အချစ်ကိုက်ခံရ လို့ ကျန်ခဲ့တဲ့ အညို အမည်းကွက် တွေ အမြန်ကွယ်ပျောက်ဖို့ နည်းလမ်းများ

ချစ်သူ နဲ့ ချိန်းတွေ့ကြတဲ့အခါ အနည်းဆုံးတော့ အနည်းပွင့်လေးတွေ ခြွေကြမှာပါ။ ချစ်သူ ရဲ့ လည်တိုင်၊ ချစ်သူရဲ့ ပါးပြင်၊ ချစ်သူရဲ့ နှုတ်ခမ်းတွေဟာ အနမ်းပန်းတွေ ခြွေစိုက်ရာ မဟာပထဝီမြေကြီးတွေပါဘဲ။

ဒီတော့ အညိုကွက်ကြီးတွေ ထင်တတ်ပါတယ်။

အဲဒီမှာ တစ်ချို့ကကျတော့ ချစ်သူကို ခိုးကြောင်ခိုးဝှက် တွေ့ရတာမို့ ဒီအညိုကွက်ကြီးတွေဟာ ဟင်းခိုးစားတဲ့သူရဲ့ မျက်နှာ အိုးမည်းပေနေသလို ရိုက်မေးစရာမလိုပဲ ပေါ်တတ်ပါတယ်။

ဒီအညိုအမည်းကွက်ကြီးတွေ အမြန်ကွယ်ပျောက်ဖို့ Shwemom ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေခဲအုပ်ပေးပါ

အညိုအမည်းစွဲနေတဲ့ နေရာကို ရေခဲ၊ သို့မဟုတ် အအေးခံထားတဲ့ ငွေအကြွေစေ့၊ ဇွန်း၊ ပုဝါ စသည်တို့နဲ့ အကြိမ်နှစ်ဆယ်လောက် ကပ်ပေးပါ။

တစ်ခါကပ်တိုင်း စက္ကန့် 30 လောက် ကြာပါစေ၊ အမှန်က နှုတ်ခမ်းနဲ့ စုပ်လိုက်တဲ့ သွေးကြောတွေဖောင်းပွပြီး ဒဏ်ပေါ်တာ ဖြစ်ပါတယ်။

(၂) ရေနွေးနဲ့ ကြက်ထုပ်ထိုးပါ

ဒီနည်းက ရေခဲ မလွယ်ရင် သုံးနိုင်တဲ့ နည်းပါ။ ရေနွေးက အရမ်းကြီး ပူနေစရာ မလိုပါဘူး။ သန့်စင်တဲ့ ပုဝါ၊ တဘက် စတာကို ခဏစိမ်ပြီး၊ အညိုအမည်းစွဲနေတဲ့ နေရာမှာ ကပ်ပေးရတာ ဖြစ်ပါတယ်။

ဒီနည်းကတော့ နံပတ် 1 နည်းထက် ပိုထိရောက်ပြီး၊ ဘေးကင်းပါတယ်။ အကြောင်းကတော့ သွေးတည်နေတဲ့နေရာကို ရေခဲနဲ့ကပ်လိုက်ရင် သွေးခဲပြီး၊ သွေးလည်ပတ်မှုကို ကမောက်ကမ ဖြစ်နိုင်ပါတယ်။

(၃) လျှားစောင်းလက်ပတ်လိမ်းပေးပါ

နံပတ်(3)နည်းကလည်း လူတော်တော်များများ သုံးကြပါတယ်။ လျှားစောင်းလက်ပတ် လိမ်းပေးရင် နာရီအနည်းငယ်အတွင်းမှာတောင် ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။

(၄) ငှက်ပျောခွံကလည်း၊ အစွမ်းထက်ပါတယ်

ရတဲ့နည်းနဲ့ ပျောက်အောက်လုပ်ချင်ရင်တော့ ငှက်ပျောသီးရှိလည်း ဖြစ်ပါတယ်။ ငှက်ပျောခွံကို ယူပြီး အညိုအမည်းစွဲတဲ့နေရာကို ကပ်ထားလိုက်ပါက

အချိန်တိုအတွင်းမှာ ပျောက်ကင်းကြောင်း လက်တွေ့လုပ်ဖူးသူတွေက မျှဝေကြပါတယ်။

(၅) လည်ရှည်အကျႌကိုဝတ်ပေးပါ

အပြင်ကို ရုတ်တရက် ထွက်ဖို့ ဖြစ်လာခဲ့ရင် ခပ်တည်တည် လည်ပင်းအထိ ဖုန်းနို်င်တဲ့ လည်ရှည်အကျႌကို ဝတ်ဆင်သင့်ပါတယ်။

များသောအားဖြင့် အညို အမည်းစွဲတာက လည်ပင်းနေရာမှာ ဖြစ်လေ့ရှိလို့ပါ။ လည်ပင်းမှာမဟုတ်ဘဲ၊ တစ်ခြားနေရာမှာဆိုရင်တော့ လည်ရှည်အကျႌဝတ်ဖို့ မလိုအပ်ပါဘူး။

Credit: မဒီလေး