အားလုံးပဲ သိရှိဆင်ခြင်နိုင်ကြစေရန် ခေါင်းအုံးညစ်ပတ်ခြင်းက လူကို အသက်ဆုံးရှုံးနိုုင်သည် အထိဖြစ်နိုင်ကြောင်းတွေ့ရှိ

အားလုံးပဲ သိရှိဆင်ခြင်နိုင်ကြစေရန်

ခေါင်းအုံးညစ်ပတ်ခြင်းက လူကို အသက်ဆုံးရှုံးနိုုင်သည် အထိဖြစ်နိုင်ကြောင်းတွေ့ရှိ

အသက်(36)နှစ် အရွယ် ရှိပြီဖြစ်တဲ့ Stewart Arms ဟာ ကိုယ်လက်မအီမသာ ဖြစ်ခဲ့ပါတယ်။

စီးပွားရေး သမား ဖြစ်တာကြောင့် ခရီးပန်းတာပဲလို့ ယူဆပြီး ပေါ့ပေါ့ဆဆနေခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိ ဒဏ်ရာက မသက်သာလို့ သူ့မှာ အဖျားရောဂါရှိနေပြီထင်ကာ ဆေးခန်းကို သွားပြခဲ့ပါတယ်။

ဒေါက်တာရဲ့ စစ်ဆေးမှု မှာလည်း တစ်ခြားထူးခြားမှုကို မတွေ့ရလို့ အဖျားကျဆေးကို ပေးပြီးပြန်လွှတ်ခဲ့ပါတယ်

သွေးအဖြေကလည်း ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါ။ ဒါပေမယ့် နောက်တစ်ရက်အကြာမှာပဲ Stewart ဟာ ချောင်းဆိုးတဲ့အခါမှာ သွေးခဲတွေ ပါလာတာကို တွေ့ခဲ့ရပါတယ်။

အဲဒီအခါမှာတော့ရောဂါကို သေသေချာချာ စစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့အဖြေကတော့ “အဆုတ်ကို မှိုစွဲ”တဲ့ ရောဂါ ဖြစ် တယ်လို့အဖြေထွက်ခဲ့ပါတယ်။

အဆိုပါ မှိုဟာ ဘယ်နေရာကနေ လူကို ကူးစက်ခဲ့သလဲဆိုတာကို ထပ်မံ စမ်းသပ်လိုက်တဲ့အခါမှာတော့ ကျွန်တော်တို့နဲ့ အနီးဆုံး ပတ်ဝန်းကျင်မှာ ရှိနိုင်ပြီး အထူးသဖြင့် ကျွန်တော်တို့ အိပ်တဲ့အခါ အုံးတဲ့ ခေါင်းအုံးမှာ ပိုလို့ရှိနိုင်ပါတယ်

အဲဒီ မှိုတွေဟာ အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ဆီကို ဝင်ရောက်နိုင်ဖို့ အရမ်းလွယ်ကူပြီး၊ နေမကောင်းသူ အုံးထားတဲ့ ခေါင်းအုံးကို အသုံးပြုမိပါကလည်း

အဖျား ဗိုင်းရပ်စ်နဲ့ အခြား ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ ပိုရှိတယ်လို့ သိရပါတယ်။

သို့အတွက်ကြောင့် မိမိ တစ်ကိုယ်ရေ အုံးနေတဲ့ ခေါင်းအုံးတွေကို တစ်ပတ်လျှှင် အနည်းဆုံး တစ်ကြိမ် လောက်လျှော်ဖွပ် သန့်စင်ပေးသင့်ပြီး နေ့စဉ် နေရောင်ကောင်းကောင်းရဲ့အောက်မှာ လှန်းပေးသင့် ပါတယ်။

နေရောင်ဟာ မှိုနဲ့ အခြားပိုးမွှားများကို နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါကြောင့် သက်ရှည်ကျန်းမာတဲ့ ဘဝကို ပို်င်ဆိုင်ဖို့

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အသုံးအဆောင် ပစ္စည်းတွေသန့်ရှင်းမှု အရေးကြီးတယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။

Credit to Uploader

Tapyi Thu Mashwehtarr