အသက် ( ၃၀ ) ကျော်မမတွေက ( ၂၀ ) ကျော်တွေထက် ပို ဆွဲဆောင်မှု ရှိနေရခြင်း အကြောင်းအရင်း ( ၇ ) ချက်..

ဒီနေ့ခေတ် အသက် ၃၀ ကျော် အမျိုးသမီး တွေဟာ ၂၀ ကျော် အရွယ် မိန်းကလေး တွေထက် ပိုပြီးလည်းလှ ပိုပြီးလည်းစမတ်ကျ ကြည့်ကောင်း နေကြတာကိုတွေ့ရပါတယ် ။

အထူးသဖြင့် အပေါ်ယံလှနေတာမျိုးပဲ မဟုတ်ဘဲ သူတို့ရဲ့ အပြုအမူ၊ အပြောအဆိုနဲ့ ခံယူချက် စတာတွေကလည်း လေးစားစရာ ကောင်းနေပြီး အဖက်ဖက်က ပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေတာမျိုးပါ။

အဲ့ဒီလိုမျိုး အဖက်ဖက်က ပြည့်စုံလှပတဲ့ အမျိုးသမီးလေးတွေဖြစ်နေတာဟာ ဒီအကြောင်းရင်းတွေကြောင့်ဖြစ်ပါတယ်နော် …… ။

(၁) အသက်ကြီးလာပြီလို့တွေးပြီး စိတ်ဖိစီးတာမျိုးမရှိဘူး ”

အသက် ၃၀ အရွယ်ကိုရောက်လာပြီဆိုတာနဲ့ ပတ်ဝန်းကျင်က အသက်ရလာပြီ၊ အိမ်ထောင်မပြုသေးဘူးလား၊ ကလေးမယူသေးဘူးလား စသဖြင့် မေးတတ်ကြပါတယ်။

ဒါပေမယ့် ဒီလိုသတ်မှတ်ချက်တွေကို ဂရုစိုက်မနေဘဲ အေးအေးဆေးဆေးလစ်လျူရှုနေနိုင်တဲ့အပြင် ကိုယ့်အတွက် အမှန်တကယ်သင့်တော်တဲ့အရာ ၊

ကိုယ့်ကို စိတ်ချမ်းသာစေတဲ့အရာကဘာလဲဆိုတာကို သေချာသိပြီးရွေးချယ်နိုင်တာကြောင့် အပူအပင်ကင်းကင်းနဲ့တက်ကြွလှပနေနိုင်တာပဲ ဖြစ်ပါတယ် …။

(၂) ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်ကဘာလဲ ကောင်းကောင်းသိတယ် ”

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာအနေအထား၊ ခန္ဓာကိုယ်အချိုးအစား မတူကြတာကြောင့် သူနဲ့လှနေတဲ့ ဖက်ရှင်က ကိုယ်နဲ့ လှချင်မှလှတာပါ။

ဒါကို ၃၀ ကျော်မတ်မတ်တွေက ကောင်းကောင်းနားလည်နေပြီး ကိုယ်နဲ့ ဘယ်လိုဖက်ရှင်နဲ့ လိုက်ဖက်တယ်၊

ဘယ်နေရာကို ဘာဝတ်သွားရင် သင့်တော်တယ်ဆိုတာကိုလည်း ကောင်းကောင်းကြီးသိနေတာကြောင့် ဘယ်အချိန်ကြည့်ကြည့် ဖက်ရှင်ကျ၊ ကြည့်ကောင်းနေတာမျိုးပါ …။

(၃) အရည်အသွေးကောင်းတာတွေရွေးချယ်တယ် ”

ဈေးပေါတဲ့ပစ္စည်းတွေ အများကြီးသုံးတာထက် အရည်အသွေးကောင်းတဲ့ အဝတ်အထည်၊ အိတ်၊ ဖိနပ် စတာတွေကို သုံးတာကြောင့် အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုးနဲ့ ကျက်သရေရှိတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားပါတယ် …။

(၄) ကိုယ့်ကိုယ်ကိုလေးစားတယ် ”

မရင့်ကျက်ခင် အချိန်ကလို ကိုယ့်ကို မချစ်တော့တဲ့ သူတစ်ယောက်ကို အောက်ကျနောက်ကျခံပြီး ဆွဲမထားတတ်တော့ဘူး၊ ကိုယ့်ကို မလိုလားတဲ့ပတ်ဝန်းကျင်မှာ တွယ်ကပ်နေတာမျိုးတွေမလုပ်တော့ဘူး၊

ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုလေးစားတတ်နေပြီး ကိုယ့်အထာလေးနဲ့ ကိုယ်နေတတ်လာတာကလည်း ၃၀ ကျော်မမတွေ ကြည့်ကောင်းနေရခြင်းထဲက အချက်တစ်ခုပဲ ဖြစ်ပါတယ် …။

(၅) မဝံ့မရဲပုံစံမျိုးမရှိဘူး ”

ဒီအချိန်မှာ သင်ယူတတ်မြောက်ထားတဲ့ ပညာတွေကလည်း မနည်းတော့ဘူး၊ အတွေ့အကြုံတွေကလည်း မနည်းတော့ဘူး ၊

ဒါကြောင့် အရင်ကလို မဝံ့မရဲပုံစံမျိုးတွေ မရှိတော့ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်၊ အဲ့ဒီလို ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိနေတဲ့ပုံစံကပဲ မတ်မတ်တွေကို ဆွဲဆောင်မှုပိုရှိစေတာပါ …။

(၆) ကိုယ့်အတွက်ထိခိုက်မယ့် အလေ့အကျင့်တွေကိုရှောင်တယ် ”

ဒီအသက်အရွယ်မှာ ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီ၊ နားလည်သင့်တာတွေကို သိနားလည်နေပြီဖြစ်တဲ့အတွက် ကိုယ့်အတွက် ထိခိုက်စေတဲ့ မိုက်ရူးရဲလုပ်ရပ်တွေ မလုပ်တော့ဘူး၊

စိတ်ညစ်စရာတွေထဲမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်မထားတော့ဘဲ ရုန်းထွက်တတ်လာပြီ၊ ကိုယ့်ကိုယ်ကို ပျော်အောင်ထားတတ်လာပြီမို့ စိတ်ညစ်၊စိတ်ဆင်းရဲနေတာမျိုးတွေ မရှိဘဲ ပေါ့ပါးလန်းဆန်းနေတာပါ …။

(၇) အရှိကိုအရှိအတိုင်းလက်ခံတတ်တယ် ”

အရင်ကတော့ ကိုယ့်ကိုယ်ကို မလှဘူးလို့ထင်တဲ့နေရာတွေကို အတင်းပြုပြင်ဖို့၊ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမယ့် အခုတော့ အဲ့ဒီလိုမဟုတ်တော့ဘဲ ကိုယ့်ရဲ့ ချို့ယွင်းချက်၊

အပြစ်အနာအဆာလို့ ထင်ရတဲ့အရာတွေကို အရှိအတိုင်းလက်ခံပြီးနေတတ်လာပြီ၊ အားသာချက်ကို များသထက်များအောင် လုပ်ပြီး အားနည်းချက်တွေကို လက်ခံတတ်လာပြီ၊

ဒီအချက်ကပဲ အသက် ၃၀ ကျော် မမတွေကို ပိုပြီးရင့်ကျက်လှပတဲ့ အမျိုးသမီးလေးတွေဖြစ်နေစေတာပါပဲနော် …။ ။

Credit:MTZH