မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ

မိန်းကလေးနဲ့ ယောကျာ်းလေး အဝတ်အစားဝတ်ရပုံကို စဉ်းစားကြည့် မိန်းကလေးက အမြဲတစ်ခုပိုဝတ်ရတယ်နော်။ အဲ့ဒိအရာကို မဝတ်ရင်လည်း စိတ်ကမလုံခြုံ ပတ်ဝန်းကျင်အမြင်မှာလည်း မတင့်တယ်။

ဝတ်ပြန်ရင်လည်း ချောင်နေရင် ကျ ဝတ်မကောင်း။ မိန်းကလေး အတွင်းခံ ဘရာစီယာ ဆိုတာ ကျပ်ကျပ်ဝတ်ရတာဆိုတဲ့ လူကြီးသူမတို့ရဲ့ ဆုံးမစကားကလည်းရှိနေပြန်တော့

အရှက်အကြောက်ကြီးတဲ့ တို့ မြန်မာ မိန်းကလေးတွေက ဘရာစီယာဆိုတာ ကျပ်ကျပ်ဝတ်ရတဲ့ အမျိုးဆိုပြီး အရိုးစွဲနေတတ်တယ်လေ။

ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်းကြွားချင်တယ်မလား။

မဝတ်ဘဲ နေပြန်ရင်လည်း ဟာလာဟင်းလင်းဖြစ်နေပြန်ရောလေ။ အဲတော့ မရှိလည်းမကောင်း ရှိလည်းမကောင်း ဆိုတဲ့ ဘရာစီယာကို ဘယ်လိုဝတ်သင့်သလဲ။ တင်းတင်းကျပ်ကျပ် ဝတ်တိုင်းကောင်းသလား။ ကြည့်ရအောင်။

၁ ။ ဘရာစီယာကျပ်ကျပ် နှင့် ရင်သားကင်ဆာ ။ဟားဗတ် တက္ကသိုလ်မှ လေ့လာထားသူများ၏ ပြောကြားချက်များအရ တင်းတင်းကျပ်ကျပ်ဝတ်ထားသော အတွင်းခံ ဘရာစီယာသည် ရင်သားကင်ဆာဖြစ်နိုင်ချေအား မြှင့်တက်စေနိုင်ပါတယ်။

ကျပ်ကျပ်ဝတ်လေ ရင်သားရှိ တစ်ရှူးများသို့ သွေးအသွားနည်းလေ ဖြစ်ပြီး တစ်ရှူးများလိုအပ်သည့် အောက်စီဂျင် ၊ အာဟာရများ မရနိုင်ခြင်း ၊

စွန့်ပစ်စရာလိုသော အရာများကို သွေးမှ သယ်မသွားနိုင်သောကြောင့် ရင်သားကင်ဆာအားဖြစ်စေနိုင်ပါတယ်။

ညဘက်အိပ်ရင်တောင် ဝတ်အိပ်တတ်သော မိန်းကလေးတွေ ပိုလို့တောင်ဖြစ်နိုင်သေးတယ်နော်။ အမျိုးသမီးများအတွက် ရင်သားကင်ဆာ ဆိုတာ

နံပါတ် (၁) သတိထားရမည့် ကင်ဆာရောဂါကြီးမဟုတ်လား။ရင်သားရှိသွေးကြောလေးတွေက အလွန်ပါးပြီးသေးငယ်လို့ ဘရာကျပ်ကျပ်ဝတ်လိုက်ရင် သွေးကြောလေးတွေ ပိပြီးပိတ်သွားနိုင်တယ်တဲ့။

ရင်သား တစ်ရှူးမှာ ရှိနေတဲ့ အဆိပ်အတောက်များ မလိုအပ်သော စွန့်ပစ်ပစ္စည်းများအား မစွန့်ထုတ်နိုင်ဘဲ ဖြစ်သွားပြီး ထို အရာများစုပုံကာ ရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။

လိုအပ်သော အောက်စီဂျင်လည်း လုံလောက်စွာမရနိုင်တော့သောကြောင့် တစ်ရှုးများပုပ်ကာ ကင်ဆာပိုဖြစ်စေနိုင်ပါတယ်။

ရင်သားကဲ့သို့ အဆီတစ်ရှူးများဖြင့် ဖွဲ့စည်းထားသောနေရာတွင် အများဆုံး ကပ်နေနိုင်သည့် Dioxin, benzene, အခြားသောကင်ဆာဖြစ်စေနိုင်သည့် ဓာတ်တိုးပစ္စည်းများရင်သားတွင် ပို၍ကပ်နေနိုင်တယ်။

ကင်ဆာဖြစ်မှာ ကြောက်၍ ကျန်းမာစွာနေထိုင်စားသောက် လေ့ကျင့်ခန်းများပြုလုပ်ရင်တောင် ညဘက်အိပ်လျှင် ဘရာစီယာ ကျပ်ကျပ်ဝတ်နေသေးရင် ရင်သားကင်ဆာအတွက် စိတ်မချရသေးဘူးတဲ့။

ဒါကြောငိ့ ရင်သားမှာ အလုံးပေါ်လာရင် ပေါ်လာသော အလုံးက ရွှေ့လို့မရရင်၊ အမေဘက်က မျိုးရိုးထဲတွင် ရင်သားကင်ဆာဖြစ်ဖူးသူများရှိနေရင် ဆရာဝန်ဆီ အပြေးကလေးသွားသင့်တယ်နော်။

၂ ။ သင်၏ ကျောကုန်းနှင့် လည်ပင်းရိုးများအတွက် ဘရာစီယာကျပ်ကျပ် သည်မကောင်းပေ။အမျိုးသမီးတော်တော်များများက ဘရာစီယာ၏ cup size က ရင်သားအား ထောက်ပံ့ထားသည်ဟုထင်ကြတယ်။

အမှန်က ကျောကုန်းနှင့် လည်ပင်းကြွက်သားများကသာ ထိန်းထားတာတဲ့။့ဒါကြောင့် ကိုယ်နှင့် သင့်တော်သော ဘရာစီယာ ကိုရွေးချယ်မဝတ်နိုင်ရင် အချိန်ကြာလာတာနဲ့ သင့်ကျောကုန်းနှင့် လည်ပင်းရှိကြွက်သားများ နာလာနိုင်ပါတယ်။

၃။ အသက်ရှူမဝခြင်းမိန်းကလေးတိုင်းသိနေသော ကိစ္စပင်။ ဘရာစီယာ ကျပ်ကျပ်ဝတ်ရင် အသက်ရှူလို့ မကောင်းဘူးလေနော့။ အသက်ရှူလို့မဝတော့ လိုတဲ့ အောက်ဆီဂျင် ကောင်းကောင်းမရ အဲတော့ ခေါင်းတွေမူးလာရော။

၄ ။ အစားကောင်းကောင်း မစားနိုင်ခြင်း။အစားစားရင်လည်း ကျပ်နေတော့ အစားကောင်းကောင်းမစားနိုင်။

ဘရာစီယာ ကျပ်ကျပ်ဝတ်ထားရင် ရင်ခေါင်းနဲ့ ဗိုက်ကိုခြားထားတဲ့ ကြွက်သားကိုဖိထားတော့ စားပြီးရင်လည်း အစာချေဖို့ခက်အခဲရှိနေတတ်တော့ ဗိုက်တင်းပြီး အောင့်နေပြန်ရောတဲ့။

၅ ။ အရေပြားပေါ်တွင် အရာများထင်ခြင်း။

ဘရာစီယာအရမ်းကျပ်ကျပ်ဝတ်ထားရင် ကြိူးများက အသားထဲနစ်ဝင်နေပြီး ပခုံးနှင့် ကျောကုန်းနေရာများတွင် အရာများထင်ကျန်ပြီး တခါတလေ နာနေတတ်တယ်လေနော်။

ယုံတမ်းတွေပြောတာက ဘရာစီယာ ကို ညဘက် အိပ်ချိန် ဝတ်ထားရင် ရင်သားလှအောင်လုပ်ပေးနိုင်တယ်တဲ့။ အဲဒါမှားနေတယ်နော်။

ဘရာစီယာကို တစ်နေ့ ၁၂ နာရီ ထက်ပိုဝတ်ရင်င်သားကင်ဆာဖြစ်နိုင်ချေပိုများတယ်တဲ့နော်။ အဲ့တော့ ဘရာစီယာ မဝတ်ဘဲ မအိပ်တတ်ရင်တောင် နောက်က ချိတ်လေးကို ဖြုတ်ပြီးတော့ အိပ်သင့်တယ်တဲ့။

ကဲကဲ ဘရာစီယာ ဆိုသည်မှာ မဝတ်ပြန်ရင်လည်း မတင့်တယ် ၊ လှနေအောင် တအားကျပ်ကျပ်ဝတ်ရင်လည်း မကောင်းပြန်ဘူးနော့်။

Credit