ရှားစောင်းလတ်ပတ်နဲ့ မျက်ကွင်းညိုတာကို သက်သာစေမယ့် အသားအရေ ထိန်းသိမ်းနည်း

ရှားစောင်းလတ်ပတ်နဲ့ မျက်ကွင်းညိုတာကို သက်သာစေမယ့် အသားအရေ ထိန်းသိမ်းနည်း

ကိုယ့်အိမ်မှာ ရှိတဲ့ သဘာဝ ပစ္စည်းတွေနဲ့ပဲ မျက်ကွင်းညိုတာ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

မျက်ကွင်းညိုတာက ပျိုမေအများစုအတွက် စိတ်အနှောင့်အယှက်ပေးတဲ့ အရာတစ်ခု ဖြစ်နေတတ်ပါတယ်။ အိမ်ရေးပျက်တာ၊ အလုပ်ပင်ပန်းတာနဲ့ မျက်ကွင်းညိုလာတတ်ပါတယ်။

မျက်ကွင်းညိုတာ သက်သာဖို့ Skin Care ပစ္စည်းမျိုးစုံကိုလည်း ဈေးကွက်ထဲ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

သင်က Skin Care မသုံးဘဲ ရှားစောင်းလတ်ပတ်နဲ့ပဲ မျက်ကွင်းညိုတာ သက်သာချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။

လိုအပ်တဲ့ပစ္စည်းကတော့-

ရှားစောင်းလတ်ပတ်

ရှားစောင်းလတ်ပတ်က မျက်လုံးအောက်ကို အစိုဓာတ်ပေးပြီး မျက်ကွင်းညိုတာ သက်သာစေပါတယ်။

ကော်ဖီမှုန့်

ကော်ဖီမှုန့် ကို Skin Care တော်တော်များများမှာ တွေ့ဖူးမှာပါ။ ကော်ဖီမှုန့်မှာ အက်တီအောက်ဆီးဒင့် ကြွယ်ဝပြီး မျက်ကွင်းညို သက်သာစေပါတယ်။

ရှားစောင်းလတ်ပတ်နဲ့ ကော်ဖီမှုန့်ကို ရောမွှေပေးရပါမယ်။ ပြီးနောက် မျက်ကွင်းညိုတဲ့အပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် ၁၅ မိနစ် ထားပေးရပါမယ်။

ဒီနည်းလမ်းကို မျက်ကွင်းညိုသက်သာဖို့ တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

Credit







ရှားစောင်းလတ်ပတ်


ကော်ဖီမှုန့်




Credit