ချစ်သူနဲ့အဆင်မပြေတဲ့အချိန်မှာ ကိုယ့်စိတ်ပျော်ရွှင်မှုရအောင် ပြုလုပ်နိုင်တဲ့အရာလေးတချို့

ချစ်သူနဲ့အဆင်မပြေတဲ့အချိန်မှာ ကိုယ့်စိတ်ပျော်ရွှင်မှုရအောင် ပြုလုပ်နိုင်တဲ့အရာလေးတချို့

ချစ်သူစုံတွဲတိုင်းမှာတော့ အဆင်မပြေတာတွေက ရှိနေကျပါ။ တကယ်ချစ်တဲ့စုံတွဲတွေဆိုရင် အချိန်တန်ရင် ပြန်ပြေလည်သွားတာပါပဲ။

ဒါကြောင့် ချစ်သူနဲ့အဆင်မပြေတဲ့အချိန်တွေမှာ စိတ်ညစ်နေမယ့်အစား ကိုယ့်စိတ်ပျော်ရွှင်မှုလေးရအောင် ပြုလုပ်နိုင်မယ့်အရာ (၇) ခုကို ပြောပြပေးလိုက်ပါတယ်။

မုန့်သွားစားပါ။

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် ကိုယ်စားချင်တာမှန်သမျှ အကုန်လျှောက်စားပါ။

ဗိုလ်ချုပ်ဈေးလိုနေရာမျိုးမှာလည်း ဈေးပတ်ပြီးမုန့်တွေလျှောက်စားပါ..။ ဒီလိုလုပ်ပေးခြင်းက စိတ်ကိုပျော်ရွှင်စေပါတယ်။

ဓာတ်ပုံရိုက်ပါ။

ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီနေရာတွေကို သူငယ်ချင်းတွေနဲ့သွားပြီး ဓာတ်ပုံတွေတဝကြီးရိုက်ပစ်ပါ။

ဓာတ်ပုံကောင်းကောင်းလေးထွက်လာရင် ပျော်ရွှင်ရတာလည်း ကျေနပ်စရာကောင်းပါတယ်။

သီချင်းသွားဆိုပါ။

ချစ်သူနဲ့အဆင်မပြေရင် ကာရာအိုကေတွေ Music Box တွေသွားပြီး သီချင်းတွေအော်ဆိုလိုက်ပါ။

ညစ်နေတာတွေ အကုန်ပျောက်သွားအောင်၊ ရင်ထဲပေါ့သွားအောင် သူငယ်ချင်းတွေနဲ့ သီချင်းတွေအော်ဆိုပြီး ကခုန်လိုက်ပါ။

ဟာသကားတွေကြည့်ပါ။

စိတ်ညစ်တဲ့အချိန်မှာ ဟာသကားတွေကြည့်တာ အကောင်းဆုံးပါပဲ။

သူငယ်ချင်းနဲ့အတူ ရုပ်ရှင်ရုံမှာတင်တဲ့ ဟာသကားတွေသွားကြည့်ပြီး မုန့်စားလိုက် ရယ်လိုက်နဲ့ နေပါ။ အိမ်မှာလည်း မုန့်တွေစားရင်း ဟာသကားတွေ ထိုင်ကြည့်လို့ရပါသေးတယ်။

Shopping ထွက်ပါ။

Shopping ထွက်ရတာကို ဝါသနာမပါတဲ့သူကတော့ မရှိလောက်ပါဘူး။ စိတ်ညစ်တာတွေပြေပျောက်ဖို့ Shopping ထွက်ပြီး ကိုယ်လိုချင်တာတွေအကုန်ဝယ်ပစ်ပါ။

Spa သွားပါ။

Spa သွားပြီး အနှိပ်ခံလိုက်တာပဲဖြစ်ဖြစ်၊ ပေါင်းတင်လိုက်တာပဲဖြစ်ဖြစ်လုပ်ပါ။

ခြေသည်း၊ လက်သည်းလေးတွေလည်း ပုံဖော်လိုက်ပါ။ စိတ်ရှုပ်ရင် ဆံပင်ပုံတောင်ပြောင်းပစ်လို့ရပါသေးတယ်။

ဒီအချက်လေးတွေကိုသာလုပ်လိုက်ရင် ချစ်သူနဲ့အဆင်မပြေတာတွေကိုတောင် မေ့နေပြီး စိတ်ပျော်ရွှင်ရပါလိမ့်မယ်။