ဆုတောင်းတိုင်း ပြည့်အောင် ဘာတွေလုပ်ရမလဲ
လောကမှာလူတွေဟာ မိမိတို့ရဲ့ လိုအင်ဆန္ဒပြည့်ဝစေချင်တဲ့အတွက် ဆုတောင်းပြည့်ဘုရားမှာ သွားဆုတောင်းတာတို့ ..ကြီးပွားချမ်းသာလိုတဲ့အတွက် ကြီးကိုးကြီးဘုရား သွားရှိခိုးတာတို့ပေါ့ ၊ ခုက ဒီလိုတွေ တအားများကြတယ်..
တစ်ကယ်က အဲ့သလိုမျိုးတွေ လုပ်စရာမလိုပါဘူး..
မိမိတို့ရဲ့သဏ္ဍာန်မှာ-
၁။ သဒ္ဓါ ဆိုတဲ့ ယုံကြည်မှု
၂။ သီလ ဆိုတဲ့ ကိုယ် နှုတ် စိတ် သုံးပါးကို လုံခြုံအောင် စောင့်ထိန်းမှု
၃။ သုတ ဆိုတဲ့ အကြားအမြင် ဗဟုသုတရှိမှု
၄။ စာဂ ဆိုတဲ့ စွန့်ကြဲပေးကမ်းမှု
၅။ ပညာ ဆိုတဲ့ ဉာဏ်ပညာ ကြီးမြတ်မှု
အစရှိတဲ့ အခြေနေကောင်းတွေသာ ပြည့်စုံနေခဲ့ရင်ဘယ်ဘုရားကိုပဲသွားသွား ဆုတောင်းပြည့်မှာပါ။
အေး..ဒါကြောင့်မို့ ဆုတောင်းတိုင်းပြည့်အောင်ကိုယ့်ဘက်က အခြေနေကောင်းတွေဖြစ်တဲ့”သဒ္ဓါ သီလ သုတ စာဂ ပညာ “တွေကိုပြည့်စုံအောင် ဖန်တီးထားရမှာဖြစ်ပါတယ်..
#ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(Credit)ပြန်လည်ကူးယူပြီး မျှဝေပူဇော်သည်။