သင်ဘယ်အချိန် အိမ်ထောင်ကျနိုင်ပြီး၊အိမ်ထောင်ရေး ကံကောင်းနိုင်ပါ့မလား ?

သင်ဘယ်အချိန် အိမ်ထောင်ကျနိုင်ပြီး၊အိမ်ထောင်ရေး ကံကောင်းနိုင်ပါ့မလား ?

နှလုံးလမ်းကြောင်းဖြင့် နီးစပ်သော မျဉ်း

ဒီလို မျဉ်းမျိုး တစ်ခု ဒါမှမဟုတ် နှစ်ခု ရှိရင်တော့ သင်က အိမ်ထောင် စောကျကိန်း ရှိပါတယ်။အသက် ၂၀ ဝန်းကျင်လောက်ပေါ့ ။

လက်သန်းနှင့်နီးသောမျဉ်း

ဒီလို မျဉ်းမျိုးပါ ရင်တော့ နောက်ကျမှ အိမ်ထောင်ကျ တက်တယ်။ ဒါပေမဲ့ လက်တွဲဖော်ကောင်းနှင့် တွေ့ဆုံရ တက်ပါ တယ်။ ၃၅- ၅၀ အတွင်း အိမ်ထောင်ကျ နိုင်ပါ တယ်။

လက်သန်းနှင့် နှလုံးလမ်းကြောင်းကြား အလယ်ကျသောမျဉ်း

အိမ်ထောင်ကျချိန် ပုံမှန် ပါပဲ။ အသက် ၃၀ ဝန်းကျင်လောက် ကျနိုင် ပါတယ်။

မျဉ်းကြောင်းများစွာ ပါရှိခြင်း

မျဉ်းကြောင်းများစွာ ပါပါက ဆန့်ကျင်ဘက် လိင်၏ ချစ်ခြင်း မေတ္တာကို များစွာ ရရှိပါလိမ့်မယ်။ စန်းပွင့်သော လက္ခဏာ ပါ။ ဒါ့အပြင် အိမ်ထောင်ရေး မှာလည်း ကံကောင်းစေ ပါတယ်။

အရှည်ကြီး မျဉ်းကြောင်းတစ်ခုသာရှိခြင်း

ဒီလိုမျဉ်းကြောင်း တစ်ခုတည်းသာ ပိုင်ဆိုင် ထားရင်တော့ သစ္စာရှိသော အချစ်ကြီးသူ တစ်ယောက်ဖြစ် ပါတယ်။

တစ်ယောက်ဆို တစ်ယောက်သာ ချစ်တက်ပြီး သမီးရည်းစားဘဝကို အရှည်ကြီး ဖြတ်သန်း ရတက် ပါတယ်။ သင့်မင်္ဂလာဆောင်သော အခါလည်း ကောင်းချီများ ပေးသနားခံ ရတက် ပါတယ်။

ကြယ်ပုံစံ ဖြစ်ပေါ်ခြင်း

ကောင်းမွန်လက္ခဏာ ဖြစ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံကောင်းစေ ပါတယ်။ ပျော်ရွင်သော မိသားစု ဘဝကို ပိုင်ဆိုင်စေ ပါတယ်။

အပေါ်ထောင်နေသော မျဉ်းကြောင်း

သင့်စိတ်ကူးထဲမှာ ရှိနေသော လက်တွဲဖော်နှင့် လက်ထပ်ရပါမယ်။ ပျော်ရွင်သော အိမ်ထောင်ရေးဖြစ်စေ ပါ တယ် ။

အောက်ကျနေသော လမ်းကြောင်း

စိတ်ဖိစီးမှု့ ရှိပြီး ခဲယဉ်းစွာ လက်ထပ်စေနိုင် ပါတယ်။ သဘော မတူညီမှု့၊ ညှိနှိုင်းမှု့များပြုလုပ် ရတက် ပါတယ်။ သင့်ရဲ့ ခင်ပွန်း ၊ ဇနီးမယားကို တိုင်တိုင်ပင်ပင် ညှိနှိုင်းသင့် ပါတယ်။

Credit-မှတ်စု သီရိမေ (NMN)