book အမည္ေပါက္ ကိုယ္တိုင္ မလိုက္ႏိုင္လို႔ ေနာက္မွ တစ္ျဖည္းျဖည္း အမည္ေျပာင္းေလွ်ာက္မယ္ဆိုရင္ေတာ့ တိုက္ခန္း အမည္ေပါက္ထံက Special Power (SP) ျဖစ္ေစ၊ General Power (GP) ျဖစ္ေစ ယူထားလိုက္ရင္ ရပါတယ္။
အဲ့ဒီလို ကိုယ္စားလွယ္ လႊဲစာယူရင္ ရန္ကုန္ၿမိဳ႕ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွ ေခၚၿပီး ယူထားတဲ့ လႊဲစာမွသာလွ်င္ တရားဝင္ အတည္ ျဖစ္ပါတယ္။
အရႈပ္အရွင္း ရွိ/မရွိေတာ့ ေျမာက္ဥကၠလာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ႐ုံးမွာ ပထမ စုံစမ္းသင့္ပါတယ္။
ဒုတိယအေနနဲ႔ကေတာ့ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွာ မိမိလက္ဝယ္ရထားတဲ့ ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းမ်ားနဲ႔ တိုက္ဆိုင္စစ္ေဆးသင့္ပါတယ္။
အိုးအိမ္မွာ ကန႔္ကြက္ခ်က္ကင္းတယ္။ အရႈပ္အရွင္းကင္းတယ္ဆိုရင္ေတာ့ ဝယ္လို႔ရပါၿပီ၊
ဒါမွမဟုတ္ ပိုၿပီးေသခ်ာေအာင္ လူသိရွင္ၾကားေၾကာ္ျငာခ်င္ရင္ေတာ့ ျမန္မာ့အလင္း/ေၾကးမုံ သတင္းစာတစ္ေစာင္ေစာင္မွာ ထည့္လိုက္ေပါ့။ (၁၄)ရက္အတြင္း ကန႔္ကြက္ခ်က္မရွိဘူး ဆိုရင္ အၿပီးအပိုင္ ဝယ္လို႔ရပါတယ္။
ဝယ္ၿပီး အမည္ေျပာင္းရင္လည္း ေျမခြန္ေဆာင္ရသလို အမ်ားႀကီးမကုန္ပါဘူး ဆိုတာ ေျဖၾကားေပးလိုက္ပါတယ္။
အမည္ေျပာင္းမယ္ဆိုရင္ အစိုးရဘဏ္ကို ေငြသြင္းထားတဲ့ ေငြသြင္းခ်လံမူရင္းကေတာ့ မပါမျဖစ္ လိုပါတယ္ မေမ့မေလ်ာ့ ေတာင္းယူထားၾကပါ။ လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ